(၂၀၂ဝ) ပြည့်နှစ် စက်တင်ဘာ (၂၉) ရက်နေ့ဟာ ကမ္ဘာ့နှလုံးနေ့ (World Heart Day) နေ့ပါ။ ယခုနှစ် World Heart Day ရဲ့ ဆောင်ပုဒ်ကတော့ “Use heart to beat Cardiovascular Disease” ဖြစ်ပါတယ်။
ဒီနေ့လေးကိုတော့ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအင်္ဂါတစ်ခုဖြစ်တဲ့ နှလုံးကို ဂရုပြုထိန်းသိမ်းကြဖို့ နှလုံးရောဂါ၊ သွေးတိုးနဲ့ လေဖြတ်ခြင်းတို့ကို လူသားများအသိ သတိရှိရှိ နိုးကြားစွာ ကာကွယ်နိုင်ကြစေဖို့ နှိုးဆော်တဲ့အနေနဲ့ ဒီလိုနေ့တစ်နေ့သတ်မှတ်ပြီး ကျင်းပကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့နှလုံးကျန်းမာရေးအဖွဲ့ (The World Heart Federation) ရဲ့ လေ့လာမှုများအရ နှလုံးရောဂါများနဲ့ လေဖြတ်ခြင်းတို့ ဟာ ကမ္ဘာ့နံပါတ် (၁) လူသေနှုန်းအများဆုံး ရောဂါများ ဖြစ်ကြပြီး တစ်နှစ်လျှင် လူပေါင်း ၁၈ သန်းခန့် သေဆုံးနေရ ကြောင်း သိရပါတယ်။
COVID-19 ရောဂါဖြစ်ပွားတဲ့အခါ အဆုတ်ကို ထိခိုက်ပျက်စီးမှုတွေ ရှိစေပြီး အဆုတ် အတွင်း အတွင်းဖိအား များလာတာတွေ ဖြစ်တတ်ပါတယ်။ အဲ့လို ဖြစ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကြောင့် နှလုံးကြွက်သား ရောင်ရမ်းခြင်း (myocarditis) ဖြစ်လာ နိုင်ပါတယ်။ နှလုံးမကောင်းတဲ့သူများ အနေနဲ့ COVID-19 ကြောင့် ပိုမိုထိခိုက်နိုင်ခြေ ရှိနိုင်တာကိုတော့ သတိပြု ရပါမယ်။
ဒီလိုဖြစ်ပွားနေရတာက စားသောက်နေထိုင်မှု ပုံစံများကြောင့် အများစုဖြစ်ပွားနေတာ ဖြစ်ပါတယ်။ နလုံးရောဂါက အဓိကအားဖြင့်
ကိုယ်ရဲ့ နှလုံး ကျန်းမာရေး အတွက် တစ်နေ့ကို အနည်းဆုံးခြေလှမ်းတစ်သောင်း လျှောက်ပေးသင့်ပါတယ်။ ကျန်းမာစေကြောင်း ခြေလှမ်းတစ်သောင်း ဆိုတဲ့စကားအတိုင်း ကိုယ့်ရဲ့နှလုံးကျန်းမာရေး အတွက် လမ်းလျှောက်ကြဖို့ ပြောချင်ပါတယ်။ လမ်းလျှောက်သွားလို့ရတဲ့ ခရီးကို လမ်းပဲလျှောက်ပါ။ လှေကား တက်နိုင်သလောက် တက်ပါ။ အသက်ကြီးသူများလည်း ကိုယ်တတ်နိုင် သလောက် သွားလာလှုပ်ရှားပါ။