Health & Wellness Live-Style Mandalay Trend

COVID-19 ရောဂါပိုးက မျက်နှာပြင်အမျိုးမျိုးမှာ (၂၈) ရက်ကြာအောင် ရှင်သန်နိုင်ကြောင်းတွေ့ရှိ

Read 462 times

COVID-19 ဗိုင်းရပ်စ်ဟာ ရောဂါပိုးကူးစက်မှုဖြစ်ပြီး၊ လေ့လာမှုတွေအရ အရင့်အရင်က တွေးထင်ထားတာထက် အချိန်ပိုကြာကြာ အသက်ရှင်နိုင်တာကို လေ့လာတွေ့ရှိချက်တွေ အရ သိရှိရပါတယ်။ 

ဗိုင်းရပ်စ်တွေဟာ များသောအားဖြင့် အေးမြစွတ်ဆိုသော အခြေအနေထက် ပိုပူတဲ့အပူချိန်လို နေရာမျိုးမှာ ပိုပြီးအသက်ရှင်ချိန် တိုတောင်းတာကိုလည်း နိုင်ငံတကာ သုတေသီတွေက တွေ့ရှိခဲ့ပါသေးတယ်။ များသောအားဖြင့် (၂၄) နာရီအတွင်းမှာ အပူချိန်က (၄၀) ဒီဂရီဆဲလ်စီးရပ်စ်ရှိတဲ့ မျက်နှာပြင်မျိုးတွေမှာ ဆိုရင်တော့ ဗိုင်းရပ်စ်ကူးစက်နိုင်မှု ရပ်တန့်ကြောင်းလည်း ပြောပါတယ်။ 

ကိုဗစ်ရောဂါပိုးကို ဓာတ်ခွဲခန်းမှာ လေ့လာခဲ့ရာမှာတော့ အောက်ပါ မျက်နှာပြင်နွေမှာ ဆိုရင် အချိန်အားဖြင့် (၂၈) ရက်အထိ အသက်ရှင်နိုင်ကြောင်း ဩစတြေးလျအမျိုးသား သိပ္ပံအေဂျင်စီက ရှာဖွေတွေ့ရှိထားပါတယ်။ ယင်းမျက်နှာပြင်တွေကတော့…

  • မှန်ပြင်၊ 
  • စတီးလ်၊ 
  • ဘဏ်စာအုပ်၊ 
  • စာရွက်နဲ့ အခြားပစ္စည်းပစ္စည်း အချို့ရဲ့ မျက်နှာပြင်တွေမှာ အပူချိန် (၂၀) ဒီဂရီဆဲလ်စီးရပ်စ် အခြေအနေမှာ (၂၈)ရက်ထိ အသက်ရှင်သန်နိုင်ကြောင်း သိရှိရတယ်။ 

ဗိုင်းရပ်စ်တွေက များသောအားဖြင့် ချောင်းဆိုးလိုက် နှာချေလိုက်တဲ့ အခါမှာ တံတွေးနဲ့ ချွဲသလိပ် တွေကနေမှ တဆင့် မျက်နှာပြင်တွေပေါ်ကို ပျံ့နှံ့သွားပြီး လက်ညစ်ပတ်တွေကြောင့်လည်း ပျံ့နှံ့မှုတွေကို ဖြစ်စေပါတယ်လို့ နိုင်ငံတကာ ပြောကြားထားပါသေးတယ်။ 

သူတို့ရဲ့သက်သေပြချက်အရ ဗိုင်းရပ်စ်ဟာ လေထုထဲမှာ (၃) နာရီ ကျော်ကြာအောင် ရှင်သန်နေနိုင်တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ပလတ်စတစ်နဲ့ စတီးလ်တွေလို မျက်နှာပြင်ပေါ်မှာ (၂) ရက်နေ့က (၃) ရက်ကြာသည်ထိ အသက်ရှင်နိုင်ကြောင်းလည်း ဓာတ်ခွဲခန်းမှာ အထူးလေ့လာမှုတွေအရ တွေ့ရှိခဲ့ရပါတယ်။

တစ်ချို့ လေ့လာချက်တွေထဲက ရလဒ်တွေက လူထုထဲမှာ မလိုအပ်တဲ့ ကြောက်ရွံ့မှုတွေကိုလည်း ဖြစ်စေကြောင်း ကားဒစ်ဖ်တက္ကသိုလ်ကနေ ပြာကြားထားတာလဲ ရှိပါသေးတယ်။ 

သို့သော်ငြားလည်း တစ်ချို့ကူးစက်ခံရသူတွေဟာ အသက်ရှူရင်း လေထဲကနေမှ ကူးစက်တာလား သို့မဟုတ် ညစ်ပေနေသော မျက်နှာပြင်များကို ကိုင်တွယ်ထိတွေ့မိရင်းက ကူးတာလားဆိုတာကိုတော့ သက်သေမပြနိုင်သေးကြောင်း သုတေသီတွေက မှတ်ချက်ပြုထားပါတယ်။ 

Ref:  CCTV
 

 

Bookmark