By Thant
COVID-19 ကပ်ရောဂါကြောင့် စိတ်ဖိစီးမှု လျော့ကျစေရန်နှင့် စိတ်ဓာတ်ရေးရာ မြင့်တက်စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ တယ်လီဖုန်းဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ကူညီပေးရာတွင် ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြင့် ဖြေရှင်းနိုင်စေရန် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ တွေ့ကြုံရသည့် အခြေအနေများနှင့် အခက်အခဲများကို ကျော်လွှားနိုင်ရန် နှစ်သိမ့်အားပေး ပံ့ပိုးမှုပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
COVID-19 ကပ်ရောဂါ ပြည်တွင်းပျံ့နှံ့ ကူးစက်လာခြင်းမှ ကာကွယ်ရန်
ထို့ကြောင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးခြင်းကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များမှ အထူးလေ့ကျင့် ပေးထားသော လူမှုဝန်ထမ်းဦးစီး ဌာနမှ ဝန်ထမ်းများက နေ့စဉ်နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီခွဲ အထိ ဝန်ဆောင်မှု ပေးလျက်ရှိပြီး ဝန်ဆောင်မှု ရယူသူများ၏ သတင်းအချက်အလက် မပေါက်ကြားရေးကိုလည်း အထူးအလေးထား ကာကွယ်ပေးသွားမည် ဖြစ်ပါသည်။
အခြား လူမှုရေးနည်းလမ်းဖြင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်ပါက ဆက်လက်၍ တခြားဌန (သို့) အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။ ဝန်ဆောင်မှုရယူမှုသည် အခမဲ့ဖြစ်ပြီး ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
Source: MRTV