မန္တလေးမြို့တွင် စိုက်ပျိုးထားသော ဂန္ဓမာပန်းမျိုးများစွာရှိပြီး ယင်းစိုက်ခင်းများမှ စန်းဘား၊ ကြွေဖြူနှင့် လက်ကီးမျိုးများကို အများစုစိုက်ပျိုးကြပြီး လက်ရှိကာလ မန္တလေးမြို့အနီးရှိ ဂန္ဓမာပန်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း၍ တောင်သူများ အကျိုးအမြတ်များ ရရှိနေသည်။
တောင်သူများသည် များသောအားဖြင့် ဂန္ဓမာပန်းပျိုးပင်များကို ပြင်ဦးလွင် မှ ဝယ်ယူကြရပြီး ပန်းပျိုးပင်တစ်ပင်လျှင် ငွေ (၅) ကျပ်မှ (၆) ကျပ် အထိ ပေးရသည်။ လက်ရှိကာလ ပန်းပေါင် တစ်ပေါင်လျှင် အပင်အရေ အတွက် (၁,၂၀၀) ဝင်ဆံ့သည့် ပမာဏ အတိုင်းအတာဖြင့် စိုက်ပျိုးကြသည်။
ဂန္ဓမာပန်းမျိုးများစွာ ရှိတဲ့အနက် မန္တလေးမြို့အနီးမှ စိုက်ခင်းများမှ စန်းဘား၊ ကြွေဖြူနှင့် လက်ကီးမျိုးများကို အများစုစိုက်ပျိုးကြသည်။ လက်ရှိကာလတွင် ဂန္ဓမာပန်းဈေးကွက်မှာ ပန်းပင်နှစ်ပင်စည်း တစ်စည်း လျှင် ငွေကျပ် ၅၀၀ ဖြင့် ရောင်းချရသည်။
ဂန္ဓမာပန်းစိုက်ပျိုးခြင်း လုပ်ငန်းသည် ဂရုတစိုက်ဖြင့် စနစ်တကျ စိုက်ပျိုးရသော လုပ်ငန်းဖြစ်သောကြောင့် အောက်ပါအကြောင်းအရာများကို ဂရုပြု၍ စိုက်ပျိုးရသည်။ ၎င်းတို့မှာ…
မြေတစ်ဧကလျှင် ပန်းပေါင် (၁၀၀) အထိ စိုက်ပျိုးနိုင်ပြီး တစ်ဧက စိုက်ပျိုးမည်ဆိုပါက ပန်းပေါင်များကို ရက်ခြားကာ စိုက်ပျိုးလေ့ ရှိသည်။
ဈေးကွက်ကောင်းမွန်ပါက တစ်ဧကလျှင် ငွေကျပ်သိန်း (၃၀) မှ သိန်း (၅၀) အထိရရှိပြီး ဈေးကွက် ကောင်းခြင်း မကောင်းခြင်းပေါ်မူတည်ကာ အကျိုးအမြတ် အနည်း အများ ကွာခြားသွားတတ်ကြောင်း သိရသည်။
Ref: The Mirror Daily