အောက်တိုဘာလ (၁၃) ရက်နေ့ ယနေ့မြန်မာစံတော်ချိန် (၆:၃၀) နာရီအချိန်တွင် တိုင်းတာထားသော တိုင်းတာချက်များ အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဖြစ်ပါသည်။
ထို့အပြင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း နှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း လျက်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော သတင်းများအမ ယနေ့ညနေအထိ ရန်ကုန်တိုင်းဒသကြီးတွင် နေရာကြဲကြဲမိုးထစ်ချုံးရွာမှာ ဖြစ်ပြီး မန္တလေတိုင်းဒသကြီးတွင်တော့ နေရာကွက်ကြား မိုးထစ်ချုံးရွာနိုင်ပါသည်။ ထို့အပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးအနည်ငယ်ရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။
ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅) မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ (၈)ပေမှ (၁၁)ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်း နိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ပါသည်။