မန္တလေးတိုင်း အတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ် ရွှေနဒီပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ဝါးအဆင့်မြင့်ကုန်ချော (၅) မျိုးကို ထုတ်လုပ်ရောင်းချလျက် ရှိနေကြောင်း သိရှိရသည်။
ရွှေနဒီပရဟိတ ဘုန်းတော်ကြီးကျောင်း၏ ဆရာတော် ဘဒ္ဒန္တယုဇန၏ အစီအစဉ်ဖြင့် သဘာဝ ပတ်ဝန်းကျင် အထောက်အကူဖြစ်စေရန်အတွက် ဝါးစိုက်ပျိုး ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိသည့် အပြင် ဝါးအဆင့်မြင့်ကုန်ချော ထုတ်လုပ်ခြင်းများပါ ပြုလုပ် နေခြင်းဖြစ်ပါသည်။
ဆရာတော် အနေဖြင့် မြန်မာထုတ်ကုန် တစ်မျိုးဖြစ်သော ဝါးကို နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွတ်၍ နိုင်ငံတကာတွင် တင်ပို့ရောင်းချကာ နိုင်ငံအတွက် တစ်ဒေါင့်တနေရာမှ ကူညီထောက်ပံ့ပေးရန် ယခုကဲ့သို့ ပြုလုပ်ရောင်းချ နေခြင်း ဖြစ်ပေသည်။
ဝါးများကို အဆင့်မြင့်ကုန်ချောများ ထုတ်လုပ်နိုင်စေရန်အတွက် နည်းပညာလေ့လာပြီး အမြဲတမ်းလုပ်သား (၉) ဦးဖြင့် ဝါးများကို ပေါင်းတင်ခြင်း၊ ပိုးသတ်ခြင်းများ ပြုလုပ်ကာ ဝါးအဆင့်မြင့် ထုတ်ကုန်များဖြစ်သည့်...
ရွှေနဒီကျောင်းဆရာတော်သည် တစ်နိုင်ငံလုံးတွင် ပေါက်ရောက်သည့် ဝါးမျိုးများကို တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာနိုင်စေရန်အတွက် ခြောက်ဧက ကျယ်ဝန်းသည့် Bamboo Garden တစ်ခုကိုလည်း ပြုလုပ်ပေးထားသည်။
၎င်းဥယာဉ်ကို အဆိုပါကျောင်း အနီးမှာပင် (၂၀၁၉) ခုနှစ်မှ စတင် အကောင်အထည်ဖော်ခဲ့ကြောင်း သိရပြီး ကျောင်းဝန်းအတွင်းမှာလည်း ယခုအထိ ဝါးအမျိုးအစား ၁၀ မျိုးခန့် စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရ သည်။
Ref: The Mirror