Food and Drink Health & Wellness

ပန်းသီးတစ်လုံးက ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

Read 762 times

တစ်နေ့ကို ပန်းသီးတစ်လုံး စားပေးမယ် ဆိုရင် တော်ရုံ ဆေးခန်းပြစရာမလိုဘဲ နေနိုင်တယ်လို့ ဆရာဝန် တော်တော်များများက ပြောကြားထားပါတယ်။
 
သုသေသန ပညာရှင်တွေရဲ့ ပြောကြားချက်တွေ အရ ပန်းသီးအခွံသည်  ကင်ဆာဆဲလ် များကို ဟန့်တားနိုင်ခြင်း၊ ဒါမှမဟုတ် ဆဲလ်များကို သေဆုံးစေနိုင်ခြင်း စတဲ့ အစွမ်းသတ္တိတွေ ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ ကြပါတယ်။  ဒါ့အပြင် ပန်းသီးစားတာက အောက်ပါရောဂါ ဖြစ်ပွားခြင်းကို လျော့နည်းစေနိုင်ပါတယ်။

ရင်သား ကင်ဆာ(Breast Cancer)၊ 
အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် ကင်ဆာများ (Digestive tract Cancers) အပြင် 
အူမကြီးကင်ဆာ(Colorectal Cancer) များပဲ ဖြစ်ပါတယ်။ 
 
ပန်းသီးတွင်ပါဝင်တဲ့ ဓာတ်က တခြား ကာဗိုဟိုက်ဒရိတ်ဓာတ်များတဲ့ အစားအသောက်တွေနဲ့ ယှဉ်ရင် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်မှာ ဖြစ်တတ်တဲ့ ရုတ်တရက် သွေးတွင်းအချိုဓာတ် မြင့်မားတာတွေကို မဖြစ်စေပါဘူး။ 
 
ပန်းသီးတစ်လုံးက အများဆုံး ကယ်လိုရီ  (၁၀၀)  ခန့်သာ ပါဝင်တာ ဖြစ်ပြီဂ အမျှင်ဓာတ်(Fibre) မြင့်မားစွာ ပါဝင်တဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ အကယ်၍ ခန္ဓာ ကိုယ်အတွင်းကို ကယ်လိုရီများသည့် အစားအသောက်များ မဝင်ရောက်စေချင်ဘူးဆိုရင် ပန်းသီးကို တစ်နေ့တစ်လုံး စားသုံးပေးဖို့လိုပါတယ်။

ပန်းသီးက သူ့ရဲ့ အတွင်းသားမှာ သာမက  ပန်းသီးအခွံ(peel)တွင်ပါ  ပါဝင်နေရာ  အခွံနှင့်  အတွင်းသား နှစ်မျိုးစလုံး စားသုံးပေးပါက အကျိုးကျေးဇူးများတာကို တွေ့ရမှာပါ။ ဒါ့အပြင် ပန်းသီးကို စားသုံးခြင်းသည် ကိုလက်စထရောကို လျော့နည်း စေပါတယ်။ 
 
ပန်းသီးစားသုံးခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးတွေက များလွန်းတာကြောင့် ပန်းသီးကို "Miracle Fruit " လို့ကို တင်စားရေးသားကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပန်းသီးကို အလွယ်တကူ ဝယ်ယူစားသုံးနိုင်တာမို့ ပန်းသီးစားသုံးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး များကို ခံစားရရှိနိုင်ဖို့ ပြောပြပေးလိုက်ပါတယ်။ 
 
Ref: Reader's Digest :
 

 

Bookmark