တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဆေးလိပ်သောက်တဲ့သူတွေ အနေနဲ့ COVID-19 ကူးစက်ခံရလို့ ဆေးရုံ တက်ရပြီ ဆိုတဲ့အခါမှ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် ပိုပြီး ရောဂါလက္ခဏာ ပြင်းထန်စွာ ခံစားရတဲ့အပြင် သေဆုံးမှု လည်းပိုများတယ်လို့ သိရှိရပါတယ်။
ကမ္ဘာ့ကပ်ရောဂါ တစ်ခုဖြစ်တဲ့ COVID-19 ကူးစက်ရောဂါ ပြန့်ပွားနေတဲ့ အခုလိုအချိန်က ဆေးလိပ်သောက်တဲ့သူတွေက တခြား ဆေးလိပ်သောက်သုံးသူများနဲ့ ယှဉ်ရင် ပိုပြီး စိုးရိမ်စရာ အချိန်တစ်ခု ဖြစ်နေပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ နေ့စဉ်နေထိုင်စားသောက် မှုပုံစံရှိသူတွေနဲ့ ကျန်းမာကြံ့ခိုင်အောင်နေထိုင်တတ်တဲ့ အလေ့အကျင့် မရှိသူတဲ့သူတွေလည်း ရောဂါကူးစက်မှုဒဏ်ကို ခံနိုင်ရည်မရှိတဲ့ သူတွေ ဖြစ်လာပါတယ်။
COVID-19 ရောဂါ ကူးဆက်မှုတွေ မဖြစ်သေးခင်က ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတဲ့သူက တစ်ကမ္ဘာလုံးတွင် (၁၀) ရာခိုင်နှုန်းလောက်သာ ရှိခဲ့ပြီး ဧပြီလ အရောက်မှာတော့ (၂၉) ရာခိုင်နှုန်းလောက်အထိ ဖြစ်လာတာကို တွေ့ရပါ တယ်။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတဲ့သူ အရေအတွက်ဟာ COVID-19 ရောဂါဖြစ်ပွားပြီး နောက်ပိုင်းမှာ သုံးဆလောက်အထိ သိသိသာသာ တိုးလာခဲ့တာပါ။
ဆေးလိပ်ဖြတ်ချင်တဲ့သူ အရေအတွက်ဟာ နောက်ပိုင်းမှာ (၇၇) ရာခိုင်နှုန်းနဲ့ အထက် တိုးပွားလာနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံတကာက လေ့လာသူတွေရဲ ပြောကြားချက်တွေ အရသိရှိရပါတယ်။ ကျန်တဲ့ (၅၁) ရာခိုင်နှုန်းကတော့ လူကိုယ်တိုင် နှစ်သိမ့်ဆွေးနွေး အကြံပေးမှု ခံယူလိုကြတာကို တွေ့ရပါတယ်။
ဒါကြောင့် COVID-19 ကပ်ရောဂါက ဝင်ရောက်လာချိန်မှာ ရောဂါဒဏ်ကို ပိုပြီး ထိခိုက်ခံစားရတာကို မဖြစ်စေဖို့ ဆေးလိပ်သောက်သူတွေ အနေနဲ့ ဆေးလိပ် မြန်မြန်ဖြတ်နိုင်ဖို့ တတ်နိုင်သမျှ တွန်းအားပေးဖို့နဲ့ အကူအညီ တွေပေးဖို့ လိုအပ်နေကြောင်း တိုက်တွန်း ပြောကြားလိုပါတယ်။
Ref: Channel NewsAsia