မန္တလေးကုန်စည်ဒိုင်ကို COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် စက်တင်ဘာလ (၂၁) ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့ရာ လက်ရှိမန္တလေး ပဲဈေးကွက်ကို အွန်လိုင်းစနစ်ဖြင့် အရောင်းဝယ် ပြုလုပ်နေကြကြောင်း သိရသည်။
မန္တလေးမြို့တွင်းတွင်း ရောဂါပြန့်ပွားနေမှုမှ ကာကွယ်ရန် စက်တင်ဘာလ (၂၁) ရက်နေ့ကတည်းက မန္တလေး ကုန်စည်ဒိုင်အား ယာယီပိတ်ပင်ခဲ့သည်။ ထို့အပြင် အခုရက်ပိုင်းမှာ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံ မြို့နယ် နဲ့ အမရပူရမြို့နယ်တွေမှာ Stay At Home အနေနဲ့ သတ်မှတ်လိုက်ပြီးနော့က် ပဲအရောင်းအဝယ်များ တုန့်ဆိုင်းသွားခဲ့သည်။
အရောင်းဝယ်သမားများ အနေဖြင့်လည်း အဆင်ပြေမယ့် နည်းလမ်းအား ဝိုင်းဝန်းတိုင်ပင် ခဲ့ကြရာ အွန်လိုင်းမှ တစ်ဆင့် တခြားအစားအသောက်များ စတင်ရောင်းဝယ်မှုတွေ စက်တင်ဘာလ အတွင်းမှာပဲ စတင်ရောင်းချ နေကြပြီ ဖြစ်ပါသည်။
ထိုကဲ့သို့ ပြောင်းလဲ ရောင်းချခဲ့သော စနစ်များကြောင့် မတ်ပဲ မှစ၍ အခြားသီးနှံတွေရဲ့ အရောင်းအဝယ်မှာလည်း (၆၀) မှ (၇၀) ရာခိုင်နှုန်းလောက်အထိ ပြန်လည်ပြီး သက်ဝင်လှုပ်ရှားလာတာ တွေ့ရပြီး အခုလို အွန်လိုင်းစနစ်ဖြင့် ရောင်းသူနဲ့ဝယ်သူ အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြီးတော့ ရောင်းကြဝယ်ကြတဲ့ အတွက်ကြောင့် အထိုက်အလျောက်တော့ အဆင်ပြေမှု ရှိနေပြီ ဖြစ်ကြောင်း ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်မှ ပြောကြားထားသည်။
အွန်လိုင်းမှ ပဲမျိုးစုံကို အရောင်းအဝယ်ပြုလုပ်ခြင်းသည် မျက်နှာချင်းဆိုင် အရောင်းဝယ်ပြုလုပ်ရသကဲ့သို့ အားရမှုမရှိသော်လည်း လူချင်းတွေ့ဆုံခြင်း မပြုလုပ်ရသောကြောင့် COVID-19 ရောဂါကူးစက်မှုမှ အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်စေပါသည်။
ဒီ့အပြင် အွန်လိုင်းမှ အရောင်းအဝယ်ပြုလုပ်ရခြင်းသည် အထိုက်အလျောက်အဆင်ပြေကြောင်း၊ Online စနစ်ရောင်းဝယ်မှုဆိုသည်မှာ မန္တလေးကုန်စည်ဒိုင်အသင်းသားများပါဝင်သော Viber Groupဖြစ်ပြီး ထိုGroupမှ ပစ္စည်းနမူနာပြခြင်း၊ ဈေးညှိနှိုင်းခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ကြကြောင်း သိရသည်။
Ref: commerce.mm.gov