မန္တလေးတိုင်း လျှက်စစ်ဓာတ်အားပေး ကော်ပိုရေးမှ ဓာတ်အားခပေးဆောင်ထားသော ပြေစာအဟောင်းတစ်စောင်တို့ကို နေအိမ်တွင်နေထိုင်သူများမှ Viber မှတစ်ဆင့် လစဉ်(၁)ရက်နေ့မှ (၅)ရက်နေ့အတွင်း ဓာတ်ပုံရိုက် ပေးပို့နိုင်ကြောင်း မေလလယ်လောက်က ကြေညာခဲ့သည်။
မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးမှ မီတာဖတ်စာရေးများအား COVID-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် နေအိမ်များတွင် တပ်ဆင်ထားသော မီတာပုံးရှိ ယူနစ်များနှင့် ဓာတ်အားခ ပေးဆောင်ထားသော ပြေစာအဟောင်းတစ်စောင်တို့ကို နေအိမ်တွင်နေထိုင်သူများမှ Viber မှတစ်ဆင့် ပို့ဆောင်ပေးရန် ကြေညာခဲ့ခြင်း ဖြစ်သည်။
မန္တလေးခရိုင်အတွင်း နေအိမ်တွင်နေထိုင်ရေး (Stay at home) သတ်မှတ်လိုက်သော မြို့နယ်များ ရှိလာသည့်အတွက် မီတာသုံးစွဲမှုယူနစ်များအား ဓာတ်ပုံရိုက်ပေးပို့ပေးသူ ပိုမိုများပြားလာကြောင်း မန္တလေး လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းမှ ပြောကြားထားသည်။
ထို့အပြင် ဓာတ်အားသုံးစွဲသူပြည်သူများ အဆင်ပြေမှုရှိစေရေးအတွက် ဓာတ်အားသုံးစွဲခ ပေးသွင်းရက်များကိုလည်း တိုးမြှင့်သတ်မှတ်ပေးထားပြီး အွန်လိုင်းမှ တစ်ဆင့် ငွေပေးချေခြင်း (Online billing) စနစ်ဖြင့် ပေးဆောင်းလျင်ပဲ ဖြစ်ဖြစ်၊ ရုံးသို့ လာရောက်ပေးသွင်းမှု ဖြင့်ဖြစ်စေ၊ မြို့နယ်အလိုက် ဓာတ်အားခ လှည့်လည်ကောက်ခံပေးသော ကားများသို့ သွားရောက်ပေးသွင်းခြင်း ဖြင့်လည်းကောင်း ပေးဆောင်နိုင်ကြောင်း သိရသည်။