မန္တလေးတိုင်းဒေသကြီးတွင် အောက်တိုဘာ (၂၂) မှ စတင်ကာ မန္တလေးခရိုင် အတွင်းမှ COVID-19 ပိုးတွေ့လူနာများနှင့် ထိတွေ့သူ များပြားလာခြင်းကြောင့် ထိတွေ့သူများ ထားရှိနိုင်ရန် Quarantine Center တိုးချဲ့ပြင်ဆင်မှု ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ Quarantine Center အသစ်အား ပညာရေးဒီဂရီကောလိပ် (မန္တလေး) ဝင်းအတွင်းရှိ အဆောင်သစ်ကို အသုံးပြုရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိနေပြီး ၎င်း Quarantine Center အသစ်တွင် အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်မိသူများအား ထားရှိမည် ဖြစ်ပါသည်။
အမျိုးသား (၈၀)၊ အမျိုးသမီး (၈၀) စုစုပေါင်း ခုတင် (၁၆၀) ပြင်ဆင်ထားကြောင်း၊ နေရာအနေအထား အခန်းပြင်ဆင်မှုများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ရေချိုးခန်း သန့်စင်ခန်း အသုံးပြုမှုများ အစရှိသည့် ပြင်ဆင်မှုများကိုပါ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် PPE ဝတ်စုံများ၊ Volunteer ဝန်ထမ်းများ စီစဉ်ပေးထားသလို တစ်ကိုယ်ရည် သုံးပစ္စည်းများလည်း ပြင်ဆင်ထားရှိပေးကြောင်း ၊ ယနေ့ညနေပိုင်းမှ စတင် ထားရှိနိုင်မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
COVID-19 ပြန့်ပွားမှုများ များပြားလာသောကြောင့် နိုင်ငံတော် အစိုးရ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သတိပေးချက်များ၊ အမိန်စာများ ထုတ်ပြန်ခြင်း အပြင် အသွားအလာ ကန့်သတ် နယ်မြေများမှ အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းများ ကိုလည်း ဆောင်ရွတ်ပေးနေတာကို တွေ့နိုင်မှာ ဖြစ်ပါသည်။
Ref: MRTV