Mandalay Trend Health & Wellness

အိမ်ခြေ (၅၀၀)အတွက် ငွေကျပ် (၇၅)သိန်းတန် စားသောက်ကုန်များ လှူဒါန်းခဲ့သည့် Huawei Myanmar

Read 267 times

ရန်ကုန်အခြေပြု ပရဟိတအဖွဲ့ Clean Yangon နှင့် Huawei Myanmar တို့ ပူးပေါင်းပြီး ဒလမြို့နယ်ရှိ အိမ်ခြေ (၅၀၀) အတွက် တန်ဖိုးငွေကျပ်(၇၅) သိန်းရှိသည့် အခြေခံစားသောက်ကုန် ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း Huawei ၏ ပြောကြားချက်အရ သိရသည်။ 

Huawei Myanmarမှ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပျံ့နှံ့နေသည့် ကာလအတွင်း မြန်မာလူမျိုးများ ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို ကူညီပံ့ပိုးပေးရန် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သော (၂၀၂၁)ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့က လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ 

လှူဒါန်းရာတွင် ရန်ကုန်မြို့၊ ဒလမြို့နယ်ရှိ အလုပ်အကိုင်မရှိ ဝင်ငွေအခက်အခဲ ဖြစ်နေသူ အိမ်ခြေပေါင်း (၅၀၀) အတွက် ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ Mask နှင့် အခြားသော လူသုံးကုန်ပစ္စည်းများကို ကူညီလှူဒါန်းခဲ့ခြင်း ဖြစ်သည်။ 

Huawei Myanmar သည် မကြာသေးမီကလည်း ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကြား ဆက်သွယ်ရေး ပိုမိုကောင်းမွန် လာစေရန် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေး ညှိနှိုင်းရေးကော်မတီသို့ စုစုပေါင်း မြန်မာကျပ်ငွေ သိန်း (၁၀၀)ကျော် တန်ဖိုးရှိ Huawei Y5P ဖုန်း အလုံးရေ (၁၀၀) ကို လှူဒါန်းခဲ့သည်။

Huawei ကို (၁၉၈၇) ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် Huawei သည် ဝန်ထမ်းပေါင်း (၁၈၀,၀၀၀) ကျော်ဖြင့် နိုင်ငံပေါင်း ၁၇၀ ကျော်တွင် ဝန်ဆောင်မှုပေး လျက်ရှိသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ 

Bookmark