Health & Wellness

ပုသိမ်ကြီးမြို့နယ်ဆေးရုံအား COVID-19 ရောဂါကာကွယ်ရေး ကုသဆောင် အဖြစ် အသုံးပြုမည်

Read 398 times

COVID-19 ရောဂါ ရှိသော (Postive) လူနာများအား လက်ခံကုသပေးရန်အတွက် တာဝန်ကျလာ သောကြာင့် ရောဂါကာကွယ်ရေး ကုသဆောင်သစ်ကို ပုသိမ်ကြီးမြို့နယ်တွင် ပြင်ဆင်နေလျက် ရှိနေကြကြောင်း အောက်တိုဘာလ( ၂၅) ရက်နေ့က သိရှိရသည်။ 

ပုသိမ်ကြီးမြို့နယ်တွင် ရှိသော ဆေးရုံတွင် ထားရှိရန် ပြင်ဆင်လျက်ရှိနေပြီး မူလဆေးရုံကို အသုံးပြုသွားမည် မဟုတ်ဘဲ ဆေးရုံးဝန်းအတွင်းတွင် ရှိသော ဝန်ထမ်းအိမ်ရာအသစ် (၄) ထပ် တိုက်ကို အသုံးပြုမှာ ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

အောက်ဆုံးအထပ် မြေညီထပ်တွင် တာဝန်အပါဝင် ကျန်းမာရေးဝန်ထမ်းများ၊ Volunteer နှင့် စည်ပင်သာယာဝန်ထမ်း တို့ကို သီးသန့် အခန်းများပေးထားမည် ဖြစ်ပြီး ၎င်း ကုသဆောင်(၄) ထပ်တိုက်နေရာကို ဖြတ်သန်းသွားလာခွင့်မရှိပါ။ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားမှာ ဖြစ်သည့် အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အပြင်စည်းကနေ လုံခြုံးရေးကို တာဝန်ယူ ကာကွယ်ပေးထားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များ၏ ကျန်းမာရေး ကာကွယ်ရန် အတွက် ကိုလည်း ဆောင်ရွတ်ထားပြီး ကုသဆောင်အတွင်းတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များနှင့် အညီ ဆောင်ရွတ်ထားကြောင်း သိရှိရသည်။ 

မန္တလေးတိုင်း အစိုးရအနေဖြင့်လည်း COVID-19 ပြန့်ပွားမှုများ များပြားလာသောကြောင့် နိုင်ငံတော် အစိုးရ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သတိပေးချက်များ၊ အမိန်စာများ ထုတ်ပြန်ခြင်း အပြင် အသွားအလာ ကန့်သတ် နယ်မြေများမှ အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းများ ကိုလည်း ဆောင်ရွတ်ပေးနေတာကို တွေ့နိုင်မှာ ဖြစ်ပါသည်။ 

Ref: Htwe Aung Facebook Acc
 

Bookmark