Health & Wellness Live-Style Mandalay Trend

တရုတ်နိုင်ငံထုတ် COVID-19 ရောဂါကာကွယ်ဆေးကို အကဲဖြတ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ဆောင်ရွက်

Read 485 times

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ COVID-19 ကာကွယ်ဆေးအား အောက်တိုဘာလ (၆) ရက်နေ့၌ နိုင်ငံတွင်း အသုံးပြုနေပြီ ဖြစ်သည့် ၎င်းတို့နိုင်ငံထုတ် ကာကွယ်ဆေးကို အကဲဖြတ်ရန်အတွက်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်    စတင်ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ 

တရုတ်နိုင်ငံတွင် အသုံးပြုနေသော ကာကွယ်ဆေးအား နိုင်ငံတွင်းတွင် ရောဂါဖြစ်နိုင်ဖွယ် အလားအလာများသည့် ကျန်းမာရေးလုပ်သားထုကဲ့သို့ လုပ်သားရာပေါင်းများစွာကို ကာကွယ်ဆေး   ထိုးသွင်းစမ်းသပ်မှုများ လုပ်ဆောင်နေခဲ့ ကြသည်။ ထို့ကဲ့သိူ့ စမ်းသတ်ခဲ့ ကြသော်လည်း ပြည့်စုံသည့် အနေအထား ရောက်ရှိရန်  လိုအပ်နေဆဲဖြစ်ကြောင်း ကျွမ်းကျင်သူများက သံသယရှိနေဆဲဖြစ်သည်။ 

ကမ္ဘာ့ကျန််းမာရေးအဖွဲ့ကြီး၏  ညှိနှိုင်းရေးမှူး  ဆော်ကိုရိုအစ္စကယ်လီက  တရုတ်နိုင်ငံဘက်က ၎င်းတို့ နိုင်ငံထုတ်ဆေးကို   ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏   အရေးပေါ်ကုသရေးအတွက်   အသုံးပြုနိုင်မည့်   ဆေးစာရင်းတွင် ထည့်သွင်းရေးအတွက် ကနဦးဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း  သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားခဲ့သည်။   

တရားဝင်လိုင်စင်မရရှိသေးသည့်  ဆေးဝါးများကို  ကိုဗစ်-၁၉  ရောဂါအရေးပေါ် ကုသရေး အတွက် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခွင့်ပြုနေခြင်းဖြစ်သည်။ အစ္စကယ်လီက “အရေးပေါ် ကုသရေး အတွက် ခွင့်ပြုချက်ဆိုတာဟာ  လုံခြုံမှုနှင့် အရည်အသွေးပေါ်မူတည်သလို  လုံလောက်မှုကိုလည်း အကဲဖြတ်ပြီးမှ ရရှိနိုင်တာ” ဖြစ်ကြောင်း ဆိုသည်။ 

တရုတ်နိုင်ငံ၏ ကာကွယ်ဆေးအမျိုးအစား လေးမျိုးမှာ နောက်ဆုံးစမ်းသပ်မှုအဆင့်သို့ ရောက်ရှိနေပြီး ယင်းတို့အနက်  နှစ်မျိုးမှာ အစိုးရပိုင် တရုတ်အမျိုးသားဇီဝနည်းပညာလုပ်ငန်းစုမှ  လုပ်ဆောင်နေခြင်းဖြစ်သည်။

စမ်းသပ်မှုများကို  အင်ဒိုနီးရှား၊  ရုရှား၊  ဘရာဇီး၊  ယူအေအီးနှင့်  ပါကစ္စတန်နိုင်ငံများတွင်  လုပ်ဆောင်ခဲ့ပြီး  ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကာကွယ်ဆေးရရှိလာသည့်အချိန်တွင်   တရုတ်နှင့်   ရုရှားနိုင်ငံထုတ် ကာကွယ် ဆေးများကို ဦးစားပေးဝယ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

 

Bookmark