ကိုဗစ်-၁၉ ကာလအတွင်း ယာယီပိတ်သိမ်းထားခဲ့ရသော မန္တလေးဈေးချိုတော်ကို ယခု ဇန်နဝါရီလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် အစိုးရထံ တင်ပြထားကြောင်း မန္တလေးဈေးချို အကျိုးတော်ဆောင်အဖွဲ့မှ ပြောကြားထားကြောင်း သိရသည်။
မန္တလေးဈေးချိုတော်ကို ကိုဗစ်ဒုတိယလှိုင်း စတင်ချိန် ပြီးခဲ့သော (၁၃.၉.၂၀၂၀) ခုနှစ်မှ စတင်ကာ ယာယီပိတ်သိမ်းထားခဲ့ခြင်း ဖြစ်ပြီး ပိတ်သိမ်းချိန် (၄)လကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း ဈေးချိုအကျိုးတော်ဆောင် အတွင်းရေးမှုး ဦးမျိုးမင်းထွန်းမှ ပြောကြားသည်။
ထိုသို့ အချိန်ကြာမြင့်စွာ ဈေးပိတ်သိမ်းထားရခြင်းကြောင့်
စသဖြင့် များစွာဆုံးရှုံးရမှုမှာ အတိုင်းအတာ တစ်ခုအထိ ရောက်ရှိလာခြင်းကြောင့် ဈေးအား သတ်မှတ် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့် ပြုပါရန် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။
အစိုးရအဖွဲ့မှ ထိုတင်ပြချက်အား ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီများထံ ဈေးပြန်လည် ဖွင့်လှစ်ရေးအတွက် လိုအပ်သော စစ်ဆေးချက်များကို ကြပ်မတ်စစ်ဆေးသွားရန် ညွှန်ကြားထားကြောင်း သိရသည်။
၎င်းစစ်ဆေးရေး အဖွဲ့မှ ယနေ့ (၁၆.၁.၂၀၂၁)ရက်နေ့တွင် ဈေးအတွင်း လာရောက် စစ်ဆေးမည် ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ညီမညီကို သတ်ဆိုင်ရာ အာဏာပိုင်များထံ ပြန်လည် တင်ပြသွားမည်ဟု သိရသည်။
ထို့ပြင် ဈေးဧရိယာအတွင်း ကွမ်းယာစားသုံးခြင်း၊ ကွမ်းယာအရောင်းဆိုင်များ ဖွင့်လှစ်ခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်းကို လုံးဝ တားမြစ်ပိတ်ပင်သွားမည် ဖြစ်ပြီး ဈေးကိုလာရောက်သူ အားလုံးကို ပါးစပ်၊နှာခေါင်းစီး Mask များ မဖြစ်မနေ တပ်ဆင်စေမည် ဖြစ်ကြောင်း သိရသည်။
ချမှတ်ထားသော စည်းကမ်းချက်များအား လိုက်နာရန် သေချာစိစစ် ကြပ်မတ်ရမည် ဖြစ်ပြီး စည်းကမ်းလိုက်နာခြင်း မရှိပါက အရေးယူခြင်းများ ဆောင်ရွက်သွားရန်လည်း စစ်ဆေးရေး အဖွဲ့မှ အထူးသတိပေးထားကြောင်း သိရသည်။
ထို့ပြင် ငွေရေးကြေးရေး အသုံးပြုရသော ဈေးဆိုင်များကိုလည်း လက်အိတ် မဖြစ်မနေ တပ်ဆင်စေကာ Mask နှင့် Face Shield များ စနစ်တကျ တပ်ဆင်စေရန် ဈေးထိန်းသိမ်းရေးအဖွဲ့မှ ကြပ်မတ်များမည် ဖြစ်ကြောင်း ပြောကြားထားသည်။
မန္တလေးဈေးချိုတော်အတွင်း လက်ရှိတွင် ဆိုင်ခန်းပေါင်း (၃,၂၀၀) ကျော်နှင့် ကုန်ပစ္စည်းအမျိုးအစား အစုံအလင်ကို အရောင်းအဝယ်ပြုလုပ်လျက် ရှိပြီး ဈေးဝန်ထမ်း ဦးရေမှာ (၁၀,၀၀၀) ကျော်ခန့် ရှိကြောင်း သိရသည်။
Source from mrtv