About Mandalay

မႏၱေလးၿမိဳ႕ကျပန္တဲ့အခါ ဘယ္လိုအမွတ္တရပစၥည္းေတြကို လက္ေဆာင္ဝယ္သြားသင့္လဲ

Read 447 times

သြားတဲ့ေနရာမွာပဲရႏုိင္မယ့္ ရိုးရာပစၥည္း လက္ေဆာင္၀ယ္ရမလား၊ ေဒသအစားအစာပဲ ၀ယ္လာရမလား၊ ဘယ္ပစၥည္းမ်ဳိးဆို ဘယ္သူအႀကိဳက္ေတြ႔မလဲ စတဲ့ ေမးခြန္းေပါင္းစံုက ျပန္ခါနီးအခ်ိန္ ေခါင္းခဲစရာပါ။ ဘာမွမ၀ယ္ပဲ ျပန္လာလို႔ကလည္းမျဖစ္သလို ကိုယ္၀ယ္သြားၿပီးမွ မႀကိဳက္ဘူးဆိုရင္လည္း စိတ္ညစ္ရဦးမယ္။ ဒါေၾကာင့္ မႏၱေလးၿမိဳ႕ကအျပန္ ၀ယ္သြားသင့္တဲ့ အမွတ္တရလက္ေဆာင္ေတြအေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

တကယ္ေတာ့ ခရီးအျပန္လက္ေဆာင္၀ယ္လာတယ္ဆိုတာ အေ၀းေရာက္ေနေပမယ့္လည္း သင့္ကိုသူတို႔စိတ္ထဲမွာရွိေနတယ္ဆိုတာ ေဖာ္ျပတာပါ။ မ်ားေသာအားျဖင့္ မိသားစု၊ အရင္းႏွီးဆံုးမိတ္ေဆြ၊ ခင္မင္ရတဲ့အိမ္နီးခ်င္းေတြကိုပဲ ခရီးအျပန္ လက္ေဆာင္၀ယ္လာတတ္ၾကတာပါ။ ဘယ္သူကေတာ့ ဘယ္လိုပစၥည္းေလးဆိုသေဘာ က်မယ္၊ ဘယ္အစားအစာေလးဆိုႀကိဳက္မယ္ ဒါေတြကို ေသခ်ာသိတဲ့သူေတြအတြက္ပဲ ၀ယ္လာၾကတာမ်ားပါတယ္။ ကိုယ့္စိတ္ထဲအၿမဲတမ္းရွိေနတဲ့ အရင္းႏွီးဆံုးသူေတြကိုပဲ အမွတ္ရၾကတာ ထံုးစံပါ။

Read More>>>မႏၲေလးၿမိဳ႕၏ အထင္ကရပြဲေတာ္တစ္ခုျဖစ္ေသာ ရတနာ့ဂူပြဲေတာ္အေၾကာင္း

မႏၱေလးၿမိဳ႕မွာဆုိရင္ အႏုပညာလက္မွဳပစၥည္းေလးေတြ နာမည္ႀကီးတာေၾကာင့္ အဲဒါေလးေတြကိုလည္း သင့္သူငယ္ခ်င္း၊ မိတ္ေတြအတြက္ မျဖစ္မေနလက္ေဆာင္ေပးသင့္တဲ့ အရာထဲမွာပါပါတယ္။ ကိုယ္ သြားခဲ့တဲ့ေဒသရဲ႕ နာမည္ေက်ာ္အမွတ္တံဆိပ္နဲ႔ ေနရာေတြကို လက္မွဳပစၥည္းေလးေတြလုပ္ၿပီး ေရာင္းတဲ့ဆိုင္ေတြက ခက္ခက္ခဲခဲလိုက္ရွာေနစရာ မလိုပါဘူး။ မႏၱေလးၿမိဳ႕ရဲ႕ ခရီးသြားေတြအလာမ်ားတဲ့ ေနရာေတြမွာ အလြယ္တကူေတြ႔ႏုိင္သလို လက္မွဳပစၥည္းအေသးစားေလးေတြမို႔ သယ္သြားတဲ့အခါ ေနရာမယူပဲ သယ္လာႏိုင္တာေပါ့။

လက္၀တ္ရတနာဆိုလိုက္တုိင္း တန္ဖိုးႀကီးမွမဟုတ္ပါဘူး။ ေဒသထြက္ပစၥည္းေတြနဲ႔ လုပ္ထားတဲ့ နားကပ္၊ ဆဲြႀကိဳး၊ လက္ေကာက္ေလးေတြဆိုလည္း ပ်ဳိေမေတြသည္းေျခႀကိဳက္မလို႔ သိပ္ရွည္ရွည္ေ၀းေ၀းစဥ္းစားစရာမလုိပဲ အမွတ္တရ၀ယ္သြားရုံပါ။ ျမင္ေနက်မဟုတ္တဲ့ဒီဇိုင္းမ်ဳိး ေသခ်ာေရြး၀ယ္သြားရင္ အိမ္အျပန္မ်က္ႏွာပန္းလွလည္းလွပါတယ္။

>>>လက္ေဆာင္ပစၥည္းဆိုင္မ်ား (42)ခုရဲ႕ လိပ္စာနဲ႔ ဖုန္းနံပါတ္မ်ား

ဒါ့အျပင္ ေဒသအစားအစာေတြအတြက္ လက္ေဆာင္ဝယ္မယ္ဆုိရင္ေတာ့ မႏၱေလးၿမိဳ႕ရဲ႕ နာမည္ႀကီးကေတာ့ အားလံုးသိၾကတဲ့ ထိုးမုန္႔ကိုေတာ့ မဝယ္မျဖစ္ပါပဲေနာ္။ ဘယ္ေနရာေရာက္ေရာက္ ေဒသအစားအစာေလးကေတာ့ မပါမျဖစ္၀ယ္သြားသင့္ပါတယ္။

ဒါ့အျပင္ ပ်ဳိေမေတြအတြက္ ဒါ့မွမဟုတ္ ကုိယ့္ခ်စ္သူေကာင္မေလးအတြက္ လက္ေဆာင္ဝယ္ခ်င္တယ္ဆုိရင္ေတာ့ ခ်ိတ္လံုခ်ည္ေတြကလည္း မႏၱေလးၿမိဳ႕မွာ ေစ်းသင့္ေတာ္တာေၾကာင့္ လက္ေဆာင္ေပးလုိ႔ေကာင္းပါတယ္။ ဒီေလာက္ဆုိရင္ ခရီးသြားၿပီးဆုိရင္ ဘာလက္ေဆာင္ေတြဝယ္ရမလဲ ေခါင္းစားေနစရာမလုိေတာ့ပါဘူးေနာ္။

Source; Yangon Life

My Mandalay

 

Zawgyi 

 

ကိုယ်က မန္တလေးမြို့ကို အလည်အပတ်သွားနေတယ်။ ဒါပေမယ့် အပြန်လက်ဆောင်ဝယ်ဖို့ ခေါင်းစားနေရပါသလား။ သွားတဲ့နေရာမှာပဲရနိုင်မယ့် ရိုးရာပစ္စည်း လက်ဆောင်ဝယ်ရမလား၊ ဒေသအစားအစာပဲ ဝယ်လာရမလား၊ ဘယ်ပစ္စည်းမျိုးဆို ဘယ်သူအကြိုက်တွေ့မလဲ စတဲ့ မေးခွန်းပေါင်းစုံက ပြန်ခါနီးအချိန် ခေါင်းခဲစရာပါ။ ဘာမှမဝယ်ပဲ ပြန်လာလို့ကလည်းမဖြစ်သလို ကိုယ်ဝယ်သွားပြီးမှ မကြိုက်ဘူးဆိုရင်လည်း စိတ်ညစ်ရဦးမယ်။ ဒါကြောင့် မန္တလေးမြို့ကအပြန် ဝယ်သွားသင့်တဲ့ အမှတ်တရလက်ဆောင်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

တကယ်တော့ ခရီးအပြန်လက်ဆောင်ဝယ်လာတယ်ဆိုတာ အဝေးရောက်နေပေမယ့်လည်း သင့်ကိုသူတို့စိတ်ထဲမှာရှိနေတယ်ဆိုတာ ဖော်ပြတာပါ။ များသောအားဖြင့် မိသားစု၊ အရင်းနှီးဆုံးမိတ်ဆွေ၊ ခင်မင်ရတဲ့အိမ်နီးချင်းတွေကိုပဲ ခရီးအပြန် လက်ဆောင်ဝယ်လာတတ်ကြတာပါ။ ဘယ်သူကတော့ ဘယ်လိုပစ္စည်းလေးဆိုသဘော ကျမယ်၊ ဘယ်အစားအစာလေးဆိုကြိုက်မယ် ဒါတွေကို သေချာသိတဲ့သူတွေအတွက်ပဲ ဝယ်လာကြတာများပါတယ်။ ကိုယ့်စိတ်ထဲအမြဲတမ်းရှိနေတဲ့ အရင်းနှီးဆုံးသူတွေကိုပဲ အမှတ်ရကြတာ ထုံးစံပါ။

မန္တလေးမြို့မှာဆိုရင် အနုပညာလက်မှုပစ္စည်းလေးတွေ နာမည်ကြီးတာကြောင့် အဲဒါလေးတွေကိုလည်း သင့်သူငယ်ချင်း၊ မိတ်တွေအတွက် မဖြစ်မနေလက်ဆောင်ပေးသင့်တဲ့ အရာထဲမှာပါပါတယ်။ ကိုယ် သွားခဲ့တဲ့ဒေသရဲ့ နာမည်ကျော်အမှတ်တံဆိပ်နဲ့ နေရာတွေကို လက်မှုပစ္စည်းလေးတွေလုပ်ပြီး ရောင်းတဲ့ဆိုင်တွေက ခက်ခက်ခဲခဲလိုက်ရှာနေစရာ မလိုပါဘူး။ မန္တလေးမြို့ရဲ့ ခရီးသွားတွေအလာများတဲ့ နေရာတွေမှာ အလွယ်တကူတွေ့နိုင်သလို လက်မှုပစ္စည်းအသေးစားလေးတွေမို့ သယ်သွားတဲ့အခါ နေရာမယူပဲ သယ်လာနိုင်တာပေါ့။

လက်ဝတ်ရတနာဆိုလိုက်တိုင်း တန်ဖိုးကြီးမှမဟုတ်ပါဘူး။ ဒေသထွက်ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ နားကပ်၊ ဆွဲကြိုး၊ လက်ကောက်လေးတွေဆိုလည်း ပျိုမေတွေသည်းခြေကြိုက်မလို့ သိပ်ရှည်ရှည်ဝေးဝေးစဉ်းစားစရာမလိုပဲ အမှတ်တရဝယ်သွားရုံပါ။ မြင်နေကျမဟုတ်တဲ့ဒီဇိုင်းမျိုး သေချာရွေးဝယ်သွားရင် အိမ်အပြန်မျက်နှာပန်းလှလည်းလှပါတယ်။

ဒါ့အပြင် ဒေသအစားအစာတွေအတွက် လက်ဆောင်ဝယ်မယ်ဆိုရင်တော့ မန္တလေးမြို့ရဲ့ နာမည်ကြီးကတော့ အားလုံးသိကြတဲ့ ထိုးမုန့်ကိုတော့ မဝယ်မဖြစ်ပါပဲနော်။ ဘယ်နေရာရောက်ရောက် ဒေသအစားအစာလေးကတော့ မပါမဖြစ်ဝယ်သွားသင့်ပါတယ်။

ဒါ့အပြင် ပျိုမေတွေအတွက် ဒါ့မှမဟုတ် ကိုယ့်ချစ်သူကောင်မလေးအတွက် လက်ဆောင်ဝယ်ချင်တယ်ဆိုရင်တော့ ချိတ်လုံချည်တွေကလည်း မန္တလေးမြို့မှာ စျေးသင့်တော်တာကြောင့် လက်ဆောင်ပေးလို့ကောင်းပါတယ်။ ဒီလောက်ဆိုရင် ခရီးသွားပြီးဆိုရင် ဘာလက်ဆောင်တွေဝယ်ရမလဲ ခေါင်းစားနေစရာမလိုတော့ပါဘူးနော်။

Source; Yangon Life

Bookmark