Things to do in Mandalay

ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြပွဲ၊ ပြိုင်ပွဲနဲ့ ဈေးရောင်းပွဲတော်

Read 272 times

ဒီပြပွဲကို ဗြိတိသျှကောင်စီနှင့် Swiss Agency for Development and Cooperation, the Embassy of Switzerland တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်တဲ့ “လက်ခတ်သံ” စီမံကိန်းရဲ့ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပါဝင်ပြသခြင်း ဖြစ်ပါတယ်။ အသေးစိတ်ကို www.britishcouncil.org.mm/…/progra…/arts/lat-khat-than-weave    တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ကျောင်းဆင်းလက်ရာပြပွဲနှင့်အတူ ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြပွဲ၊ ပြိုင်ပွဲနဲ့ ဈေးရောင်းပွဲတော်တို့ကိုလဲ တစ်ချိန်တည်း ကျင်းပသွားအုံးမှာဖြစ်လို့ မြန်မာ့ရက်ကန်းနှင့် အထည်အလိပ်များကို စိတ်ဝင်စားသူတွေအတွက်တော့ လုံးဝလက်လွတ်မခံသင့်တဲ့ ပွဲပဲဖြစ်ပါတယ်။

ပထမနေ့မှာ ပြိုင်ပွဲဝင်တွေရဲ့ အထည်ဒီဇိုင်းတွေကို နာမည်ကျော် ဒီဇိုင်နာတွေကချုပ်လုပ်ပြီးတော့ မန္တလေးမြို့မှာရှိတဲ့ မော်ဒယ်တွေက ဝတ်ဆင်ပြီး ပြသမယ့် ဖက်ရှင်ရှိုးပြိုင်ပွဲနဲ့ပြပွဲပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ရက်ကန်းကျောင်းတွေရဲ့ ကျောင်းဆင်းလက်ရာတွေကို ခင်းကျင်းပြသထားမယ့် အစီအစဉ်တွေ၊ လုပ်ငန်းရှင်တွေရဲ့ ဒီပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ခင်းကျင်းပြသထားမယ့် အစီအစဉ်တွေရယ်၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ရက်ကန်းလုပ်ငန်းရှင်တွေ၊ ရက်ကန်းကျောင်းတွေကနေ ထုတ်လုပ်တဲ့ အဝတ်အထည်တွေကို ခင်းကျင်းပြသရောင်းချသွားမှာ ဖြစ်ပါတယ်။

 

Read More>>>မုန့် ၁ထုတ်ဝယ်ရင် ဗူးဝိုင်း(၁)ခု လက်ဆောင်ရရှိမယ့် ပရိုမိုရှင်းအစီစဉ်

ဒုတိယနေ့မှာတော့ ဆုပေးပွဲနဲ့ပိတ်ပွဲအခမ်းအနားလေးကို ညနေပိုင်း ခြောက်နာရီခွဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားကျောင်းသူတွေရဲ့ ထူးခြားတဲ့ဖန်တီးတီထွင်မှုများနဲ့ သူတို့ရဲ့လက်ရာမတွေ ပေါ်ထွက်လာစေရန် ကျောင်းဆင်းလက်ရာပရောဂျက်များမှတဆင့် ဒီဇိုင်းအိုင်ဒီယာများကို မည်ကဲ့သို့ လေ့လာဖော်ထုတ်ခဲ့သည်တို့ကိုလည်း ခင်းကျင်းပြသထားမှာဖြစ်ပြီး ကျောင်းသားကျောင်းသူမတွနဲ့လည်း တွေ့ဆုံမေးမြန်းခွင့်တွေ ရရှိမှာဖြစ်ပါတယ်။

My Mandalay

Bookmark