About Mandalay

We love Street (ကန်တော်ကြီး တစ်ဝိုက်)

Read 2536 times

around Kandawgyi In

We love Street (ကန်တော်ကြီး တစ်ဝိုက်)

ပူပြင်းလွန်းလှသော နေ ၏ အပူရှိန်ကို အံတု၍ နေ့လည် နေ့ခင်း နှင့် ညနေပိုင်း အချိန်များတွင် သက်တောင့်သက်သာနှင့် နားအေးပါးအေး အပန်းဖြေလိုသူတို့ အဖို့ ကန်တော်ကြီး တစ်ဝိုက်သည် ရွေးချယ် သွားရောက်သင့်သည့် နေရာ တစ်ခုဖြစ်ပါသည်။

ကန်တော်ကြီး သည် ပူပြင်းလွန်းလှသော မန္တလေး၏ နွေအပူဒဏ်ကို အံတု နိုင်မည့် နေရာကောင်းများထဲမှ တစ်ခုဖြစ်သည်။ ကန်တော်ကြီး တစ်ဝိုက်တွင် နာမည်ကြီးစားသောက်ဆိုင်များ ၊ ရူခင်းကောင်းကောင်းကို အသားပေး ဖွင့်လှစ်ထားသော ကော်ဖီဆိုင်များ ၊ အအေးခန်း KTV များ ဖြင့် နေ့ရော ၊ ညပါ စည်ကား သက်ဝင် လှုပ်ရှားနေသော နေရာတစ်ခုဖြစ်ပါသည်။

ကန်တော်ကြီး ပတ်လမ်းတစ်လျှောက် ရာသီပေါ်စာများ ရောင်းချလေ့ရှိသော လမ်းဘေး ဈေးဆိုင်လေးများ နှင့် ကြံရည်ဆိုင်များအားလည်း ဟိုနေရာ ၊ ဒီနေရာ တွေ့နိုင်ပါသည်။ ညနေစောင်း နေ၀င်ချိန်တွင် ကန်လေကို ဖြတ်တိုက်လာသော လေပြေလေညင်းအား ခံစားရင်း ကန်တော် အတွင်း အလှစီး ဘဲ ရုပ် ရေယာဉ် လေးဖြင့် လှည့်ပတ် သွားလာနိုင်ပါသေးသည်။

စားသောက်ဆိုင်များ အနေဖြင့် ကန်တော်ကြီး အဝင်ဝ တွင် နာမည်ကြီး Win Win II ၊ ကြက်ကင် နှစ်သက်သူတွေ အဖို့ 12 ပန်းနား၊ ကန်တော်ကြီး၏ အလှအား အထက်စီးမှ ကြည့်ရှူ့ခံစား လိုပါက ချစ်စရာကောင်းသော အပြင်အဆင်များဖြင့် တည်ဆောက်ထားသည့် ဒဏ္ဍာရီ စားဥယျာဉ် သို့သာ သွားပါလို့ ညွှန်းပါရစေ။ လာရောက်သုံးဆောင်သူများအား သီးခြား ကျွန်းလေးတစ်ခု အပေါ်သို့ ရောက်နေသည် ဟု ခံစားရစေမည့် ကုက္ကိုလ်ကျွန်း၊ ကန်တော်ကြီး ဂုဏ်ဆောင် Royal Lake Restaurant နှင့် ပြည်ကြီးမွန် ဖောင်တော်တို့ အပြင် ၊ Emperor စားသောက်ဆိုင် ၊ Green Restaurant & Bar ၊ ပိတောက်ရွှေ နှင့်   Food Palace Restaurant တို့သည် သင့်၏ ပြန်ချင်စိတ်ကို ဟန့်တားနေမည့် စားသောက်ဆိုင်များ ဖြစ်ကြသည်။

ထို့ပြင် Hotpot ချစ်သူတို့အဖို့လည်း ကောင်းကောင်း Hotpot II ၊ သိရိသုခ Hotpot တို့ ရှိပါသေးသည်။

ကော်ဖီဆိုင်များလည်း ရှိ၍ Café Cho Cho တွင် မွေးနေ့ ၊ မင်္ဂလာပွဲ မှသည် paty များအထိ ကျင်းပ နိုင်ပါသည်။ Café Oasis လည်း ရှိသေး၍ ၊ Coffee Tower ကမူ သင့်တင့်သော ဈေးနှုန်းများကြောင့် စားသုံးသူများ အကြား နာမည်ရလာသော ကော်ဖီဆိုင်တစ်ဆိုင်ဖြစ်ပါသည်။

ကန်တော်ကြီး အတွင်း wedding ပွဲ ပြုလုပ်လိုသူများအဖို့ ကန်တော်ကြီး မင်္ဂလာ ခန်းမရှိ၍ ၊ ကန်တော်မင်္ဂလာ မီနီ ဂေါက်ကွင်း ရှိ unplugged တေးဂီတပွဲမှာလည်း သီချင်းချစ်သူများအား နှစ်သက်စေပါသည်။

သီချင်းဆိုခြင်းကို နှစ်ခြိုက်တဲ့ လူငယ်များအဖို့လည်း Melody KTV ၊ နေ့လည် 11 နာရီမှ ညနေ 5 နာရီအထိ ဖွင့်လှစ်ထားသည့် Super Star KTV တို့တွင် သီချင်းဆိုရင်း အပန်းဖြေနိုင်ပါသည်။

ကန်တော်ကြီးတွင် ဆောက်လုပ်ထားသည့် ဇီဝိတ ဒါန သံဃာ ဆေးရုံ သည်မှာလည်း မန္တလေးမြို့၏ ဂုဏ်ဆောင် များထဲမှ တစ်ခုဖြစ်ပါသည်။

Bookmark