About Mandalay

We Love Street (30th, 70 _ 71 St)

Read 3583 times

we love st In

We Love Street ( လမ်း ၃၀ ၊ ၇၀ နှင့် ၇၁ လမ်း)

လမ်း ၃၀ တစ်ဝိုက်သည် စည်ကား ရှုပ်ထွေး၍ ဈေးဆိုင် တန်းများဖြင့် နေ့ရော ည ပါ စည်ကား သက်ဝင် လျက်ရှိသော နေရာတစ်ခုဖြစ်သည်။  လမ်း၃၀၊ ၇၀ နှင့် ၇၁ လမ်း ပတ်ဝန်းကျင်မှာလည်း လူသွား လူလာများ ၊ ကားများ ၊ ဆိုင်ကယ်များ၊ လူအသုံးဆောင် ပစ္စည်းရောင်းချသောဆိုင်များ၊ ဆေးရုံ၊ဆေးပေးခန်းများ ၊ စာအုပ်ဆိုင်များ စသည်ဖြင့် ဈေးဆိုင်တန်းများအား မျက်စိတစ်ဆုံး မြင်တွေ့နိုင်သော နေရာတစ်ခုဖြစ်ပါသည်။

စန္ဒာ ၊ ရတနာမိုး ၊ camera ၊ Hello Baby စသည့် ကလေးပစ္စည်း အမျိုးမျိုး ရောင်းချသော ဆိုင်များတွင် ကလေး အသုံးအဆောင် ပစ္စည်းများအား ၀င်ရောက်ရွေးချယ် ၀ယ်ယူနိုင်သည်။

Mobile sale and service အနေဖြင့် Pioneer ၊Orion Apple Solutions၊ ကျော် ၊ United စသည်ဆိုင်များအပြင် ၊ လျှပ်စစ် ပစ္စည်း အမျိုးမျိုး ရောင်းချသောဆိုင်များ အနေဖြင့် လွင် ၊ ၀င်း ၊ ရွှေမြန်မာ ၊ လျှမ်းလျှမ်းတောက် စသည့် ဆိုင်များတွင် လျှပ်စစ်ပစ္စည်းများ အပါအ၀င် မိုဘိုင်းဖုန်းများ ထိပါ ၀ယ်ယူနိုင်ပါသည်။

ငုဝါ ကားလက်မှတ် အရောင်းဌာန ၊ ငုဝါ မိတ္တူ ၊ Riso ၊ စာစီစာရိုက် ၊ ငုဝါ စာရေးကိရိယာနှင့် စက္ကူထုပ် အမျိုးမျိုး ရောင်းဝယ်ရေး လုပ်ငန်းမှာလည်း လူသိများ၍ ၊ မိတ္တူ ကူးခ ဈေးနှုန်းသင့်တင့်ခြင်းစသည်တို့ကြောင့် နာမည်ရသော လုပ်ငန်းတစ်ခုဖြစ်သည်။ အနီးတစ်ဝိုက်တွင် ခေါ်နုးး မိတ္တူဆိုင် လည်းရှိသည်။

မြတ်သုခ ဆေးရုံ ၊ မိုးမေတ္တာ (သွား နှင့် ခံတွင်း အထူးကု ဆေးခန်း) ၊ Paolo Memorial Hospital (မန္တလေး ရုံးခွဲ) တို့ အပြင် ၊ ဆေးပညာ စာအုပ်နှင့် ကျန်းမာရေး အထောက်အကူ ပြု ပစ္စည်း အမျိုးမျိုးအား ရောင်းချနေသော ဆိုင်များကိုလည်း လမ်းတစ်လျှောက် တွေ့နိုင်သည်။ ဆေးဆိုင်များကိုလည်း အနီးဝန်းကျင်တွင် တွေ့ရှိနိုင်သေးသည်။

မန္တလေးတိုင်းဒေသကြီး အားကစား ၀န်ကြီးဌာန မှ ဖွင့်လှစ်ထားသော ဗထူး အားကစားကွင်း ကြီးလည်းရှိ၍ ၊ အားကစားကွင်းဘေးရှိ ကံတော်သာ နှင့် ဂျူးဂျူး တွင် အားကစား ပစ္စည်းများ ၀ယ်ယူနိုင်သည်။

Lady Smart beauty spa ၊ ဟန်ဝင်းအောင် (အမျိုးသား ၊ အမျိုးသမီး မိတ်ကပ် ဆံပင် အလှပြုပြင်ရေး ) ၊ ကောင်းစံ စသည့် အလှအပ ရေးရာ ဆိုင်များ အပါအ၀င် ၊ မုန့်မျိုးစုံ ဆိုင်များ ၊ စတိုးဆိုင်များ ၊ အအေးဆိုင်များ သာမက တည်းခိုနားနေစရာ နေရာများ အဖြစ် Shwe Pyi Mandalar Royal Housing ၊ Golden City Crown Hotel များအားလည်း တွေ့နိုင်သည်။

ထို့ပြင် မြင့်ရတနာ ကျောက်ပန်းချီ နှင့် ကျောက် မျက်ရတနာ ရောင်းချသော ဆိုင်မှာလည်း စိတ်ပါဝင်စားသူများ အဖှို့ ၀င်ရောက်လေ့လာ ၀ယ်ယူနိုင်သော ဆိုင်တစ်ဆိုင်ဖြစ်ပါသည်။

Bookmark