We Love Street (27 St, between 65_69 St,)
ကျွန်တော်တို့ တွေဟာ နစ္စဓူဝ ဆိုသလို လမ်းမ ကြီးတွေ ၊ လမ်းသွယ်လေးတွေ ၊ လမ်းကြိုလမ်းကြားတွေ ထဲမှာ သွားလာနေကြတယ်။အဲ့သလို သွားလာနေပေမယ့်လည်းပဲ လမ်းတစ်လျှောက်မှာ ရှိတဲ့ အရာတော်တော် များများ ကို သတိထားမိနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ကျွန်တော်တို့သွားလိုသော ဆိုင်တစ်ခုခု ၊ သိလိုသော အရာရာ တစ်ခုခု ကို တစ်စုံတစ်ယောက်ဟာ ကျွန်တော်တို့ နေ့စဉ် ဖြတ်သန်းသွားလာ နေသော လမ်းတစ်လျှောက်မှာ ရှိနေတဲ့ အကြောင်း point out လုပ်တဲ့အခါ ကျွန်တော်တို့ အတွေးတွေမှာ ကိုယ့်ကို ကိုယ် မသိခဲ့ ရလေခြင်း ဆိုတဲ့ အံ့သြ မှုကို ခံစားရလေ့ရှိပါတယ်။
We Love Street ဆိုပြီး ခေါင်းစဉ်တပ် ထားတဲ့ လမ်းတစ်လျှောက်မှာ ကျွန်တော်တို့ သတိမထားမိတဲ့ အရာတွေ ရှာဖွေကြည့်ရအောင်…………
27 St, လမ်း နှင့် 65 x 69 လမ်းတစ်လျှောက်လုံးတွင် လူသိများသော ဆိုင်တစ်ဆိုင်ကို ပြပါဆိုလျှင် Koffee Koner ကိုသာ ပြရမည် ဖြစ်သည်။ ယင်း ကော်ဖီဆိုင် ၏ အရှေ့ဘက်တွင် ရှိသော Central Park Hotel မှာလည်း ယင်း၏ စာကြည့်တိုက် ကြောင့် လူအများ သတိထားမိကြသည်။ စာကြည့်တိုက်တွင် တစ်နှစ်စာ အသင်းဝင်ကြေးပေး၍ စာအုပ်များအား ဖတ်ရှူ့နိုင်သည်။ အသင်းဝင်ကြေးမှာလည်း ချိုသာ၍ စာရေးဆရာမ ဂျူး ၏ စာအုပ်များ ရှိ၍ “ဂျူး” ချစ်သူများ အကြိုက်တွေ့သော နေရာ တစ်ခု ဖြစ်သည်။ Central Part Hotel နှင့် မျက်နှာချင်းဆိုင်တွင် ကလေး မူကြို တစ်ခု ရှိ၍ ယင်း မူကြိုမှာ အစိုးရမှ ဖွင့်လှစ်ထားသော မူကြို ဖြစ်သည်နှင့် အညီ အဖိုးအခ မှာ သက်သာ၍ ၊ ကျောင်းချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၃း၃၀)အထိဖြစ်သည်။ အဆိုပါ လမ်းတစ်လျှောက်တွင် Mya Mandalar ဟိုတယ်လည်းရှိသေးတယ်၊ မူကြိုဘေးတွင် သတ္တမမြောက် အသင်းတော် နှင့် Central Park Hotel ဘေးတစ်လျှောက်တွင် သချာင်္ သင်တန်း အဖြစ် “သချာင်္ ဖိုးလုံး” ရှိ၍ ၊ Travel နှင့် Tour များအား စီစဉ် ပေးနေသော “Diethelm Travel” ရှိသည်။ ကားအလှဆင် လိုသူများ အတွက် “New Star” ကားအလှဆင် လုပ်ငန်းအားလည်း ထို လမ်းတစ်လျှောက်တွင် တွေ့နိုင်ပါသည်။ IT နှင့် ပတ်သတ်သော ပြသနာများ အတွက် “Sys Con Security & IT service” တွင် သွားရောက် ဖြေရှင်းနိုင်ပါသည်။