About Mandalay

We Love Streeet ( 62nd)

Read 1153 times

27 62 69

62 လမ်း ( စံပါယ်လမ်း နှင့် မနော်ဟရီ လမ်း)

62 လမ်းမ ကြီးသည် ကုသိုလ်တော်ဘုရား၏ အရှေ့ဘက်မှစ၍ တောင်နှင့်မြောက် တစ်ဖြောင့်တည်း ရှိနေသော ၊ မန္တလေး ( ၅ ) မြို့နယ်လုံးကို ဖောက်လုပ်ထားသော လမ်းမကြီးဖြစ်သည်။ ပြည်ကြီးတံခွန်သင်ပန်းကုန်းလမ်းဆုံတွင် တောင်ဘက်သို့ တည့်တည့်ဆက်သွားပါက စက်မှုဇုန် အနောက်တောင်ဘက်သို့ ဆက်သွားပါက ရန်ကုန်-မန္တလေးလမ်းမကြီးနှင့်ဆက်သွယ်သွားသည်။ ထိုလမ်းတစ်လျှောက်တွင် စက်ရုံ အလုပ်ရုံများရှိသည်။

 

62လမ်း တစ်လျှောက်တွင် ကုတင် (၃၀၀) ဆံ့ဆေးရုံကြီး၊ အရိုးအထူးကု ဆေးရုံကြီး ၊ သူနာပြုတက္ကသိုလ် ၊ သွားဘက်ဆိုင်ရာတက္ကသိုလ် ၊ ချမ်းငြိမ်းအောင် ဓါတ်မှန် စသည့် ကျန်းမာရေးဆိုင်ရာ အရေးကြီးအဆောက်အအုံများ သာမက လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ကုန် ရောင်းချသော ဆိုင်များ အများအပြားရှိသည်။

 

အိမ်သုံးပစ္စည်း အရောင်းဆိုင်များ၊ အိုးခွက်ပန်းကန် အရောင်းဆိုင်များ ၊ စတိုးဆိုင်များ ရှိသည်။ 62 လမ်းနှင့် မနော်ဟရီ လမ်းထောင့်တွင်ရှိသော ဧဒင် စတိုးသည်လူသိများ၍ နှစ်ထပ်တွင် အဝတ်အစားများပါ ဝယ်ယူနိုင်သည်။

 

နီနီထွန်း - အဓိကအားဖြင့် အိမ်သုံးပန်းကန် ၊ ထမင်းဘူး ၊ ကော်ဖီခွက်မှ စ၍ လျှပ်စစ်အသုံးပြုရသော မီးဖိုချောင်သုံးပစ္စည်းများထိ ဝယ်ယူနိုင်သည်။

 

SP bakery – cake အမျိုးအစားပေါင်းစုံလင်စွာ ရွေးချယ်နိုင်၍ pizza အထိပါ ဝယ်ယူရရှိနိုင်သည်။

 

သဟာဆွေ - တရုတ် ထမင်းဆိုင်ဖြစ်၍ ခေါက်ဆွဲကြော် ၊ ထမင်းကြော် မှစ၍ တရုတ်ဟင်းလျာ အစုံအလင်ရသည်။

 

Korean - ဘဲကင် ၊ ကြက်ကင် ရောင်းချသောဆိုင်ဖြစ်၍ ကိုးရီးယား စတိုင် ကြက်ကင် နှင့် ဘဲကင်များ ၊ အခြားအကင်များလည်း ရောင်းချသည်။

 

မြလက်ရာ (ထမင်းဆိုင် ) - မြန်မာ ထမင်းဟင်းမှ စ၍ တရုတ်ဟင်းလျာများ ဖြစ်သော ကုန်းဘောင်ကြီးကြော် ၊ ကြက်ချဉ်စပ် ၊ ဝက်စတူးများပါ ရောင်းချသည်။

 

ညနေပိုင်း အချိန်များတွင် 62 လမ်းတစ်လျှောက် အကင်ဆိုင်များ ၊ ထမင်းကြော်ဆိုင်များ ၊ မာလာဟင်းဆိုင်များ ၊ ချပါတီ ဆိုင်များဖြင့် ပွဲတော်အလား စည်ကားလျက်ရှိသည်။

 

Giordano – အရောင်းပြခန်းတွင်Giorendo မှ ထုတ်သော အဝတ်အထည်များမှ အစ ၊ အိတ်များ အထိ ပြသထားသည်။

Step – ပြခန်းတွင် Step မှ ထုတ်သော အဝတ်အထည်များမှ အစ ၊ အိတ်များ၊ မိုးကာများ အထိ ပြသထားသည်။

 

King - အမျိုးသမီးဝတ် ၊ အမျိုးသားဝတ်မှ စ၍ ကလေးဝတ်အထိ ဝယ်ယူနိုင်သည်။

 

ATT - အမျိုးသမီးဝတ် ၊ အမျိုးသားဝတ်မှ စ၍ ကလေးဝတ်အထိ ဝယ်ယူနိုင်သည်။

 

ရှင်းမွန် - ရှင်းမွန် ဆိုင်ခွဲဖြစ်၍ နိုင်ငံခြားမှ တင်သွန်းသော ဖိနပ်များအား ဝယ်ယူနိုင်သည်။

ငွေသွင်း ၊ ငွေထုတ်နိုင်ရန် AGD ဘဏ် ရှိ၍ ၊ မနော်ဟရီ လမ်းအလွန်တွင် KBZ ဘဏ်လည်းရှိသည်။

 

Mobile Mother ၊ Olympic ဆိုင်များတွင် ဖုန်းနှင့် အပိုပစ္စည်းများ ရောင်းချသည်။

 

Shwe Htee ( Hotel ) – 62 လမ်းနှင့် စံပါယ်လမ်း ဆုံရာတွင် ရှိ၍ ရပ်ဝေးရပ်နီး တည်းခို နိုင်သည်။

 

62 လမ်းနှင့် စံပါယ်လမ်းထောင့်တွင် Asia Energy ဓါတ်ဆီဆိုင် ရှိသည်။

 

62လမ်း တစ်လျှောက်တွင် ဆိုင်တန်းများ လက်ညှိုးထိုးမလွဲနိုင်အောင် ရှိ၍ ၊ ညအခါတွင် ပွဲတော်အလား စည်ကားရှုပ်ထွေးသည်။

 

Bookmark