Business

လူဦးရေ (၁) သိန်းကျော် ရေသုံးစွဲနိုင်ရေး အတွက် ငွေကျပ် (၃) ဘီလီယံ အသုံးပြုမည်

Read 603 times

မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုမှာရှိတဲ့ မန္တလေးတိုင်းဒေသက နွေရာသီမှာ ရာသီဥတု ပူပြင်းမှုကြောင့် ရေများခမ်းပြီး ရေလိုအပ်မှုတွေရှိနေပါတယ်။

လိုအပ်ချက်တွေကို ဖြည့်တင်းဖို့အတွက် လာမယ့် ဘဏ္ဍာရေးနှစ်အတွင်းမှာ မြို့နယ် (၂၂) မြို့နယ်မှာရှိတဲ့ ကျေးရွာ (၁၃၉) ရွာကို နွေရာသီမှာ ရေထောက်ပံ့ဖို့အတွက် မန္တလေးတိုင်း အစိုးရက ငွေကျပ်ဘီလီယံ (၃၀၀) ကျော်သုံးစွဲသွားမှာ ဖြစ်တယ်လို့ ဒေသဆိုင်ရာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရပါတယ်။

ဒီပရော့ဂျက်က ရေပေးဝေရေးလုပ်ငန်းက (၂၂) မြို့နယ်မှာရှိ ကျေးရွာ (၁၃၉) ခု၊ အိမ်ပေါင်း (၂၃,၅၄၂) ၊ လူပေါင်း (၁၁၀,၃၆၆) ဦးအတွက် သုံးစွဲရေ လုံလောက်ဖို့ ဆောင်ရွက်မယ့် ပရော့ဂျက်ဖြစ်ပါတယ်။

လူပေါင်း (၁၁၀,၃၆၆) ဦးကို ရေပေးဝေရေးအတွက် ရေတွင်း (၁၄၀) ခုကိုတူးဖော်ပြီး ၎င်းရေတွင်းများမှ ရေကိုထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ရေတွင်း (၁၄၀)မှာ လက်တူးရေတွင်းများလည်း ပါဝင်မှာဖြစ်ပါတယ်။

တင်ဒါအောင်မြင်သွားတဲ့ ကုမ္ပဏီတွေက (၂၀၂၁) ခုနှစ် ဇန်နဝါရီလ တတိယအပတ်မှ စတင်ပြီး ရေပေးဝေရေးလုပ်ငန်းကို လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးစိုးသန်းကပြောကြားခဲ့ပါတယ်။

K3 Bln Water Supply Project To Be Set Up In Mandalay - GNLM

“ (၂၂) မြို့နယ်ရဲ့ ကျေးရွာ (၁၃၉) ရွာမှာနေတဲ့သူတွေအတွက် နွေရာသီမှာ ရေပြတ်လပ်မှုပြဿနာတွေ မကြုံရအောင် ပြည်ထောင်စု ဘတ်ဂျက်ဖြစ်တဲ့ ငွေကျပ် (၃) ဘီလီယံကျော်ကို သုံးစွဲသွားမှာပါ။ တင်ဒါအနိုင်ရတဲ့ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုပြီး တင်ဒါ (၅၁) ခုက ကုမ္ပဏီ (၃၇) ခုက အနိုင်ရရှိခဲ့ပါတယ်။ သူတို့က ဒီလရဲ့ ဒုတိယအပတ်မှာ မြေအနေအထားတွေ စစ်ဆေးပြီး ဆောင်ရွက်နေကြပါတယ်။ ပြည်သူတွေ ဒီနွေရာသီမှာ ရေပြတ်လပ်မှုကို မရင်ဆိုင်နိုင်အောင် အစိုးရက ဆောင်ရွက်ပေးမှာသွားမှာပါ ” လို့ ဦးစိုးသန်းက ပြောကြားခဲ့ပါတယ်။

နောက်ထပ် ပရော့ဂျက်တွေအနေနဲ့ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ ဝမ်းတွင်း၊ သာစည်၊ တောင်သာ၊ နွားထိုးကြီး၊ ငါးဇွန်း၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ရမည်းသင်း၊ မြင်းခြံ၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မိုးကုတ် စတဲ့ မြို့တွေကိုလည်း ရေအလုံအလောက်ရရှိအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီးအစိုးရက ရေအကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြို့နယ် (၁၃) ခုရှိ ကျေးရွာ (၇၆) ရွာအတွက် မိုးရေသိုလှောင်ရန်ရေလှောင်ကန်များ တည်ဆောက်ဖို့အတွက် စုစုပေါင်း ငွေကျပ်သန်း (၉၀၀) သုံးစွဲခဲ့ပါတယ်။

Bookmark