Movies Mandalay Trend

Vampire ဇာတ်ကားကောင်း ကြည့်ချင်သူတွေအတွက် Fright Night

Read 302 times

ချာလီဟာ သရဲကားတွေအပြင် မစ္စတာ ဗန်ဆန် ရဲ့ သရဲနှိမ်နင်းရေး show တွေကို လေ့လာလိုက်စားတဲ့ အသက် ၁၇ နှစ်အရွယ်ကောင်လေးသာ ဖြစ်တယ်။ အေမီက လှမ်းတားမှု့ကြောင့်ချာလီစိတ်အတော်ဆိုးသွားသည်။ သို့သော် အေမီက မှားမှန်းသိ၍ ချာလီကိုပြန်ချော့ခေါ်ကာ ချာလီကို ပြန်ခေါ်လိုက်လေသည်။

ချာလီဟာ အေမီအပေါ်တွင်စိတ်မဝင်စားတော့ချေ။ချာလီစိတ်တွေက - သူ့အခန်းနဲ့ သူ့ဘေးအိမ်ရဲ့ ပြတွင်းပေါက်က ကပ်လျက်မြင်နေရသည်ကိုသာငေးကြည့်နေမိတော့သည်။

ချာလီတို့ဘေးအိမ်က အတော်ခြောက်ခြားစရာကောင်းပြီး မှောင်နေကာ မြူခိုးတွေနဲ့အတိပြီးနေလေ၏ထိုဘေးအိမ်ကို လူအသစ်တွေပြောင်းလာတယ်လို့ ချာလီသတင်းကြားမိထားတော့ စိတ်ထဲကလည်း သိချင်နေတာပေါ့။

သူ့အိမ်ပြတွင်းပေါက်ကနေ ချာလီမြင်လိုက်ရတာက ထိုအိမ်ထဲမှအနက်ရောင် ခေါင်းတလားကြီးကို အမျိုးသားနှစ်ဦးက ထုတ်သွားပြီးကားပေါ်တင်တာကိုသူမြင်လိုက်တာပါ။ ချာလီသေချာထိုအရာကိုပဲအာရုံစိုက်ကြည့်နေမိတော့လေသည်။ချာလီချစ်သူဟာ အပေါ်ပိုင်းဗလာကျင်းနဲ့သူမကို ဂရုမစိုက်လို့ ဒေါသထွက်ကာ အောက်ထက်ကိုဆင်းသွားလေတယ်။

ချာလီမကောင်းတတ်လို့လိုက်ဆင်းလာပေမဲ့လည်းအောက်ရောက်တော့ ချာလီအမေက အေမီကို သူ့သားနဲ့ အိမ်စာလာလုပ်ပေးလို့ကျေးဇူးတင်တဲ့အကြောင်းပြောနေစဉ်အတွင်းမှာတောင်အောက်က ပြတင်းပေါက်ကနေချာလီဘေးအိမ်ကိုပဲကြည့်နေမိပြန်၏။

ချာလီ ထိုနေ့ညက ကိစ္စကိုမေ့မေ့ပျောက်ပျောက်နဲ့ ကျောင်းသွားတတ်လေတယ်။ကျောင်းနားနေချိန်ရောက်တော့ ချစ်သူလေး အေမီကပြန်လာချော့ကာစကားပြောနေချိန် သတင်းလာလေတော့ ချာလီနားစွင့်မိတာကမြို့စွန်မှာ အလောင်းတစ်လောင်းတွေ့ရတယ်တဲ့။

ချာလီမနေ့ကညက အဖြစ်အပျက်တွေကို ပြန်သတိရမိလာတယ်။ထိုအလောင်းကိစ္စက ဘေးအိမ်က လူသတ်ကောင်လားလို့ ချာလီတွေးနေမိရှာတယ်။ ချာလီအတွေးနယ်ချဲ့ရင်းလမ်းကိုဖြေးညင်းစွာလျှောက်ရင်းအိမ်ပြန်လာခဲ့တယ်။

သူ့အိမ်ကို မိန်းမချောလေးတစ်ယောက် ကလိပ်စာမှားပြီးလာမေးနေချင်းသာအမှန်ကချာလီဘေးအိမ်ကိုလာတဲ့ဧည့်သည်။ချာလီက ဘေးအိမ်ဆိုကာ ညွန်ပြပေးလိုက်တယ်။ ချာလီအမေနဲ့ စကားပြောတော့ ချာလီကိုသူ့အမေက ဘေးအိမ်က လူကအခြောက်ထင်တယ်တဲ့ ချာလီက သူ့အမေကိုဘေးအိမ်က လူက စွံကြောင်းမိန်းမချောလေးတစ်ယောက် ထိုသူဆီလာတာ သူ့ကိုအိမ်မှားလာမေးကြောင်းပြောပြရင်းရယ်ရယ်မောမောပဲ။

ချာလီတို့ဘေးအိမ်က လူကအရပ်ကခပ်မြင့်မြင့် မျက်ခုံးမျက်လုံးကောင်းကောင်းနဲ့အမျိုးသမီးတွေစွဲမက်ဖွယ်ရာကိုယ်ခန္ဓာတောင့်တင်းသူဖြစ်ပြီး သူ့နာမည်က ဂျယ်ရီ ဒန်းဒရစ်။ထိုဘေးအိမ်မှာ ဂျယ်ရီက သူ့အဖော်တစ်ဦးကို ခိုင်းဖို့ခေါ်ထားပြီးထိုအိမ်မှာအမျိုးသားနှစ်ဦးသာလူသစ်ပြောင်းလာကြတာဖြစ်တယ်။

အထက်တန်းကျောင်းသားဆိုတော့ စာများတဲ့ချာလီတစ်ယောက်စာလုပ်နေလေရဲ့ စာလုပ်ရင်းညကနက်လာရော ထိုစဉ်တွင်ဘေးအိမ်မှ အမျိုးသမီးတစ်ဦးရဲ့ကျယ်လောင်စွာအော်ဟစ်သံကိုချာလီကြားလိုက်လေတယ်။

ထိုအော်သံရပ်ပြီးနောက်သံနတ်သံကြီးထပ်ကြားရတော့ ချာလီမနေနိုင်တော့ အောက်ကိုအဆက်မပြတ်ငုံကြည့်နေစဉ် ထိုအိမ်ထဲမှမနေ့ကလို အခေါင်းတလားထမ်းထွက်သွားတာတွေ့ပြန်ရော။

ချာလီလည်းသူ့အမေကို ကြောက်လွန်းလို့သွားနှိုးမိလေရဲ့ သူ့အမေက အိပ်ချင်မူးတူးနဲ့ ချက်ချင်းမထဘူးပေါ့။ ဒါနဲ့ သိချင်စိတ်နဲ့ချာလီဟာ အပြင်ကိုထွက်ခါ ချုံထဲကနေ ချောင်းနေစဉ် သူ့အမေက လိုက်ရှာတော့ ချုံထဲမှ ချာလီကြောက်ဒူးတုန်နေလေပြီထိုအချိန်ချုံလှုပ်သွားလေတယ်။
ဘေးအိမ်ကလူဟာသူ့ကို ချာလီခြေရာခံနေမှန်း အနည်းငယ်ရိပ်မိသွားသရောင် ရှိလေ၏။

ချာလီအိမ်ထဲပြေးဝင်သွားလေတယ်။ ချာလီကိုသူ့အမေက သူဖျားနေတာလားမေးလေရဲ့ချာလီက ဘာမှမဖြစ်ကြောင်းအဆင်ပြေကြောင်းပြောကာ တံခါးတွေလှုံအောင်ပိတ်၍အိပ်လေတော့တယ်။

ကျောင်းရောက်တော့ချာလီစကားသိပ်မပြောဖြစ်ညတုံးက ကိစ္စကိုသာပြန်တွေးရင်းကြောက်နေမိတော့သည်။ ကျောင်းကတီဗီကို ကြည့်လိုက်မိစဉ် သတင်းမှာလူသေတယ်ဆိုပါလာတဲ့ အမျိုးသမီးက ချာလီဘေးအိမ်ကိုလာသော မနေ့က အမျိုးသမီးဖြစ်နေလေရဲ့။

ချာလီဟာ ရဲခေါ်ကာ ဂျယ်ရီအိမ်ကိုဝင်စစ်ဆေးခိုင်းသေးလေရဲ့ သို့ပေမဲ့ ရဲအရာရှိကအေးဆေးပဲချာလီကို သတင်းမှားလျှောက်ပေးတယ်ဆိုကာ ပြန်သွားလေရဲ့။ ချာလီညဘက်ရောက်တော့ထုံးစံအတိုင်း အခန်းထဲက ပြတွင်းပေါက်မှ ကြည့်လိုက်ရာ ဘေးအိမ်က ဂျယ်ရီ ဆိုသူက လက်က လက်သည်းအရှည်ကြီးတွေနဲ့ အမျိုးသမီးတစ်ဦးရဲ့ လည်ပင်းကို အစွယ်ဖြူဖြူဖွေးဖွေးကြီးများနှင့် ဖမ်းစုတ်တော့မည့်အနေအထားကို သူတွေ့လိုက်လေတော့သည်။

ချာလီရပ်ကြည့်နေရင်းကြောက်လွန်းသဖြင့် ခန်းစီးက လှုပ်သွားကာ ဂျယ်ရီဆိုသူမှ တွေ့သွားလေတော့သည်။ ထုံးစံအတိုင်းခနအကြာ ထိုအိမ်ထဲမှခေါင်းတလားတစ်ခု ထမ်း၍သယ်သွားတာသူသိလိုက်လေသည်။

ချာလီအတော်တုန်လှုပ်နေစဉ် ချာလီအမေမှလှမ်းခေါ်လေသည်။ ဘေးအိမ်မှ ဂျယ်ရီလာလည်ကြောင်းပြောတော့ ချာလီမျက်စိမျက်နှာပျက်သွားလေတယ်။ (သွေးစုတ်ဖုတ်တွေရဲ့ ထုံးစံအရ အိမ်ပိုင်ရှင်ရဲ့ဝင်ခွင့်ရမှသာလျှင် သူတို့ ထိုအိမ်ထဲဝင်ခွင့်ရနိုင်ပါတယ်) ချာလီက လက်ဆွဲနှုတ်ဆက်ဖို့ အတော်တုန်ရီနေလေပြီ ချာလီအမေက မရိုင်းသင့်ကြောင်းပြော၍သာ သူ၏လက်တစ်ဖက်ကို လှမ်း၍ကမ်းမိတော့သည်။

ဂျယ်ရီဆိုတဲ့ မကောင်းဆိုးဝါး ချာလီအိမ်ကို အခွင့်ရှိ၍ဝင်လို့ရသွားလေပြီ။ချာလီသူ့အခန်းထဲသူချက်ချင်းဆိုသလိုဝင်လာခဲ့ပြီးတံခါးတွေအလှုံလိုက်ပိတ်လေတော့သည်။ သိပ်မကြာခင်မှာပဲချာလီပြတွင်းပေါက်ကရပ်ကြည့်နေစဉ်သူ့နောက်မှခြေသံကြားရပြီး လက်အေးအေးကြီးနဲ့ သူ့လည်ပင်းကို ညစ်လိုက်လေတယ်။

သူမြင်လိုက်ရတဲ့ ဂျယ်ရီဟာ ဂျယ်ရီရဲ့လူသွင်ပြင်မဟုတ် သူ့ဇာတိရုပ်ဖြစ်တဲ့ သွေးစုတ်ဖုတ်တစ်ကောင်ရဲ့ ပုံသာဖြစ်ပြီး လင်းနို့ဆန်ဆန်မျက်နှာနှင့်ကြောက်မက်ဖွယ် ပုံစံကြီးဖြစ်နေလေ၏။ ချာလီနဲ့ ထိုသွေးစုတ်ဖုတ် ဂျယ်ရီတို့တိုက်ခိုက်ကြလေတယ်။

ဂျယ်ရီဟာ ပြတွင်းပေါက်နားက မှန်ကနေချာလီကို လွင့်ပြစ်တော့မဲ့ စဲစဲအချိန်မှာ ချာလီဟာ လက်မှီရာ ခဲတံကောက်ကိုင်ကာ ဂျယ်ရီလက်ကိုထိုးထည့်လိုက်လေတော့သည်။ ဂျယ်ရီအော်၍ထွက်ပြေးသွားတော့လေသည်။ထိုအချိန်မှာ မိုးလင်းလုစဲစဲအချိန်ဖြစ်သည်။ ချာလီကသူ့အမေကိုရော သူ့သူငယ်ချင်းတွေရောနဲ့ သူ့ကောင်မလေးအေမီရောကိုပါပြောပြလေသည်။သူ့ကိုမည်သူမှမယုံကြည်ကြပါ။

ချာလီရဲ့သေရတော့မှာကိုကြောက်နေတဲ့စိတ်က သူ့ကို သူကြည့်နေကျ သရဲနှိမ်နင်းရေး တီဗီစီးရီးထဲက သွေးစုတ်ဖုတ်ကောင်လိုက်မုဆိုး မစ္စတာ ဗန်ဆန် ဆီကိုသွားအကူအညီတောင်းဖို့သူစိတ်ကူးမိလေတယ်။ ဒေါက်တာဗန်ဆန်က သရုပ်ဆောင်သူ ဖြစ်ပြီး တကယ့်သွေးစုတ်ဖုတ်ကောင်မုဆိုးမဟုတ်ပေ။ ချာလီကိုလဲငြင်းလွတ်လိုက်လေတယ်။

ချာလီထိပ်ထိပ်ပြာပြာဖြစ်ပြီးသူ့သူငယ်ချင်း အဒ် နဲ့ သူ့ချစ်သူ အေမီကိုသွားပြောပြတော့ အေမီကသိပ်မယုံချင်ပေမဲ့ ချာလီကို ချစ်တဲ့စိတ်နဲ့ ဖုတ်ကောင်လိုက်မုဆိုး ဗန်ဆန်ကိုသူမကိုယ်တိုင် ငွေပေးမယ်ဆိုကာသွားခေါ်ခဲ့ပြီး ဂျယ်ရီမကောင်းဆိုးရွားမဟုတ်ကြောင်းချာလီစိတ်ထင်နေတာသက်သေပြဖို့အေမီက ဗန်ဆန်ကိုတောင်းဆိုတော့လေတယ်။

ဗန်ဆန်ရယ် , ချာလီရယ်, အေမီရယ် နဲ့ ချာလီသူငယ်ချင်းဖြစ်သူ အဒ် တို့ ၄ ဦးသားဟာ ဂျယ်ရီအိမ်ကိုထွက်လာခဲ့ကြတယ်။ ဗန်ဆန်က ကားပေါ်မှဆင်းလိုက်တော့ လက်ထဲဘာသေတ္တာမှမယူပဲ ဘုရားသောက်တော်ရည်ရယ်နောက် လက်ဝါးကပ်တိုင် ရယ်သာယူခဲ့လေတယ်။

သူကသက်သေသာပြရုံကိုး ချာလီကလွဲသူတို့အားလုံးစိတ်ထဲမှာ ဂျယ်ရီဟာ လူတစ်ယောက်လို့ပဲထင်ကြတာကိုး ထိုအိမ်ထဲရောက်တော့ ချာလီကသာဖြစ်နေတာ ဂျယ်ရီကို ဗန်ဆန်က လူပဲ မြင်နေပြီး ဘုရားသောက်တော်ရည် ပုလင်းပေးတဲ့အချိန်မှာ မီးလှုံဖိုနားရပ်နေတဲ့ ဂျယ်ရီဟာ ဘုရားသောက်တော်ရည်ကို မီးအနည်းငယ်မသိမသာလေးပြပြီး သောက်ပြလိုက်လေရဲ့။(ဘုရားသောက်တော်ရည်ဟာ မီးအပူထိခဲ့ရင် အစွမ်းမရှိတော့ပါ)

ဗန်ဆန်က ချာလီကို အမြင်ရှင်းပြီလားလှမ်းမေးတော့ ချာလီက ဘုရားသောက်တော်ရည်မစစ်ဘူးဆိုကာပြောလေရဲ့။သူ့လက်ထဲက လက်ဝါးကပ်တိုင်ကို ဂျယ်ရီကိုကိုင်ခိုင်းလေရဲ့။ ဗန်ဆန်လှမ်းတားလိုက်လေတယ်။ပြန်ဖို့စကားပြောနှုတ်ဆက်ရင်း အေမီနဲ့ ဂျယ်ရီစကားပြောနေစဉ် ဗန်ဆန်က အိတ်ထဲက ကြည့်မှန်ထုတ်ကြည့်သွားကြားထိုးနေစဉ်နောက်ကိုမှန်ထဲမြင်ရရာ မှန်ထဲမှာ ဂျယ်ရီရဲ့ အရိပ်မပေါ်ပါ။

ဗန်ဆန်လက်ထဲက မှန်လွတ်ကြသွားလေတယ်မှန်ကို ကုန်းကောက်ရင်း ဗန်ဆန်က ကလေးတွေအကုန်ထွက်ကြဖို့ ထပြောကာသူကကားပေါ်ပြေးတက်ပြီးပြန်ခါနီးချာလီကို ဂျယ်ရီက ဖုတ်ကောင်အစစ်ဖြစ်ကြောင်းပြောသွားလေသည်။

ဗန်ဆန်သတိမထားမိသည်မှာ ဂျယ်ရီအိမ်ထဲမှာကျခဲ့သော သူ့မှန်မှကွဲစ တစ်စပေတည်း ....
ဆက်လက်ပြီး ဘယ်လိုဆက်ဖြစ်ကျမယ်, ဘယ်လို ခြောက်ခြားစရာကောင်းမယ်ဆိုတာကိုကိုယ့်ကိုသာ Fright Night အခွေလေးကြည့်ကြပါလို့။

Bookmark