Travel

ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ရှေးဟောင်းမြို့တော် (၅) မြို့

Read 876 times

နေနဲ့ (၁၅၁.၉၈) မီလီယံကီလိုမီတာ အဝေးမှာရှိတဲ့ ကမ္ဘာမြေကြီးက ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ သက်တမ်း (၄.၅၄၃) ဘီလီယံရှိပြီဖြစ်တဲ့ ကမ္ဘာကြီးမှာ နိုင်ငံပေါင်း (၁၉၅) နိုင်ငံနဲ့ လူသား (၇.၉) ဘီလီယံ နေထိုင်လျက်ရှိပါတယ်။ 

ဒီလို သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာ ရှေးဟောင်း ယဉ်ကျေးမှုတွေ၊ ပစ္စည်းတွေ၊ အဆောက်အအုံတွေ၊ နေရာတွေ အပြင် ရှေးဟောင်းမြို့တော်တွေက ထောင်သောင်းချီရှိပါတယ်။ ဒီလိုထောင်သောင်းချီတဲ့ ရှေးဟောင်းအရာတွေထဲကမှ ရှေးအကျဆုံးမြို့တော် (၅) မြို့ကို ဖော်ပြပေးလိုက်ပါတယ်။

(5) အာဂို့စ်မြို့ (ဂရိနိုင်ငံ)

ဂရိနိုင်ငံရဲ့ ရှေးအကျဆုံးမြို့တစ်မြို့ဖြစ်ပြီး အေသင်မြို့အနီးမှာတည်ရှိပါတယ်။ မြို့က နှစ်ပေါင်း (၇၀၀၀) ကျော်သက်တမ်းရှိပြီး မြေသြဇာကောင်းလွန်းတဲ့ လွင်ပြင်တွေရှိတာကြောင့် စီးပွားရေးမှာ တန်းခိုးဩဇာရှိတဲ့ မြို့ဖြစ်ပါတယ်။ 

12 oldest continuously inhabited cities

(4) အေသင်မြို့ (ဂရိနိုင်ငံ)

ကမ္ဘ့ာပေါ်မှာ အတွေးအခေါ်ပညာ၊ ဒီမိုကရေစီနဲ့ အနောက်တိုင်းယဥ်ကျေးမှုတွေ စတင်ထွန်းကားပြန်ပွားလာတဲ့ ဘူမိနက်သန်နေရာဖြစ်ပါတယ်။ နှစ်ပေါင်း (၇၀၀၀) ကျော် သက်တမ်းရှိပြီး ရှေးခေတ် ဗိသုကာလက်ရာတွေကို ထိန်းသိမ်းထားတဲ့ အေသင်မြို့က ဂရိနိုင်ငံရဲ့ လက်ရှိမြို့တော်လည်းဖြစ်ပါတယ်။ 

12 oldest continuously inhabited cities

(3) အလက်ပိုမြို့ (ဆီရီးယားနိုင်ငံ)

အလက်ပိုမြို့မှာ လက်ရှိအချိန်ကာလအထိ လူတွေနေထိုင်ခဲ့တာ နှစ်ပေါင်း (၈၀၀၀) လောက်ရှိပြီဖြစ်ပေမယ့် ရှေးဟောင်းပစ္စည်းအထောက်အထားတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၃၀၀၀) လောက်ကတည်းက လူတွေနေထိုင်ခဲ့ကြတယ်လို့ လေ့လာမှုတွေကြောင့် သိရပါတယ်။ 

မြေထဲပင်လယ်၊ မက်ဆိုပိုတေးမီးယား၊ တရုတ်ပိုးလမ်းမကြီးတို့ အဆုံးမှာတည်ရှိနေတာကြောင့် ရှေးဟောင်းမြို့တော်တွေထဲမှာ စီးပွားရေး၊ လူမှုရေး အချက်အချာကျခဲ့တဲ့ မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။

12 oldest continuously inhabited cities

(2) ဂျယ်ရီကိုမြို့ (ပါလက်စတိုင်းနိုင်ငံ)

ဘီစီ (၆၈၀၀) လောက်ကစတည်ခဲ့တဲ့ ဂျယ်ရီကိုမြို့ဟာ လက်ရှိလူဦးရေ (၂၀၀၀၀) နီးပါးခန့်နေထိုင်လျက်ရှိပါတယ်။ နှစ်ပေါင်း (၉၆၀၀) ကျော်သက်တမ်းရှိတဲ့ ဂျယ်ရီကိုမြို့က ဂျော်ဒန်မြို့အနီးမှာ တည်ရှိပြီး တောင်နံရံနဲ့ တောင်ကမ်းပါးတွေကို မြို့တည်ထားပါတယ်။ 

12 oldest continuously inhabited cities

(1) ဒမတ်စကပ်မြို့ (ဆီးရီးယားနိုင်ငံ)

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့က ကမ္ဘာပေါ်မှာရှိတဲ့မြို့တွေထဲမှာ ရှေးအကျဆုံးမြို့ဖြစ်ပါတယ်။ ဒမတ်စကပ်မြို့ဟာ ဘီစီ (၃၃၃) တုန်းက အလက်ဇန္တားသည်ဂရိတ်ရဲ့ သိမ်းပိုက်ခြင်းကို ခံရပြီး နှစ်ပေါင်း (၁၀၀၀) လောက်အထိ ဂရိယဥ်ကျေးမှု ထွန်းကားခဲ့ပါတယ်။ နောက်ပိုင်းမှာ ခရစ်ယာန် ဘာသာပြန့်ပွားလာပြီး ဘိုင်ဇိုင်းတိုင်းအင်ပါယာအတွက် စစ်ရေးအချက်အချာမြို့ ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ဘီစီ (၈၀၀၀) ကနေ (၁၀၀၀၀) အတွင်း မြို့ကိုစတည်ထောင်ခဲ့ပြီး ယနေ့အချိန်ထိ လူတွေနေထိုင်လျက်ရှိပါတယ်။ မြို့သက်တမ်းရင့်တာနဲ့အညီ ယဉ်ကျေးမှုတွေလည်း အကြိမ်ကြိမ်ပြောင်းလဲခဲ့ရပါတယ်။

12 oldest continuously inhabited cities

Bookmark