Things to do in Mandalay
အလန်းစားစိတ်ကူးတွေနဲ့ တီထွင်ဖန်တီးမှုတွေကိုု ရှုစားနိုင်မယ့် Maker Festival ပွဲကြီး
Read 304 times
Maker Festival ဆိုုတဲ့အတိုုင်း အလန်းစားစိတ်ကူးတွေနဲ့ တီထွင်ဖန်တီးမှုတွေကိုု ရှုစားရမယ့် ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘယ်သူတွေ ပါဝင်သွားမှာလဲ နည်းပညာသမားတွေ၊ လက်မှုပညာရှင်တွေ၊ စက်ပစ္စည်းတွေ ကလိရတာ ၀ါသနာပါသူတွေ၊ အင်ဂျင်နီယာတွေ၊ အနုုပညာရှင်တွေနဲ့ မြန်မာတစ်ပြည်လုုံးက ကျောင်းသားတွေပါဝင်သွားမှာဖြစ်လို့ အချင်းချင်း အိုုင်ဒီယာတွေ၊ အတွေ့အကြုံတွေကိုလည်း ဖလှယ်နိုင်မှာ ဖြစ်ပါတယ်။
Read More>>>ပန်းမျိုးစိတ်၃ဝကျော်နဲ့ အပင်းပေါင်း ၂သိန်းကျော် စိုက်ပျိုးပြသမယ့် နေပြည်တော်ပန်းပွဲတော်
ဒါ့အပြင် ပရောဂျက်ပြခန်းတွေ၊ ပြိုင်ပွဲအစီအစဉ်တွေနဲ့ ကိုုယ်တိုုင်ပါဝင်လေ့လာရမယ့် ဆွေးနွေးပွဲ (Workshop) တွေလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ လူငယ်တွေကိုယ်တိုင်ပြုလုပ်ထားတဲ့ စက်ရုုပ်တွေနဲ့ ပရောဂျက်တွေ၊ ရိုုးရာလက်မှုပညာကိုု ဆန်းသစ်ထားတဲ့ အနုုပညာ ပြကွက်တွေ၊ အိမ်မှာ ကိုုယ်တိုုင်လုုပ်ကြည့်နိုုင်တဲ့ တစ်နိုုင်တစ်ပိုုင် ပစ္စည်းလေးတွေ၊ အွန်လိုုင်းပေါ်မှာပဲ မြင်ဖူးပြီး အပြင်မှာ မတွေ့ဖူးသေးတဲ့ ဆန်းဆန်းပြားပြားတွေကိုု မျက်ဝါးထင်ထင်တွေ့ရမှာဖြစ်လို့ လုံးဝလက်လွတ်မခံသင့်ပါဘူး။
စက်ရုပ်ပြိုင်ပွဲလည်း ပါတာကြောင့် ကိုုယ်သဘောကျတဲ့အဖွဲ့နဲ့ စက်ရုုုုပ်ကိုု အားပေးနိုင်ပြီး ဝါသနာပါရင် ကိုယ်တိုင်လည်း ဝင်ပြိုင်လို့ရပါတယ်။ ဒီပွဲကိုတော့ ဖေဖော်ဝါရီလ ၂၂ရက်နေ့ နံနက် ၉နာရီမှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည် ၄နာရီထိ Jefferson Center, Mandalay ( အမှတ် ၅၂၊ ၂၆ လမ်းနှင့် ၇၂လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ် ) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီပွဲကို တက်ရောက်မယ့်သူတွေအနေနဲ့ ဓာတ်ပုံပါတဲ့ကတ်ပြားတစ်ခုခု ယူလာဖို့လိုပါတယ်။ စမတ်ဖုန်းနဲ့ တက်ပ်လက်တွေ ယူဆောင်လာလို့ရပါတယ်။ ဒါပေမဲ့ လက်ပ်တော့ကွန်ပျူတာတို့၊ ကင်မရာတို့၊ သံသတ္ထုနဲ့လုပ်ထားတဲ့ ထည့်စရာနဲ့ အခြားပစ္စည်းကိရိယာတွေကိုတော့ ယူဆောင်လာခွင့် မပြုထားပါဘူး။
My Mandalay
Unicode
Workshop တွေလည်း အခမဲ့တက်ရောက်နိုင်ပြီး သုံးဖက်မြင် ပရင့်ထုတ်တာတွေ (3-D printing)၊ ကွန်ပျူတာ၊ ဖုန်း ပရိုဂရမ်ရေးတာတွေနဲ့ အခုခေတ် ၂၁ ရာစုမှာ မသိမဖြစ်သိထားရမယ့် ဗဟုသုတ အသစ်တွေအကြောင်းကို ပို့ချပေးသွားမယ့် Maker Festival ပွဲတော်ကြီးကို ဖော်ပြပေချင်ပါတယ်။
Maker Festival ဆိုတဲ့အတိုင်း အလန်းစားစိတ်ကူးတွေနဲ့ တီထွင်ဖန်တီးမှုတွေကို ရှုစားရမယ့် ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘယ်သူတွေ ပါဝင်သွားမှာလဲ နည်းပညာသမားတွေ၊ လက်မှုပညာရှင်တွေ၊ စက်ပစ္စည်းတွေ ကလိရတာ ၀ါသနာပါသူတွေ၊ အင်ဂျင်နီယာတွေ၊ အနုပညာရှင်တွေနဲ့ မြန်မာတစ်ပြည်လုံးက ကျောင်းသားတွေပါဝင်သွားမှာဖြစ်လို့ အချင်းချင်း အိုင်ဒီယာတွေ၊ အတွေ့အကြုံတွေကိုလည်း ဖလှယ်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပရောဂျက်ပြခန်းတွေ၊ ပြိုင်ပွဲအစီအစဉ်တွေနဲ့ ကိုယ်တိုင်ပါဝင်လေ့လာရမယ့် ဆွေးနွေးပွဲ (Workshop) တွေလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ လူငယ်တွေကိုယ်တိုင်ပြုလုပ်ထားတဲ့ စက်ရုပ်တွေနဲ့ ပရောဂျက်တွေ၊ ရိုးရာလက်မှုပညာကို ဆန်းသစ်ထားတဲ့ အနုပညာ ပြကွက်တွေ၊ အိမ်မှာ ကိုယ်တိုင်လုပ်ကြည့်နိုင်တဲ့ တစ်နိုင်တစ်ပိုင် ပစ္စည်းလေးတွေ၊ အွန်လိုင်းပေါ်မှာပဲ မြင်ဖူးပြီး အပြင်မှာ မတွေ့ဖူးသေးတဲ့ ဆန်းဆန်းပြားပြားတွေကို မျက်ဝါးထင်ထင်တွေ့ရမှာဖြစ်လို့ လုံးဝလက်လွတ်မခံသင့်ပါဘူး။
My Mandalay
Bookmark