တကောင်းခေတ်မှ ရတနာပုံခေတ်အထိ ခေတ်အဆက်ဆက် မင်းအဆက်ဆက် မင်းနေပြည်တော်များထူထောင်ပြီး အုပ်ချုပ်ခဲ့သော သမိုင်းရာဇဝင် တည်တံ့ခံ့ညားသော တိုင်းဒေသကြီးဖြစ်သည်။
ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော ပုဂံမင်းမြတ် အနော်ရထာမင်း လက်ထက်မှ စတင်၍ ယခုတိုင် တိုင်းအတွင်းရှိလယ်တွင်း(၉)ခရိုင်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် အထူးပင်ထွန်းကားလှပေသည်။
တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့ (ခေါ်) ရတနာပုံမင်းနေပြည်တော်ကြီးသည် မင်းတုန်းမင်းကြီးလက်ထက် ၁၈၅၉ ခုနှစ်တွင်တည်ထောင်ခဲ့သည်။
မန္တလေးမြို့သည် အထက်မြန်မာပြည်တွင် စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစုံရာ အချက်အချာကျသော မြို့ကြီး ဖြစ်သည်။
အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေးလမ်းကြောင်း ပေါင်းဆုံရာ မြို့ကြီးဖြစ်သည့်အပြင် အထက်မြန်မာပြည်ရှိတိုင်းရင်းသားလူမျိုးများ၏ စီးပွားရေး အချက်အချာကျသည့် မြို့ကြီးလည်းဖြစ်သည်။
မန္တလေးမြို့ရဲ့ ထင်ရှားတဲ့နေရာ ( ၁၀ ) ခုက ဘယ်လို ဖြစ်တည်လာသလဲ
ရှးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် ကြည်နူးဆွတ်ပျံ့ဖွယ် အလှတရားတို့ဖြင့် ပေါင်းစည်း ပြည့်စုံနေသော မန္တလေးမြို့ကြီးကို တစ်ခါတစ်ခေါက် ရောက်ဖူးရုံဖြင့် မေ့မရနိုင်အောင် ဖြစ်ကြရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ပိုးထည်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်း ၊ ပန်းဆယ်မျိုးလုပ်ငန်း ၊ ရွှေဆိုင်း ၊ ရွှေပြားခတ်လုပ်ငန်း၊ ချည်ထည်လုပ်ငန်း၊ ထိုးမုန့် ၊ လမုန့် လုပ်ငန်းတို့မှာ တွင်ကျယ်သော လုပ်ငန်းများဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် (၇)ခု နှင့် မြို့နယ်ပေါင်း (၂၈) ခု ရှိသည်။
ခရိုင် (၇)ခု
၁။ မန္တလေးခရိုင်
၂။ ကျောက်ဆည်ခရိုင်
၃။ မိတ္ထီလာခရိုင်
၎။ မြင်းခြံခရိုင်
၅။ ညောင်ဦးခရိုင်
၆။ ပြင်ဦးလွင်ခရိုင်
၇။ ရမည်းသင်းခရိုင်
>>> ခရီးသွားလုပ်ငန်းများ
မြို့နယ်ပေါင်း (၂၈) ခု
၁။ အောင်မြေသာဇံ
၂။ ချမ်းအေးသာဇံ
၃။ မဟာအောင်မြေ
၎။ ချမ်းမြသာစည်
၅။ ပြည်ကြီးတံခွန်
၆။ အမရပူရ
၇။ ပုသိမ်ကြီး
၈။ ပြင်ဦးလွင်
၉။ မတ္တရာ
၁၀။ စဥ့်ကူး
၁၁။ မိုးကုတ်
၁၂။ သပိတ်ကျဉ်း
၁၃။ ကျောက်ဆည်
၁၄။ စဥ့်ကိုင်
၁၅။ မြစ်သား
၁၆။ တံတားဦး
၁၇။ မြင်းခြံ
၁၈။ တောင်သာ
၁၉။ နွားထိုးကြီး
၂၀။ ကျောက်ပန်းတောင်း
၂၁။ ငါန်းဇွန်
၂၂။ ညောင်ဦး
၂၃။ ရမည်းသင်း
၂၄။ ပျော်ဘွယ်
၂၅။ မိတ္ထီလာ
၂၆။ မလှိုင်
၂၇။ သာစည်
၂၈။ ဝမ်းတွင်း