ဝါလ ကင်းလွတ်သီတင်းကျွတ်
ဆီမီးခွက်
သီတင်းကျွတ်ကာလ မီးထွန်းပွဲတော် အချိန်အခါသို့ရောက်တော့မယ်ဖြစ်၍ ဆီမီးထိန်ထိန် ထွန်းလိုသူများအတွက် ဆီမီးခွက်ဟူသည် သီတင်းကာလ၏ တန်ဆာတစ်ခုပင် မဟုတ်ပါလော။
ဈေးနှုန်း - တစ်ခု၂၅ ကျပ်
ဝယ်ယူနိုင်သည့်နေရာ- အိမ်တော်ရာ ဘုရားဝင်းအတွင်း နှင့် ဈေးများ
မီးပုံး
မိမိ အိမ်ရှေ့ ဆင်ဝင်များတွင်သော်လည်းကောင်း၊ သစ်ပင်လေးများတွင်သော်လည်းကောင်း မီးပုံးလေးများ အလှဆင် ချိတ်ဆွဲခြင်းဟာလည်း သီတင်းကျွတ်ကာလ၏ ချစ်စဖွယ် မြင်ကွင်းတစ်ခုဖြစ်ပါသည်။ ဘာဂျာမီးပုံး ၊ ဆီစိမ်မီးပုံး စသည်ဖြင့် အမျိုးမျိုး အစားစားရှိပါသည်။
ဈေးနှုန်း- စက္ကူ မီးပုံးလေးများအား ၅၀၀ ကျပ်မှ စတင်၍ ဝယ်ယူနိုင်သည်။
ဝယ်ယူနိုင်သည့်နေရာ- လမ်းဘေး မီးပုံးဆိုင်များ
မီးရှူးမီးပန်းများ
သီတင်းကျွတ်ကာလတွင် ဖြူ ၊ နီ ၊ ပြာ ၊ ဝါ အရောင်စုံ မီးရှူး မီးပန်းများ ပစ်လွတ်လေ့ ရှိသည်။ မီးရှူး မီးပန်းများအား သတင်းကျွတ် မတိုင်မီသော်လည်းကောင်း၊ သီတင်းကျွတ်ကာလ အတွင်းသော်လည်းကောင်း ဝယ်ယူရရှိနိုင်ပါသည်။
ဈေးနှုန်း- ငွေ ၁၀၀ ကျပ်မှ အမျိုးအစားပေါ်လိုက်၍ ဈေးနှုန်းကွဲပြားနိုင်သည်။
ဝယ်ယူနိုင်သည့်နေရာ- စတိုးဆိုင်များ
မီးပုံပျံများ
တောင်ကြီး ၊ အင်းလေး ၊ ပြင်ဦးလွင် နှင့် ပုဂံဒေသ များတွင် မီးထွန်းပွဲကာလ အတွင်းမီးပုံပျံလွှတ်ပွဲများ ကျင်းပလေ့ရှိသည်။
ဈေးနှုန်း- ၁၅၀၀ ကျပ်မှ စတင်၍ အစားစား ဝယ်ယူနိုင်သည်။
ဝယ်ယူနိုင်သည့်နေရာ- မီးပုံးအရောင်းဆိုင်များ
လက်ဆောင်ပစ္စည်းများ
ဝါလကင်းလွတ်သီတင်းကျွတ်တွင် မြန်မာရိုးရာ အစဉ်အလာမပျက်၊ လူကြီး၊မိဘ ၊ ဆရာ ၊ ဆရာမ များအားကန်တော့လေ့ ရှိကြသည်မှာ ချစ်စရာကောင်းသော ဓလေ့တစ်ခုဖြစ်ပါသည်။လက်ဆောင်ပေးရန် ပစ္စည်းအမျိုးအစားပေါင်းများစွာ လက်ဆောင်ခြင်းများ၊ စားသောက်ဖွယ်ရာများ ၊ အဝတ်အစားများအား အများဆုံးဝယ်ယူလေ့ရှိသည်။
ဈေးနှုန်း- လက်ဆောင်ခြင်းများအား ၂၅,၀၀၀ ကျပ်မှစတင်၍ အစားစားရှိသည်။
ဝယ်ယူနိုင်သည့်နေရာ- Plaza များနှင့် Supermarket များ
လျှပ်စစ်မီးပန်းများ
ဆီမီးပူဇော်ရုံသာမက လျှပ်စစ်မီးလုံး၊ မီးဆိုင်းများအားသုံး၍ မီးပူဇော်သူများလည်းရှိပါသည်။ မီးဘေးအန္တရာယ် ကာကွယ်ရန်သော်လည်း၊ ဖယောင်းတိုင်သုံး၍ ဆီမီးပူဇော်လျှင် အချိန် ကြာမြင့်စွာ မပူဇော်နိုင်သည့် အတွက်သော်လည်းကောင်း၊လျှပ်စစ်အားသုံး မီးဆိုင်များအား အသုံးပြုကြပါသည်။
ဈေးနှုန်း- ၃၀၀၀ ကျပ်မှ စတင်၍ ၊ အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွဲပြားသည်။
ဝယ်ယူနိုင်သည့်နေရာ- လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ
ဖယောင်းတိုင်
သီတင်းကျွတ်ကာလ၏ မရှိမဖြစ် အရာတစ်ခုမှာ ဖယောင်းတိုင်ဖြစ်ပါသည်။ ဆီမီးထွန်းညှိပူဇော်ရန် ဖယောင်းတိုင် အသေးလေးများမှ ၊ သစ်သီးပုံသဏ္ဌန် ၊ ပန်းပွင့်ပုံသဏ္ဌန် စသည့်ဖန်တီးပြုလုပ်ထားသော ချစ်စဖွယ် ထွန်းညှိထားစရာ ဖယောင်းတိုင်များအထိ ဝယ်ယူရရှိနိုင်ပါသည်။
ဈေးနှုန်း- အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွဲပြားသည်။
ဝယ်ယူနိုင်သည့်နေရာ- Ocean ၊ Super market များ ၊ Plaza များနှင့် လမ်းဘေးဆိုင်များတွင် သီိတင်းကျွတ်ကာလ အတွင်း ဝယ်ယူရရှိနိုင်သည်။