Things to do in Mandalay

Silver Sky Showroom & Industry (Silver Ware)

Read 1502 times

Silver Sky  Showroom & Industry (Silver Ware) ရိုးရာလက်မှုပညာငွေထည်အရောင်းဆိုင်

 

 

ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သော မိဘရိုးရာ ငွေထည် လုပ်ငန်းဖြစ်သည်။

 

ကျယ်ဝန်းသော ခန်းမကြီးတွင် ငွေထည်လက်မှုပညာအစွမ်းပြထားသည့် ရုပ်လုံး ပစ္စည်းနှင့် အသုံး အဆောင်များက လာရောက်သူများကို ဖမ်းစားထားသည်။ ငွေထည်၊ ကြေး ထည်ပစ္စည်းများကြားတွင် ကျွဲအရိုး၊ နွားအရိုးနှင့် ပြုလုပ်သောအရုပ်များ၊ ကျောက်စိမ်းအရုပ် များသည်လည်း Showcase မှန်ဘီဒိုထဲတွင် ပျောက်ကြားပျောက်ကြားတွေ့ရ၏။

 

မြန်မာ့ရိုးရာ ဇာတ်တော်လာရုပ်လုံးကြွသရုပ်ဖော်ပုံများဖြင့် ကြီးမားသော ငွေ ဖလားကြီးများသည် မြင်သူ တကာကို ငေးစေ၏။ သို့ဖြင့် ငွေရောင်ဖိတ်ဖိတ်တောက်နေေ သာ မြင်းရုပ်၊ ဆိုင်းဝိုင်းရုပ်၊ ကွမ်းအစ်ရုပ်၊တောင်းပလုံးရုပ် စသည့် အရုပ်မျိုးစုံကို လည်းကောင်း၊ ငါးဆင့်ချိုင့်၊ ဆွမ်းတော်အုပ်၊ ဘုရားပန်းအိုး၊ ရေစက်ချကရားနှင့်ခွက်၊ အရွယ် စုံသော ငွေဖလားတို့ကို လည်းကောင်း၊ ဆွဲကြိုး၊ လက်စွပ်နှင့် နားဆွဲတို့ကဲ့သို့ အလှဆင် ပစ္စည်းတို့ကိုလည်းကောင်း၊ ဆိုင်ထဲတွင် ရှာဖွေတွေ့ရှိနိုင် ပါသည်။ ရွှေကို (Tical) နှင့် ချိန်ရောင်းသော်လည်း ငွေကိုမူ အလေးချိန် တိုလာ (Tola) နှင့်ရောင်းရ၏။ တိုလာ ၁၀၀ ကို ၁-ဂရမ် အလေးချိန်နှင့် ညှိထားသည်။ သေးငယ်သော ဆွဲကြိုးတို့ကို မချိန်ဘဲ ဒုံးရောင်း ရသော်လည်း ကျန်ပစ္စည်းကို ချိန်ရောင်းရ၏။ ဈေးနှုန်းအားဖြင့် (Ks-10,000 – 60 Lakhs) အထိရှိသည်။ ငွေဖလားကြီးတစ်လုံးထဲပင် ကျပ်ငွေ ၅၅ သိန်းခန့် တန်ကြေးရှိသည်။ စက်တင်ဘာလမှ ဧပြီလအထိ ခရီးသွားများအလာများ၍ ၀ယ်ယူကြကြောင်းသိရသည်။

         

       အရောင်းဆိုင်နှင့်ကပ်၍ နောက်ဖက်တွင်ကား အလုပ်ရုံကြီးထားရှိပါသည်။ ကုန် ကြမ်းကို ရွှေလှော်ဖိုများမှဝယ်ယူရသည်။ ရွှေထွက်သောနေရာတွင် ငွေပါဝင်လေ့ရှိသောကြောင့် ရွှေကို သန့်စင် ထုတ်ယူလျှင် ငွေကိုလည်းရ၏။ နိုင်ငံခြားသားအချို့က Email ဖြင့် လိုချင်သော ကနုတ်ပန်းဒီဇိုင်းကိုပို့၍ ပြုလုပ်ခိုင်းတတ်သည်။ အချို့က လက်ဝတ်လက်စားပြုလုပ်ရာတွင် သုံးရန် ငွေပြောင်ထည်ကို ၀ယ်ကြသည်။ အချို့က ဘုရားခန်းသုံးပစ္စည်းကို ၀ယ်ကြသည်။ ကမ္ဘောဒီးယား၊ ထိုင်းနှင့် အ၀ယ်များသော အိန္ဒိယလူမျိုးတို့က ၀ယ်လက်များဖြစ်သည်။

       

               နိုင်ငံခြားမှ ငွေထည်လုပ်ငန်းပညာရှင်တို့သည် မြန်မာတို့ကဲ့သို့ ဖောင်းကြွသရုပ်ဖော်အရုပ်များ ပြုလုပ်ခြင်းပညာကို မမှီနိုင်သောကြောင့် လာရောက်ဝယ်ယူကြခြင်းဖြစ်သည်။

Opening Date : 1990

Opening Hrs: 8 am – 10 pm

Address: Ywahtaung, Sagaing, Mandalay

Tel: 09-2003383

E-mail: [email protected]

Bookmark