What's New

ရာသီတုပ်ကွေးကြောင့် နှစ်စဉ် သေဆုံးသူ ၅ သိန်းကျော်ထိ ရှိနေ

Read 398 times

အဆိုပါ ရာသီတုပ်ကွေးသည် အသက် ၅ နှစ်အောက် ကလေးငယ်များ၊ အသက် ၆၅ နှစ်အောက် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ နာတာရှည် ဆီးချိုရောဂါသည်များ၊ ကိုယ်ခံအား ကျဆင်းသူများတွင် ပိုမို ဖြစ်ပွားလေ့ ရှိပါသည်။

Influenza A( H3N2 )၊ A( H1N1 )၊ A( H3N2 )pdm09 နှင့် Influenza B များသည် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အဓိက ဖြစ်ပွားသည့် တုပ်ကွေးများ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ကုသိုလ်ဖြစ်ဆေးခန်းများ

ထို့ကြောင့် ကလေး၊ လူကြီးမရွေး ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ကောင်း၏ ဆိုသည့်အတိုင်း ရောဂါမကူးစက်စေရန်နှင့် မဖြစ်ပွားစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတိပေးချက်များအတိုင်း ကြိုတင် ကာကွယ်ထားသင့်ပါသည်။

ရာသီတုပ်ကွေး ရောဂါလက္ခဏာများမှာ အဖျားရှိခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် နုံးခွေခြင်း တို့ ဖြစ်သည်။

အစိုးရ ဆေးရုံများ နှင့် ပြည်ပဆေးရုံများ

အဖျားကြီးလွန်းခြင်း၊ အသက်ရှူကြပ်ခြင်း၊ သတိလစ်ခြင်းနှင့် ဂနာမငြိမ်ခြင်း ကဲ့သို့သော ပြင်းထန်လက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်၍ ဆေးကုသမှု ခံယူသင့်ပါသည်။

လူထူထပ်သည့် နေရာများသွားသည့်အခါ၊ နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်းမှာ ပါးစပ်နှင့် နှာခေါင်းကို သေချာစွာ ဖုံးအုပ်ခြင်း၊ ဗီတာမင်စီ ပါဝင်သည့် အစားအစာများ စားသုံးခြင်း၊ ရေများများသောက်ခြင်း၊ ကိုယ်ခံအားကောင်းစေရန်အတွက် ကောင်းစွာ အနားယူခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း စသည့် အချက်များကို လိုက်နာခြင်းဖြင့်လည်း ကြိုတင် ကာကွယ်နိုင်ပါသည်။

ပုဂ္ဂလိကဆေးရုံမျာ နှင့် ပုဂ္ဂလိကဆေးခန်းများ

ထို့ပြင် မိမိတွင် တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက အခြားသူများသို့ မကူးစက်စေရန် မိသားစုနှင့် နီးကပ်စွာ နေထိုင်ခြင်း ၊ ကျောင်း၊ ဈေး၊ လုပ်ငန်းခွင်နှင့် လူထူထပ်သောနေရာများသို့ သွားလာခြင်းတို့ကိုလည်း ရှောင်ကြဉ်သင့်ပါသည်။

 

Bookmark