Mandalay Trend

မန္တလေးစျေးကွက်တွင် မြေပဲဝယ်လိုအားကောင်းနေ၍ စျေးနှုန်းမြင့်တက်

Read 460 times

ဒီနှစ်မှာတော့ မန္တလေးမြေပဲစျေးကွက်မှာ တရုတ်နိုင်ငံဝယ်လိုအား ကောင်းနေသောကြောင့် ယခင်နှစ်တွေကထက် စျေးနှုန်းမြင့်တက်နေတယ်လို့ ပွဲရုံပိုင်ရှင်တွေထံက သိရပါတယ်။

အရင်နှစ်ကအခုလိုအချိန်တွေမှာ အရောင်းအဝယ်နည်းပါးနေတတ်ပြီးတော့ စျေးနှုန်းကျဆင်းလေ့ ရှိကြပါတယ်။ ဒီနှစ်မှာတော့ မြေပဲလုံးဆံတင်မက မြေပဲဆီဆံနှင့် ရွေးကျမြေပဲဆံတွေကို ပါလိုက်လံဝယ်ယူနေတာကြောင့် စျေးနှုန်းမြင့်တက်နေရတာလို့ သိရပါတယ်။

တရုတ်နှစ်ကူးနီးလာချိန်တွေမှာ ပဲမျိုးစုံစျေးကွက်ငြိမ်သက်နေတာက အစဥ်အလာတစ်ခုလို ဖြစ်လေ့ရှိပြီး ဒီနှစ်မှာတော့ ကျန်ပဲမျိုးစုံစျေးကွက် အေးနေသည့်တိုင် မြေပဲစျေးကွက်မှာ ထူးထူးခြားခြား လှုပ်ရှားနေပါတယ်။

(၂၀၂၀)ဒီဇင်ဘာလထဲတွင် မြေပဲလုံးဆံ တစ်ပိဿာကို ကျပ်(၂၇၀၀) ဝန်းကျင်ရှိခဲ့ပေမယ့် ယခု ဇန်နဝါရီလထဲမှာတော့ တစ်ပိဿာကို ငွေကျပ် (၃၂၀၀) ထိစျေးနှုန်း မြင့်တက်ခဲ့ပါတယ်။ ပြည်တွင်း မြေပဲဆီစျေးနှုန်းတွေဟာလည်း မြေပဲစျေးနဲ့အတူ လိုက်ပါမြင့်တက်လျက်ရှိပါတယ်။

 

Bookmark