Business

အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ မှတ်ပုံတင်ခြင်းကို Online Booking စနစ်ဖြင့် လျှောက်ထားခွင့်ပြု

Read 379 times

ကိုဗစ်ကာလအတွင်းူးစက်မှုကြောင့် လူစုလူဝေး ဖြစ်ပေါ်စေမည့် အခြေအနေများအားကို တတ်နိုင်သမျှ ရှောင်ရှားသည့်သည့်အနေဖြင့် အစိုးရရုံးဌာနများသည် Onlineစနစ်ဖြင့် လျှောက်လွှာတင်ခြင်း ကိစ္စရပ်များကို စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါသည်။


မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ကြေညာချက်အရ အလှကုန်နှင့် /လူသုံးကုန်ပစ္စည်းများ မှတ်ပုံတင်ရန်တမ်းတင် လျှောက်ထားခြင်းများအတွက် Online Booking လျှေရက်ချိန်းကြိုတင်လျှောက်ထားမှုများမှုအား ပြီးခဲ့သော ၂၀၂၀၊ အောက်တိုဘာလ (၂၈) ရက်နေ့က (၂၈-၁၀-၂၀၂၀) ရက် နေ့တွင်(၄)ပတ်စာ ဖွင့်လှစ်ပေးထားခဲ့ပြီး ဖြစ်ပါသည်ဟု သိရသည်။။ 


ထို့ပြင် စာအတွက် ဖွင့်လှစ်ပေးမည် ကိစ္စနှင့်ပတ်သက်၍ လိုအပ်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍များနှင့် ကြိုတင်ပြင်ဆင်ရန် အချက်အလက်များကို ထပ်မံ အသိပေး ကြေညာထားသည်။ပါသည်။ (၂၄-၁၁-၂၀၂၀)ရက်(အင်္ဂါနေ့) နေ့လည်(၁၂)နာရီကတည်းက (၁)ပတ်ကြိုတင်၍ (၄)ပတ်စာ Online Booking ဖွင့်လှစ်ခြင်းကို ဆောင်ရွက်နေတာဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် Booking ရယူပြီး ပယ်ဖျက်လိုပါက တပတ်ကြိုတင်၍ Cancellation ပြုလုပ်ရမှာ ဖြစ်ပါသည်။


Booking ရရှိသည့် နေ့ရက်ကို ကြေညာပေးမှာဖြစ်ပြီး ထိုနေ့ကို လာရောက်အပ်နှံရန် ပျက်ကွက်ပါက Online ရယူခွင့်ကို(၂)လ  ပိတ်သိမ်းသွားမှာ ဖြစ်ပါသည်။ Booking ပြုလုပ်ခွင့်နေ့တွေကတော့ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ (၁/၂/၃/၈/၁၀/၁၅/၁၆/၁၇/၂၂/၂၃/၂၄/၂၉/၃၀) စတဲ့ရက်တွေ ဖြစ်ပါသည်။


အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးပစ္စည်းဌာနခွဲ၏ Online Booking ဖွင့်လှစ် ပေးခြင်းနှင့်ပတ်သက်၍ ၃၀-၁၁-၂၀၂၀ ၊တနင်္လာရက်နေ့သည် တန်ဆောင်တိုင် ရုံးပိတ်ရက်ဖြစ်သည့် အတွက် Medical Device အတွက် Online Booking ကို (၁-၁၂-၂၀၂၀)၊ အင်္ဂါရက်နေ့၊ နေ့လည်(၁၂)နာရီတွင် ဖွင့်လှစ်ပေးသွားမှာ ဖြစ်သည်ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက် အရ သိရသည်။ 

By Mandalay Directory

FDA

Bookmark