About Mandalay

မြန်မာနိုင်ငံ၏ ပထမဆုံးသော ဆောင်းဒါးရက်ကန်းကျောင်း

Read 489 times

မြန်မာနိုင်ငံသို့ လွန်းပျံစက်ရက်ကန်းများ ရောက်ရှိလာပုံမှာ ၁၈၉၀ ပြည့်နှစ်၊ အိုင်စီအက်စ်အရာရှိ မစ္စတာဘာကဲလ်သည် အင်္ဂလန်နိုင်ငံမှ လွန်းပျံရက်ကန်းပညာအတတ် တတ်ကျွမ်းသူ မစ္စတာဘင်တန်ကို ခေါ်ယူပြီး မြန်မာပြည် အကျဉ်းထောင်များတွင် စတင်သင်ကြားရာမှ ရောက်ရှိလာခြင်းဖြစ်ပါတယ်။

မစ္စတာဘင်တန်ကို ကြည့်မြင်တိုင် ကရင်နှစ်ချင်းသာသနာပြုအသင်းတွင် ရက်ကန်းနည်းပြဆရာအဖြစ် ခန့်အပ်လိုက်ပြီး ထိုအသင်းများမှတစ်ဆင့် လွန်းပျံရက်ကန်းပညာကို ကျေးလက်တောရွာများသို့ သင်ကြားပေးခဲ့ပါတယ်။

Read More>>> မန္တလေးရဲ့ နာမည်ကြီး လက်ကားပန်းစျေးအသစ်ကို မန္တလေး-ပြင်ဦးလွင်ကားလမ်းအနီးတွင် ဖွင့်လှစ်

ရက်ကန်းဆရာ မစ္စတာဘင်တန် ကွယ်လွန်ပြီးနောက်ပိုင်းမှာ ကျေးလက်တောရွာများပါ ရက်ကန်းပညာကို ဂရုတစိုက် မရှိကြတော့ပေ။

သက္ကရာဇ် ၁၂၇၂-ခုနှစ်လောက်က မြန်မာပြည်တရားဌာနမင်းကြီးဖြစ်သူ မစ္စတာဆောင်းဒါးသည် လွန်းပျံရက်ကန်းပညာကို ထပ်မံအသက်သွင်းပြီး အင်္ဂလန်ပြည်မှ လွန်းပျံတစ်ခုမှာယူ၍ ထိုလွန်းပျံနှင့် ရက်လုပ်နိုင်သော ရက်ကန်းစင်များကို စီမံပြုလုပ်ခဲ့ပါတယ်။

၁၂၇၄-ခုနှစ်တွင် အမရပူရမြို့တွင် လွန်းပျံရက်ကန်းများ အောင်မြင်စွာ ပေါ်ထွန်းလာခဲ့ပြီး သမဝါယမ ဝန်ထောက်မင်း ဦးမောင်မောင်ပြားနှင့် အဖွဲ့သားတို့၏ လှုံ့ဆော်မှုကြောင့် ၁၂၇၆-ခုနှစ်တွင် မင်းကြီးဆောင်းဒါး၏ အမည်ကို ယူပြီး `ဆောင်းဒါးရက်ကန်းကျောင်း´တည်ထောင်ခဲ့ပါတယ်။

၁၉၂၁-ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာရက်ကန်းပညာသည် ဦးရေ ၁၄၁,၅၁၉ မျှရှိ၍ ရက်လုပ်သော ချည်ခင်နှင့် ပိုးခင်များမှာ ပေါင်ချိန် သိန်း ၁၀ဝ ထိရှိခဲ့ပါတယ်။

Read More>>> ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားသည့် ခေါနူးစုမ် (နတ်မတောင်) အမျိုးသားဥယျာဉ်

ရက်လုပ်ပြီးသော အထည်ကိုက်ပေါင်း ၄ ကုဋေ၊ အထည်တန်ဖိုး ၁ ကုဋေ ထိပင် ရှိခဲ့ပါတယ်။

ရက်လုပ်သော ပိုးရိုင်းများမှာ တစ်နှစ်အတွင်း ပေါင်ချိန် ၄ သိန်းရက်လုပ်ပြီး ပိုးထည်သန့်သန့် ကိုက်ပေါင်း ၁၅ သိန်း၊ တန်ဖိုး ၃၅ သိန်း မျှဖြစ်ပါတယ်။

မြန်မာ့ရက်ကန်းမှထွက်သည့် ချည်ခင်ပိုးထည်ပစ္စည်းတန်ဖိုးမှာ စုစုပေါင်း ၁၃၅ သိန်းလောက်ထိရဘူးကြောင်း ဆောင်းဒါးရက်ကန်းကျောင်းအုပ်ကြီး အန်ဘီမန်ဒီ၏ အစီရင်ခံစာအရ သိရပါတယ်။

Read More>>> ျမန္မာ့ဂီတေလာကတြင္ ထင္ရွားေက်ာ္ၾကားတဲ့ မႏၱေလးမွ ဇာတ္သဘင္ပညာရွင္ႏွင့္ ဂီတစာဆိုႀကီးမ်ား

Nilar Myot Win (Mandalay Directory)

Ref: wikipedia

### Zawgyi Code

ျမန္မာနိုင္ငံ၏ ပထမဆံုးေသာ ေဆာင္းဒါးရက္ကန္းေက်ာင္း

ေဆာင္းဒါး ရက္ကန္းေက်ာင္းသည္ ျမန္မာျပည္တြင္ ပထမဆုံး တည္ေထာင္ဖြင့္လွစ္ခဲ့ေသာ ရက္ကန္းေက်ာင္းျဖစ္ၿပီး အမရပူရၿမိဳ႕(ေတာင္ၿမိဳ႕)ရွိ စစ္ကိုင္း-မႏၲေလးလမ္းမေပၚတြင္ တည္ရွိပါတယ္။

ျမန္မာနိုင္ငံသို႔ လြန္းပ်ံစက္ရက္ကန္းမ်ား ေရာက္ရွိလာပံုမွာ ၁၈၉၀ ျပည့္ႏွစ္၊ အိုင္စီအက္စ္အရာရွိ မစၥတာဘာကဲလ္သည္ အဂၤလန္နိုင္ငံမွ လြန္းပ်ံရက္ကန္းပညာအတတ္ တတ္ကၽြမ္းသူ မစၥတာဘင္တန္ကို ေခၚယူၿပီး ျမန္မာျပည္ အက်ဥ္းေထာင္မ်ားတြင္ စတင္သင္ၾကားရာမွ ေရာက္ရွိလာျခင္းျဖစ္ပါတယ္။

မစၥတာဘင္တန္ကို ၾကည့္ျမင္တိုင္ ကရင္ႏွစ္ခ်င္းသာသနာျပဳအသင္းတြင္ ရက္ကန္းနည္းျပဆရာအျဖစ္ ခန္႔အပ္လိုက္ၿပီး ထိုအသင္းမ်ားမွတစ္ဆင့္ လြန္းပ်ံရက္ကန္းပညာကို ေက်းလက္ေတာရြာမ်ားသို႔ သင္ၾကားေပးခဲ့ပါတယ္။

ရက္ကန္းဆရာ မစၥတာဘင္တန္ ကြယ္လြန္ၿပီးေနာက္ပိုင္းမွာ ေက်းလက္ေတာရြာမ်ားပါ ရက္ကန္းပညာကို ဂ႐ုတစိုက္ မရွိၾကေတာ့ေပ။

သကၠရာဇ္ ၁၂၇၂-ခုႏွစ္ေလာက္က ျမန္မာျပည္တရားဌာနမင္းႀကီးျဖစ္သူ မစၥတာေဆာင္းဒါးသည္ လြန္းပ်ံရက္ကန္းပညာကို ထပ္မံအသက္သြင္းၿပီး အဂၤလန္ျပည္မွ လြန္းပ်ံတစ္ခုမွာယူ၍ ထိုလြန္းပ်ံႏွင့္ ရက္လုပ္နိုင္ေသာ ရက္ကန္းစင္မ်ားကို စီမံျပဳလုပ္ခဲ့ပါတယ္။

၁၂၇၄-ခုႏွစ္တြင္ အမရပူရၿမိဳ႕တြင္ လြန္းပ်ံရက္ကန္းမ်ား ေအာင္ျမင္စြာ ေပၚထြန္းလာခဲ့ၿပီး သမဝါယမ ဝန္ေထာက္မင္း ဦးေမာင္ေမာင္ျပားႏွင့္ အဖြဲ႕သားတို႔၏ လႈံ႕ေဆာ္မႈေၾကာင့္ ၁၂၇၆-ခုႏွစ္တြင္ မင္းႀကီးေဆာင္းဒါး၏ အမည္ကို ယူၿပီး `ေဆာင္းဒါးရက္ကန္းေက်ာင္း´တည္ေထာင္ခဲ့ပါတယ္။

၁၉၂၁-ခုႏွစ္ သန္းေခါင္စာရင္းအရ ျမန္မာရက္ကန္းပညာသည္ ဦးေရ ၁၄၁,၅၁၉ မၽွရွိ၍ ရက္လုပ္ေသာ ခ်ည္ခင္ႏွင့္ ပိုးခင္မ်ားမွာ ေပါင္ခ်ိန္ သိန္း ၁၀ဝ ထိရွိခဲ့ပါတယ္။

ရက္လုပ္ၿပီးေသာ အထည္ကိုက္ေပါင္း ၄ ကုေဋ၊ အထည္တန္ဖိုး ၁ ကုေဋ ထိပင္ ရွိခဲ့ပါတယ္။

ရက္လုပ္ေသာ ပိုးရိုင္းမ်ားမွာ တစ္ႏွစ္အတြင္း ေပါင္ခ်ိန္ ၄ သိန္းရက္လုပ္ၿပီး ပိုးထည္သန႔္သန႔္ ကိုက္ေပါင္း ၁၅ သိန္း၊ တန္ဖိုး ၃၅ သိန္း မၽွျဖစ္ပါတယ္။

ျမန္မာ့ရက္ကန္းမွထြက္သည့္ ခ်ည္ခင္ပိုးထည္ပစၥည္းတန္ဖိုးမွာ စုစုေပါင္း ၁၃၅ သိန္းေလာက္ထိရဘူးေၾကာင္း ေဆာင္းဒါးရက္ကန္းေက်ာင္းအုပ္ႀကီး အန္ဘီမန္ဒီ၏ အစီရင္ခံစာအရ သိရပါတယ္။

Nilar Myot Win (Mandalay Directory)

Ref: wikipedia

Bookmark