Things to do in Mandalay

MBA – (မန္တလေး စက်ဘီးစီးအဖွဲ့)

Read 912 times

MBAin

MBA – (မန္တလေး စက်ဘီးစီးအဖွဲ့)

စက်ဘီးစီးခြင်းဆိုသည်မှာ ခန္ဓာကိုယ်၏ ဇီဝ ကမ္မ ဖြစ်စဉ်နှင့် သွေးလည်ပတ်မှု နှုန်းထားအား ကောင်းမွန်စေသည့်အတွက် လူကြိုက်များသော အားကစားနည်းတစ်မျိုးဖြစ်ပါသည်။

မန္တလေးမြို့သည် တစ်ချိန်က စက်ဘီးမြို့တော်ဟု တင်စား ခေါ်ဝေါ်ရသည့်အထိ စက်ဘီးစီး လူဦးရေ များပြားခဲ့သော မြို့တစ်မြို့ ဖြစ်ခဲ့သော်ငြား ၊ ယခု အချိန်တွင်မူ စက်ဘီးအစား မော်တော်ဆိုင်ကယ်များအစားထိုး ၀င်ရောက်လာခဲ့ပြီ ဖြစ်သည်။ သို့သော် စက်ဘီးယဉ်ကျေးမှုသည် ရှင်သန်နေဆဲ ဖြစ်ပြီး ၊ စက်ဘီးစီး ၀ါသနာပါသူများမှာလည်း နီးစပ်ရာ အသင်းအဖွဲ့များ ဖွဲ့စည်း၍့ စီးနင်း         လျက်ရှိသည်။

စက်ဘီးချစ်သူ ၀ါသနာရှင်များနှင့် အဖွဲ့ဝင်လိုသူများ အတွက် မန္တလေးမြို့၏ စက်ဘီးစီးအဖွဲ့ တစ်ခုဖြစ်သော MBA အသင်းနှင့် တွေ့ဆုံမေးမြန်းချက်လေးများကို ထုတ်နှုတ်ဖော်ပြ လိုက်ပါသည်။

၁။ MBA အသင်းအား ဖွဲ့စည်းဖြစ်ခဲ့ပုံ အချိန် / ရည်ရွယ်ချက်

MBA အသင်းအား 2008 ခုနှစ်တွင် စတင်ထည်ထောင်ခဲ့ပါတယ် ။မြန်မာ တစ်မျိုးသားလုံး ကျန်းမာ ကြံခိုင်ပြီး ၊ စိတ်ရွှင်လန်း စေရန် နှင့် အစုအဖွဲ့ဖြင့် စက်ဘီးစီး ယဉ်ကျေးမှု ထွန်းကားစေရန် ရည်ရွယ်ပြီး အသင်းအား စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

 

၂။ အသင်းကိုယ်စားပြု လုပ်ဆောင်ချက်လေးတွေ

အသင်းစတင်ဖွဲ့စည်း တုန်းကတော့ အပျော်တမ်း အဖြစ်ရပ်တည်လာခဲ့ပေမယ့် ၊ နောက်ပိုင်း မှာတော့ အသင်းကိုယ်စားပြု Donation လေးတွေ တဖြည်းဖြည်း လုပ်ဖြစ်လာပါတယ်။ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေဆိုရင်လည်း သွားရောက်လှုဒါန်းဖြစ်သည်။ ၃ လ တစ်ကြိမ်လောက်ဆိုသလို မိဘမဲ့ကျောင်းများကို လည်အသင်းကိုယ်စားပြု တစ်ဖက်တစ်လမ်း လှူဒါန်းခဲ့ပါတယ်။

 

၃။ပြိုင်ပွဲကျင်းပ ဖြစ်ပုံလေးတွေ

ပြိုင်ပွဲတွေ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကတော့ အဓိက အားဖြင့် လက်ရှိအသင်းမှာ စက်ဘီးစီးနင်းနေသူတို့ကို မိမိလက်ရှိ အဆင့်နေရာများ သိရှိစေရန် ၊ မိမိကိုယ် မိမိ ယုံကြည်မှု ပိုမို ရှိလာစေရန် နှင့် နောင် မျိုးဆက်သစ်များအဖို့ စက်ဘီးစီးရခြင်း၏ အကျိုးရလဒ်ကောင်းများအပေါ် စိတ်ဝင်းစားမှု ရှိလာစေရန် ရည်ရွယ်ပြီး ကျင်းပရခြင်း ဖြစ်ပါတယ်။

 

၎။ အသင်းဝင်ချင်သူတို့ အတွက် အသင်းဝင်ရန်လိုအပ်ချက်

အသင်းဝင်ချင်သူတို့အဖို့ အသင်းဝင်ပြီဆိုကတည်းက ပုံမှန်စီးနင်း ရမယ် ၊ အသင်း လစဉ်ကြေး ၁၀၀၀ ပေးသွင်းရမယ် ။ စက်ဘီးစီး အသင်းဆိုတော့ မိမိကိုယ်ပိုင် စီးနင်းနိုင်မဲ့ စက်ဘီးတစ်စီး ရှိရမယ်ပေါ့။

 

၅။ လေ့ကျင့်မှုများ မည်သို့ ပြုလုပ်ပုံ

မန္တလေး ကျုံး တစ်ဝိုက် ၊ မန္တလေး တောင် ၊ ရေတံခွန်တောင် နဲ့ ရန်ကင်းတောင် တွေကိုတော့ ပုံမှန်စီးနင်းဖြစ်တဲ့နေရာတွေပါ။ အားလပ် ရက် တွေဆိုရင်တော့ စစ်ကိုင်း နှင့် မင်းကွန်း တစ်ဝိုက် စီးနင်းဖြစ်ပါတယ်။ ၁ နှစ် တစ်ခါ ဆိုသလို ချင်းတောင်ဒေသ ၊ ပုဂံ ၊ မိုးကုတ် စသည့် ခရီးဝေးတွေ ထွက်လေ့ရှိပါတယ်။

 

၆။ လေ့ကျင့်ရာတွင် ကြာမြင့်မည့် အချိန်ကာလသတ်မှတ်ထားပုံ

လေ့ကျင့်တာကတော့ မိမိ အဆင်ပြေသလို လေ့ကျင့်ကြတာ များပါတယ်။ အချိန်ပေးနိုင်ရင် ပေးနိုင်သလို လေ့ကျင့်ကြပါတယ်။ နီးစပ်ရာ အဖွဲ့ဝင် အချင်းချင်း ဆိုသလို စုဖွဲ့ပြီးတော့ စီးနင်းကြတာမျိုးလည်း ရှိပါတယ်။

 

၇။ အသင်းဝင်များအား သင်တန်းပေးခြင်း ရှိမရှိ

သင်းတန်းဆိုတာမျိုးတော့ မဟုတ်ပါဘူး ၊ ယခု မှ စတင် စီးနင်း သူတို့ကို အဖွဲ့ထဲက ရှိပြီးသား လူဟောင်းများမှ လက်တွဲ ခေါ်ဆောင်တာမျိုးပေါ့

 

၈။ ရှေ့ဆက်မည့် အစီအစဉ်များ

စက်ဘီးစီးနင်းခြင်းကို လူအများ ပိုမိုသိရှိ စိတ်ဝင်စား ပါဝင်လာစေရန်နှင့် အသင်းကိုယ်စားပြု ပရဟိတ အလုပ်များ ပိုမို လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားပါတယ်။

 

၉။ ၀င်ရောက် ယှဉ်ပြိုင်ဖူးသော ပြိုင်ပွဲများ နှင့် အခက်အခဲများ

မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဖလား ၊ မန္တလေးတောင် ဖလား ၊ ရန်ကင်းတောင် ဖလား တို့ကတော့ နှစ်စဉ် ၀င်ရောက် ယှဉ်ပြိုင်ဖြစ်ပါတယ်။

 

၁၀။ ကြုံတွေ့ရလေ့ရှိသော အခက်အခဲများ (သင်တန်းသားများ အနေဖြင့် သော်လည်းကောင်း / team အနေဖြင့်သော်လည်းကောင်း)

ခရီးဝေးတွေ ထွက်တဲ့နေရာမှာ မိမိ ကိုယ်တိုင် ကျန်းမာရေး ကြံခိုင်နေဖို့နဲ့ မိမိ စီးနင်းမယ့် စက်ဘီးရဲ့ ကြံခိုင်မှုတို့ကို အထူးသတိထားဖို့လိုပါတယ်။ နောက်တစ်ခု ကတော့ လမ်းခရီး လုံခြုံမှု ရှိနေစေဖို့ပါ။ အဲ့တာတွေနဲ့ပတ်သတ်ပြီး အခက်အခဲတွေ အများကြီး တွေ့ခဲ့ရပါတယ်။

 

၁၁။ သွားရောက်ဝယ်လေ့ ရှိသော အားကစား ပစ္စည်းဆိုင်များ ရှိရင် ပြောပြရန်

များသောအားဖြင့် “ဖိုးစွံ့”၊ “O-Store” နဲ့ 35လမ်း ၊82x 83 ကြားရှိ GTM Showroom (ရွှေပြည့်ဖြိုး) တို့မှာ ၀ယ်လေ့ရှိပါတယ်။

 

MBA နှင့် ဆက်သွယ်လိုပါက

ဖိုးစွံ စက်ဘီးဆိုင် - 37 လမ်း ၊ 77 -78 လမ်း

တက်နေ၀င်း စက်ဘီးပြင်ဆိုင် - 38-39 ကြား ၊ 79-80 ကြား

Bookmark