ဒီပွဲကို မြန်မာနိုင်ငံလုပ်ငန်းရှင်များအသင်း Outbound ကော်မတီနဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) တို့မှ ကြီးမှူးကျင်းပပေးသွားမှာဖြစ်ပါတယ်။ travel & tour နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ အားလုံးတနေရာထဲမှာ ပူးပေါင်းကျင်းပတာမို့ လက်မလွှတ်တမ်း သွားရောက်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
နိုင်ငံကျော်တေးသံရှင် ဝေကြီး၊ ဝိုင်းစုခိုင်သိန်း တို့မှ သီဆိုဖျော်ဖြေပြီး MC အဖြစ် ဂုဏ်ရည်အေးကျော်မှ တာဝန်ယူ တင်ဆက်ပေးသွားမယ့်အပြင် ခရီးသွားကုမ္ပဏီများမှ ပြပွဲသို့ လာရောက်တဲ့ နိုင်ငံခြားသားဧည့်သည်များအတွက်သာမကပဲ ပွဲကိုလာရောက်လေ့လာသူတိုင်းအတွက် မန္တလေးမြို့ရဲ့ အလှဆုံးလက်ဆောင်ပစ္စည်းများကို ပေးသွားမှာဖြစ်ပါတယ်။
Read More>>>ကိုယ်ရည်ကိုယ်သွေးတွေမြင့်မားပြီး Soft Skill ပြည့်ဝသူတစ်ဦးအဖြစ် ရပ်တည်နိုင်ဖို့ဆိုရင်
ခရီးသွားBlogger များရဲ့ Talk Show Program များ၊ ပုဂံ အင်းလေးမှာ မီးပုံးပျံ စီးနင်းခွင့် ပါဝင်မယ့် Lucky Draw က ပြည်တွင်း/ပြည်ပ လေယာဉ် လက်မှတ်များ ဟိုတယ်တည်းခိုခွင့် လက်မှတ်များ ပြည်ပဆေးကုသခွင့်များ နှင့် အခြားဆုမဲပေါင်းများစွာ၊ တိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုအကများ ပါဝင်ပါသေးတယ်။
လိုင်စင်ရ Outbound ခရီးသွားကုမ္ပဏီတွေ၊ ပြည်တွင်း ပြည်ပခရီးစဉ်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ ဟိုတယ် ၊ စားသောက်ဆိုင် ၊ လေကြောင်းလိုင်းများ၊ တိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ နဲ့ ဒေသထွက်ကုန်များ၊ လက်မှုပစ္စည်း အရောင်းပြခန်းများ၊ ဆေးရုံများ၊ နိုင်ငံတကာကျောင်းများ၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်သည့် လုပ်ငန်းများကို ပြခန်းပေါင်း (၁၀၀) ခန့် ဖြင့် စုံစုံလင်လင် တစ်နေရာထဲမှာ ကျင်းပပြုလုပ်သွားမှာပါ။
အသေးစိတ်သိရှိလိုပါက ၀၉ ၅၁၃၅၆၅၇ ၊ ၀၉၂၀၀၅၆၄၈ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
My Mandalay