ဖြေလျှော့ဖို့ စဥ်းစားတဲ့အခါ ရောဂါကူးဆက်နိုင်မှု အခွင့်အရေးနည်းမယ့် လုပ်ငန်းတွေကို ပထမဦးစားပေးအနေနဲ့ စတင်ခွင့်ပြုသွားမှာပါ။ ပြန်ဖွင့်ခွင့်ပြုမယ့် စည်ပင်သာယာနှင့် သက်ဆိုင်သည့် လုပ်ငန်းများနှင့် အရောင်းဆိုင်များစာရင်းကို ဖော်ပြပေးထားပါတယ်။
ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့်အချက်တွေကို တိတိကျကျ လိုက်နာကြဖို့ အရေးကြီးပါတယ်။ စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်တွေကိုတော့ ဆိုင်မှာထိုင်စားခွင့်ပြုမှာမဟုတ်သေးပဲ ပါဆယ်စနစ်၊ Delivery စနစ် နဲ့သာ ဆက်လက်ရောင်းချစေမှာပါ။
အစာစားရင် mask ချွတ်စားရလို့ အကာအကွယ်မဲ့သွားတဲ့အတွက် ကိုဗစ်အနေအထားအရ တစ်ချိန်မှာပြန်ဖွင့်ခွင့်ပြုရင်တောင်မှ စားပွဲတစ်ခုကို လူနှစ်ယောက်နှုန်းနဲ့ အလယ်မှာ ပလပ်စတစ်ကာတဲ့ စနစ်သစ်ကိုကျင့်သုံးခိုင်းမှာပါ။ မန္တလေးမြို့ပေါ်ရှိ စည်ပင်ပိုင် ဈေး ၄၁ စျေးကိုလည်း မေလ ၁၆ ရက်နေ့ကစပြီး သားငါးဟင်းသီးဟင်းရွက်အပြင် ကျန်တဲ့ဆိုင်တွေကိုပါ ပြန်ဖွင့်ခွင့်ပြုပါမယ်။
စည်းကမ်းချက်များကိုတော့တိတိကျကျလိုက်နာဖို့ အထူးအရေးကြီးပါတယ်။ သီးသန့်ဖော်ပြထားပါတယ်။ စည်းကမ်းချက်ဖောက်ဖျက်ရင် စျေးရောင်းချမှုပိတ်သိမ်းမှာပါ။ ပထမအကြိမ်ဖောက်ဖျက်ရင် ၃ ရက်ပိတ်ခိုင်းပြီး ဒုတိယအကြမ်ထပ်မံဖောက်ဖျက်ရင်တော့ ဖွင့်ခွင့်ကို ၁၀ ရက်ပိတ်ပါမယ်။
ဈေးချို၊ တောင်/မြောက် တိုက်တန်းကြီး၊ မန်းမြန်မာပလာဇာ၊ ဈေးချိုပလာဇာ နှင့် ရတနာပုံစျေးတွေက အလုံပိတ်စျေးတွေဖြစ်လို့ စျေးအကျိုးဆောင်များနဲ့ ညှိနှိုင်း ပြီးမှသာ ပြန်လည်ဖွင့်ခွင့်ပြုမှာပါ။ လျှောက်လမ်းအပြည့်အဝပြန်ရဖို့၊ စျေးရောင်းသူဦးရေ တတ်နိုင်သမျှလျှော့ချရေး၊ ပစ္စည်းစုပုံတာ ကားရပ်တာကအစ အသေးစိတ်ညှိနှိုင်း အဆင်ပြေမှ ပြန်ဖွင့်ဖို့ ရက်သတ်မှတ်ရမှာပါ။
မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း အတွက်လူအရေအတွက်များလွန်းလို့ သီးသန့်စဥ်းစားရမှာပါ။ ဖွင့်ချိန်ပိတ်ချိန်အပါအဝင် လူဦးရေထိန်းချုပ်ရေးအတွက် ကျောက်မျက်အသင်းနဲ့ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းပြီးမှသာ ပြန်ဖွင့်ဖို့ ဆုံးဖြတ်ရမှာပါ။ ပြည်ကြီးမျက်ရှင် ယာဥ်ရောင်းဝယ်ရေးစခန်းကို ပြန်ဖွင့်ခွင့်ပြုမှာပါ။ တိုင်းဒေသကြီးအတွင်းနဲ့ မြို့တွင်း ခရီးသည်သွားလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပါမယ်။
အခြားတိုင်းဒေသကြီးများ နဲ့ပြည်နယ်တွေကြားပြေးဆွဲနေတဲ့ ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုတော့ လောလောဆယ် တိုင်းပြင်ပကပြန်လာတဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို Quarantine လုပ်ဖို့ထုတ်ပြန်ထားတဲ့အမိန့် ပယ်ဖျက်ပြီးချိန်ကျမှ ထည့်သွင်းစဥ်းစားပါမယ်။
ပုဂ္ဂလိကတည်ဆောက်ရေးလုပ်ငန်းများကိုလည်းပြန်ဖွင့်ခွင့်ပြုပါမယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များ လိုက်နာမှုရှိမရှိ အခါမလပ်ပြန်လည်စစ်ဆေးသွားမှာပါ။ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်များ၊ အမိန့်ညွှန်ကြားချက်များနဲ့ တားမြစ်ချက်များက ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မှာမူတည်ပြီး အမြဲပြောင်းလဲနေမှာပါ။
ဖြေလျှော့သင့်တဲ့အချိန် ဖြေလျှော့ပြီး တင်းကြပ်သင့်ရင် ပြန်တင်းကြပ်သွားပါမယ်။ Mask Campaign Phase 3 အပြီး အရေးယူမှုတွေစတင်ပြီးနောက်ပိုင်း မန္တလေးမြို့မှာ mask တပ်ဆင်မှု သိသိသာသာများလာပြီး ၉၀% ကျော်လာတာ ဖြေလျှော့မှုပြုလုပ်ပေးဖို့ အဓိကတွန်းအားတစ်ခုပါ။
==============================
မႏၲေလးတိုင္းအတြင္း ေမလ ၁၆ ရက္မွစ၍ တားျမစ္ကန႔္သတ္မႈမ်ား ေျဖေလွ်ာ့မည္
မႏၲေလးတိုင္းေဒသႀကီးအတြင္း ထုတ္ျပန္ထားသည့္ တားျမစ္ကန႔္သတ္မႈမ်ား ေမ (၁၆) ရက္မွ စတင္ကာ တဆင့္ျခင္း ျပန္လည္ ေျဖေလွ်ာ့သြားမည္ ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ဝန္ ဦးရဲလြင္ထံမွ သိရသည္။
ေျဖေလွ်ာ့ဖို႔ စဥ္းစားတဲ့အခါ ေရာဂါကူးဆက္ႏိုင္မႈ အခြင့္အေရးနည္းမယ့္ လုပ္ငန္းေတြကို ပထမဦးစားေပးအေနနဲ႔ စတင္ခြင့္ျပဳသြားမွာပါ။ ျပန္ဖြင့္ခြင့္ျပဳမယ့္ စည္ပင္သာယာႏွင့္ သက္ဆိုင္သည့္ လုပ္ငန္းမ်ားႏွင့္ အေရာင္းဆိုင္မ်ားစာရင္းကို ေဖာ္ျပေပးထားပါတယ္။
ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ လိုက္နာရမယ့္အခ်က္ေတြကို တိတိက်က် လိုက္နာၾကဖို႔ အေရးႀကီးပါတယ္။ စားေသာက္ဆိုင္ လၻက္ရည္ဆိုင္ေတြကိုေတာ့ ဆိုင္မွာထိုင္စားခြင့္ျပဳမွာမဟုတ္ေသးပဲ ပါဆယ္စနစ္၊ Delivery စနစ္ နဲ႔သာ ဆက္လက္ေရာင္းခ်ေစမွာပါ။
အစာစားရင္ mask ခြၽတ္စားရလို႔ အကာအကြယ္မဲ့သြားတဲ့အတြက္ ကိုဗစ္အေနအထားအရ တစ္ခ်ိန္မွာျပန္ဖြင့္ခြင့္ျပဳရင္ေတာင္မွ စားပြဲတစ္ခုကို လူႏွစ္ေယာက္ႏႈန္းနဲ႔ အလယ္မွာ ပလပ္စတစ္ကာတဲ့ စနစ္သစ္ကိုက်င့္သုံးခိုင္းမွာပါ။ မႏၲေလးၿမိဳ႕ေပၚရွိ စည္ပင္ပိုင္ ေဈး ၄၁ ေစ်းကိုလည္း ေမလ ၁၆ ရက္ေန႔ကစၿပီး သားငါးဟင္းသီးဟင္း႐ြက္အျပင္ က်န္တဲ့ဆိုင္ေတြကိုပါ ျပန္ဖြင့္ခြင့္ျပဳပါမယ္။
စည္းကမ္းခ်က္မ်ားကိုေတာ့တိတိက်က်လိုက္နာဖို႔ အထူးအေရးႀကီးပါတယ္။ သီးသန္႔ေဖာ္ျပထားပါတယ္။ စည္းကမ္းခ်က္ေဖာက္ဖ်က္ရင္ ေစ်းေရာင္းခ်မႈပိတ္သိမ္းမွာပါ။ ပထမအႀကိမ္ေဖာက္ဖ်က္ရင္ ၃ ရက္ပိတ္ခိုင္းၿပီး ဒုတိယအၾကမ္ထပ္မံေဖာက္ဖ်က္ရင္ေတာ့ ဖြင့္ခြင့္ကို ၁၀ ရက္ပိတ္ပါမယ္။
ေဈးခ်ိဳ၊ ေတာင္/ေျမာက္ တိုက္တန္းႀကီး၊ မန္းျမန္မာပလာဇာ၊ ေဈးခ်ိဳပလာဇာ ႏွင့္ ရတနာပုံေစ်းေတြက အလုံပိတ္ေစ်းေတြျဖစ္လို႔ ေစ်းအက်ိဳးေဆာင္မ်ားနဲ႔ ညႇိႏႈိင္း ၿပီးမွသာ ျပန္လည္ဖြင့္ခြင့္ျပဳမွာပါ။ ေလွ်ာက္လမ္းအျပည့္အဝျပန္ရဖို႔၊ ေစ်းေရာင္းသူဦးေရ တတ္ႏိုင္သမွ်ေလွ်ာ့ခ်ေရး၊ ပစၥည္းစုပုံတာ ကားရပ္တာကအစ အေသးစိတ္ညႇိႏႈိင္း အဆင္ေျပမွ ျပန္ဖြင့္ဖို႔ ရက္သတ္မွတ္ရမွာပါ။
မဟာေအာင္ေျမ ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးစခန္း အတြက္လူအေရအတြက္မ်ားလြန္းလို႔ သီးသန္႔စဥ္းစားရမွာပါ။ ဖြင့္ခ်ိန္ပိတ္ခ်ိန္အပါအဝင္ လူဦးေရထိန္းခ်ဳပ္ေရးအတြက္ ေက်ာက္မ်က္အသင္းနဲ႔ အႀကိမ္ႀကိမ္ေဆြးေႏြးညႇိႏႈိင္းၿပီးမွသာ ျပန္ဖြင့္ဖို႔ ဆုံးျဖတ္ရမွာပါ။ ျပည္ႀကီးမ်က္ရွင္ ယာဥ္ေရာင္းဝယ္ေရးစခန္းကို ျပန္ဖြင့္ခြင့္ျပဳမွာပါ။ တိုင္းေဒသႀကီးအတြင္းနဲ႔ ၿမိဳ႕တြင္း ခရီးသည္သြားလုပ္ငန္းေတြ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳပါမယ္။
အျခားတိုင္းေဒသႀကီးမ်ား နဲ႔ျပည္နယ္ေတြၾကားေျပးဆြဲေနတဲ့ ခရီးသည္သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြကိုေတာ့ ေလာေလာဆယ္ တိုင္းျပင္ပကျပန္လာတဲ့ ဝန္ထမ္းေတြနဲ႔ ျပည္သူေတြကို Quarantine လုပ္ဖို႔ထုတ္ျပန္ထားတဲ့အမိန္႔ ပယ္ဖ်က္ၿပီးခ်ိန္က်မွ ထည့္သြင္းစဥ္းစားပါမယ္။
ပုဂၢလိကတည္ေဆာက္ေရးလုပ္ငန္းမ်ားကိုလည္းျပန္ဖြင့္ခြင့္ျပဳပါမယ္။ သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္မ်ား လိုက္နာမႈရွိမရွိ အခါမလပ္ျပန္လည္စစ္ေဆးသြားမွာပါ။ ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္တဲ့ ကန္႔သတ္ခ်က္မ်ား၊ အမိန္႔ၫႊန္ၾကားခ်က္မ်ားနဲ႔ တားျမစ္ခ်က္မ်ားက ေရာဂါျဖစ္ပြားမႈ အေျခအေနေပၚမွာမူတည္ၿပီး အၿမဲေျပာင္းလဲေနမွာပါ။
ေျဖေလွ်ာ့သင့္တဲ့အခ်ိန္ ေျဖေလွ်ာ့ၿပီး တင္းၾကပ္သင့္ရင္ ျပန္တင္းၾကပ္သြားပါမယ္။ Mask Campaign Phase 3 အၿပီး အေရးယူမႈေတြစတင္ၿပီးေနာက္ပိုင္း မႏၲေလးၿမိဳ႕မွာ mask တပ္ဆင္မႈ သိသိသာသာမ်ားလာၿပီး ၉၀% ေက်ာ္လာတာ ေျဖေလွ်ာ့မႈျပဳလုပ္ေပးဖို႔ အဓိကတြန္းအားတစ္ခုပါ။