လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့အထိ မန္တလေးမျက်စိဆေးရုံမှာ အခမဲ့ကုသပေးမှာ ဖြစ်တာကြောင့် မျက်စိခွဲစိတ်ကုသမှု ခံယူလိုတဲ့ သူတွေအနေနဲ့ အမြန်ဆုံးသွားရောက် စာရင်းပေးဖို့ လိုပါတယ်။
Read More>>>မန္တလေးအပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးအချို့အတွက် လုံခြုံရေးသတိပေးချက်
“ အခမဲ့ မျက်စိအထူးကု လေယာဉ် ” ဟာ စက်တင်ဘာ ( ၁၅ ) ရက်နေ့၊ နေ့လည် ၁၂ နာရီက မန္တလေးလေဆိပ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အောဘစ် ORBIS-1 အမည်ရှိတဲ့လေယာဉ်ဟာ မြန်မာပြည်ကိုလာရောက်ပြီး မျက်စိခွဲစိတ်မှုတွေ အခမဲ့ပြုလုပ်ပေးနေတာ ၁၀ နှစ်ကျော် ကြာပါပြီ။ ပုံမှန်ကတော့ ရန်ကုန်လေဆိပ်မှာ အခြေပြုပါတယ်။
ဒီလေယာဉ်ဟာ နှစ်စဉ်လာရောက်လေ့ရှိပေမယ့် လူသိနည်းပါတယ်။ နောက်ဆုံးပေါ်နည်းပညာတွေ ပါဝင်တဲ့ မျက်စိခွဲစိတ်ခန်းတွေအပြင် လေယာဉ်အဖွဲ့သား ၇ ဦး၊ နိုင်ငြံခားသား မျက်စိအထူးကုဆရာဝန် (၃၈) ဦးလည်း ပါဝင်ပါတယ်။
>>>ဆေးရုံလုပ်ငန်းများ<<<
မျက်စိခွဲတာဟာ အခြားခန္ဒာကိုယ်အစိတ်အပိုင်းတွေ ခွဲတာနဲ့မတူပဲ ခက်ခဲပြီး လက်ဝင်ပါတယ်။ ဒါ့အပြင် တခြားအထူးကုဆေးခန်းတွေမှာ ခွဲစိတ်မယ်ဆိုရင်လည်း ငွေအများကြီး ကုန်ကျမှာ ဖြစ်ပါတယ်။ ငွေကြေးမတက်နိုင်လို့ မခွဲစိတ်နိင်မှာကို အခု စိတ်ပူစရာ မလိုတော့ပါဘူး။
My Mandalay