ဒါ့အပြင် တန်ခိုးကြီးဘုရားတွေ၊ လအလိုက် ဘာသာရေး၊ လူမှုရေး ပွဲတော် တွေ၊ သွားရေးလာရေး လွယ်ကူချောမွေ့မှုတွေ၊ အရသာရှိတဲ့ အစားအသောက်တွေ၊ တိုင်းရင်းစားမျိုးစုံတို့ရဲ့ လှပတဲ့ ဓလေ့ရိုးရာ ယဉ်ကျေးမှု အလေ့အထတွေ ထွန်းကားတဲ့ အထက်မြန်မာပြည်က စီးပွားရေးအချက်အချာကျတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
Read More>>>ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့မှ တစ်ပတ်အတွင်း မန္တလေးမြို့မှာ ကျင်းပသွားမယ့် ပွဲတော်များ
မန္တလေးမြို့ကြီးကို Smart City အဖြစ်ပြောင်းလဲဖို့ ဒေသတွင်းအစိုးရနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်နေကြပြီးတော့ မန္တလေးမြို့ကြီးဟာ
- ပြည်သူတွေရဲ့လူနေမှုအဆင့်အတန်းမြင့်မားစေဖို့ ကဏ္ဍအရပ်ရပ်က ဖွံ့ဖြိုးတိုးတက်မှုတွေ
- လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်သွယ်ရေးတို့ရဲ့စတင်စီးဆင်းပြန့်ပွားရာ အရင်းအမြစ် ( တရုတ် ၊ အိန္ဒိယနှစ်နိုင်ငံကြားမှာ အဓိပတိကုန်းလမ်းကြောင်းအဖြစ် ပေါင်းကူးပေးနိုင်မှု )
- မြန်မာနိုင်ငံ စီးပွားရေးရဲ့ ဒုတိယအင်ဂျင်
- ယဉ်ကျေးမှု အမွေအနှစ် ထွန်းကားလို့ ခရီးသွားလေ့လာရေးလုပ်ငန်းတွေအတွက် အောင်မြေ
စတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ အပြင်နိုင်ငံတကာနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့
အနာဂတ်ရဲ့ တောက်ပတဲ့ ခြေလှမ်းတစ်လှမ်းအဖြစ် " The 2nd Mandalay International Trade Fair & Business Forum 2020 " ပွဲကြီးကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီပွဲကို ရင်းနှီးမြှုပ်နှံမှုနဲ့ ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက် လာနိုင်စေရေးနဲ့ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်အမြောက်အများ ပေါ်ပေါက်လာစေရေးစတဲ့ ရည်ရွယ်ချက်ကို ဦးတည်ပြီးပြုလုပ်မှာ ဖြစ်ပါတယ်။
Public Trade Fair အမျိုးအစားဖြစ်တဲ့ အတွက်ကြောင့် ကုန်စည်ပြပွဲသီးသန့်မဟုတ်ဘဲ စီးပွားရေးပညာရှင်တွေ၊ Speakers တွေ၊ လုပ်ငန်းရှင်တွေရဲ့ ဆွေးနွေးပွဲတွေ၊ စီးပွားရေးဆိုင်ရာ အတွေ့အကြုံတွေကို ဟောပြောမျှဝေမယ့် အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်လို့ စီးပွားရေးကိုစိတ်ဝင်စား တဲ့လူငယ်လူကြီးတိုင်း သွားရောက်လေ့လာနိုင်ပါတယ်။
ဒီ Trade Fair ကို လာမယ့် မတ်လ (၂၅)မှ မတ်လ (၂၇) ၂၀၂၀ အထိ Mandalay Convention Center (MCC)မှာ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ စိတ်ပါဝင်စားသူတွေအနေနဲ့ ဖော်ပြပါလင့်ခ်မှာ https://bit.ly/32hiykZ ဝင်ရောက်စာရင်ပေးသွင်းနိုင်ပါတယ်။
My Mandalay
Unicode
မႏၱေလးၿမိဳ႕ႀကီးဟာ အထက္ျမန္မာျပည္ရဲ႕ ၿမိဳ႕ႀကီးတစ္ၿမိဳ႕လည္း ျဖစ္သလို ျမန္မာႏိုင္ငံရဲ႕ ဒုတိယ စီးပြားေရးၿမိဳ႕ေတာ္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ တန္ခိုးႀကီးဘုရားေတြ၊ လအလိုက္ ဘာသာေရး၊ လူမႈေရး ပြဲေတာ္ ေတြ၊ သြားေရးလာေရး လြယ္ကူေခ်ာေမြ႕မႈေတြ၊ အရသာရွိတဲ့ အစားအေသာက္ေတြ၊ တိုင္းရင္းစားမ်ိဳးစုံတို႔ရဲ႕ လွပတဲ့ ဓေလ့႐ိုးရာ ယဥ္ေက်းမႈ အေလ့အထေတြ ထြန္းကားတဲ့ အထက္ျမန္မာျပည္က စီးပြားေရးအခ်က္အခ်ာက်တဲ့ ၿမိဳ႕တစ္ၿမိဳ႕လည္း ျဖစ္ပါတယ္။
မႏၲေလးၿမိဳ႕ႀကီးကုိ Smart City အျဖစ္ေျပာင္းလဲဖို႔ ေဒသတြင္းအစိုးရနဲ႔ ျပည္သူေတြ ပူးေပါင္းေဆာင္႐ြက္ေနၾကၿပီးတော့ မႏၲေလးၿမိဳ႕ႀကီးဟာ
- ျပည္သူေတြရဲ႕လူေနမႈအဆင့္အတန္းျမင့္မားေစဖို႔ က႑အရပ္ရပ္က ဖြံ႕ၿဖိဳးတိုးတက္မႈေတြ
- လမ္းပန္းဆက္သြယ္ေရးနဲ႔ ကုန္သြယ္ေရးတို႔ရဲ႕စတင္စီးဆင္းျပန႔္ပြားရာ အရင္းအျမစ္ ( တ႐ုတ္ ၊ အိႏၵိယႏွစ္ႏိုင္ငံၾကားမွာ အဓိပတိကုန္းလမ္းေၾကာင္းအျဖစ္ ေပါင္းကူးေပးႏိုင္မႈ )
- ျမန္မာႏိုင္ငံ စီးပြားေရးရဲ႕ ဒုတိယအင္ဂ်င္
- ယဥ္ေက်းမႈ အေမြအႏွစ္ ထြန္းကားလို႔ ခရီးသြားေလ့လာေရးလုပ္ငန္းေတြအတြက္ ေအာင္ေျမ
စတဲ့ အရည္အေသြးေတြကို ပိုင္ဆိုင္ထားတဲ့ အျပင္ႏိုင္ငံတကာနဲ႔ ဂုဏ္ယူဝင့္ႂကြားစြာ ပူးေပါင္းလုပ္ကိုင္ႏိုင္ဖို႔
အနာဂတ္ရဲ႕ ေတာက္ပတဲ့ ေျခလွမ္းတစ္လွမ္းအျဖစ္ " The 2nd Mandalay International Trade Fair & Business Forum 2020 " ပြဲႀကီးကို က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။
ဒီပြဲကုိ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ေဈးကြက္ခ်ဲ႕ထြင္ႏိုင္ေရး၊ ျပည္တြင္းစီးပြားေရးလုပ္ငန္းရွင္မ်ား အခ်င္းခ်င္း ပိုမိုပူးေပါင္းေဆာင္႐ြက္ လာႏိုင္ေစေရးနဲ႔ လူငယ္စြန႔္ဦးတီထြင္လုပ္ငန္းရွင္အေျမာက္အမ်ား ေပၚေပါက္လာေစေရးစတဲ့ ရည္႐ြယ္ခ်က္ကို ဦးတည္ၿပီးျပဳလုပ္မွာ ျဖစ္ပါတယ္။
Public Trade Fair အမ်ိဳးအစားျဖစ္တဲ့ အတြက္ေၾကာင့္ ကုန္စည္ျပပြဲသီးသန႔္မဟုတ္ဘဲ စီးပြားေရးပညာရွင္ေတြ၊ Speakers ေတြ၊ လုပ္ငန္းရွင္ေတြရဲ႕ ေဆြးေႏြးပြဲေတြ၊ စီးပြားေရးဆိုင္ရာ အေတြ႕အႀကဳံေတြကို ေဟာေျပာမွ်ေဝမယ့္ အစီအစဥ္ေတြလည္း ပါဝင္မွာျဖစ္လို႔ စီးပြားေရးကိုစိတ္ဝင္စား တဲ့လူငယ္လူႀကီးတိုင္း သြားေရာက္ေလ့လာႏုိင္ပါတယ္။
ဒီ Trade Fair ကို လာမယ့္ မတ္လ (၂၅)မွ မတ္လ (၂၇) ၂၀၂၀ အထိ Mandalay Convention Center (MCC)မွာ က်င္းပျပဳလုပ္သြားမွာျဖစ္လို႔ စိတ္ပါဝင္စားသူေတြအေနနဲ႔ ေဖာ္ျပပါလင့္ခ္မွာ https://bit.ly/32hiykZ ဝင္ေရာက္စာရင္ေပးသြင္းႏုိင္ပါတယ္။
My Mandalay