What's New

မန္တလေးတွင် နှစ်ပေါင်း ၁၈၀ သက်တမ်းရှိ ကျွန်းသားခုတင်နဲ့သေတ္တာ လာရောက်လေ့လာနိုင်

Read 421 times

စစ်ဆေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ရှေးဟောင်းအမွေအနှစ်ပစ္စည်း အဖြစ်သည်လထဲမှာ ကိုယ်ပိုင်ထိန်းသိမ်းခွင့်ရရှိခဲ့တာကြောင့် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၆ လမ်း၊ ၃၁လမ်းနဲ့ ၃၂လမ်း ကြားက စိုးဝင်းမြင့်ပွဲရုံမှာ ထိန်းသိမ်းထားမှာဖြစ်ပြီး လာရောက်လေ့လာလိုသူတွေအတွက် အခမဲ့လေ့လာနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“ နှစ်ပေါင်း ၁၈ဝ ကျော်ဖြစ်ပါတယ်၊ အမရပူရခေတ်နောက်ပိုင်း ရတနာပုံခေတ်ဦးပိုင်း ဖြစ်ပါတယ်၊ ကျွန်တော်တို့က ပခန်းမင်းကြီး ဦးရန်းဝေးရဲ့ အဆက်အနွယ်တွေဖြစ်ပါတယ်”လို့ ထိန်းသိမ်းခွင့်ရရှိတဲ့ ဦးစိုးဝင်းမြင့်က ပြောပါတယ်။

သည်ပစ္စည်းတွေဟာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ထန်းတပင်ကျေးရွာမှာ ရောက်ရှိနေတဲ့အတွက် ၂၀၁၅ ခုနှစ်မှာ မန္တလေးမြို့ကို ပြန်လည်သယ်ယူလာခဲ့ပြီး ရှေးဟောင်းအမျိုးသားပြတိုက် ဦးစီးဌာနထံ ၂၀၁၈ခုနှစ်ကတင်ပြခဲ့ရာ ကိုယ်ပိုင်ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

အမှတ် ၃၅၀ နှင့်အထက်ရရှိသူများ မန္တလေးတက္ကသိုလ်တွင် တက်ရောက်နိုင်တော့မည်

သည်ရှေးဟောင်းပစ္စည်းတွေကိုတော့ ဖဆပလအစိုးရခေတ် နောက်ပိုင်းကတည်းက နယ်ဒေသမှာ ထားရှိတဲ့အတွက် တန်ဖိုးဖြတ်ဝယ်ယူမှုတွေ လာရောက်ခဲ့ပေမဲ့ ရောင်းချခြင်းမပြုဘဲ တန်ဖိုးထားထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရှေးဟောင်းပစ္စည်း ပိုင်ဆိုင်သူတွေအနေနဲ့ မိမိကိုယ်တိုင် တရားဝင်ထိန်းသိမ်းနိုင်ဖို့အတွက် လမ်းစဖြစ်ပြီး ရှေးဟောင်းပစ္စည်းဆိုရင် တာဝန်ရှိသူတွေက သိမ်းဆည်းတယ်ဆိုတဲ့ အယူအဆကိုပယ်ဖျက်နိုင်စေတဲ့ ကိစ္စဖြစ်တယ်လို့ မန္တလေးမြို့က မြန်မာဗိသုကာပညာရှင် တမ္ဗဝတီဦးဝင်းမောင်က ဆိုပါတယ်။

သည်ပစ္စည်းတွေကို World Monument Fund အဖွဲ့ ရဲ့ ရန်ပုံငွေနဲ့ အခမဲ့ လာရောက်ထိန်းသိမ်းပေးမှုတွေ ပြုလုပ်ပေးတဲ့အပြင် ထိန်းသိမ်းဖို့ နည်းစနစ်တွေကိုပါ သင်ကြားပေးတဲ့အတွက် ရှေးဟောင်းပစ္စည်း ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် နည်းစနစ်ရေးသားပြုစုကာ ရှေးဟောင်းပစ္စည်း ပိုင်ဆိုင်ထားသူတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေထံ အခမဲ့ ပေးအပ်လှူဒါန်းမယ်လို့ ဆိုပါတယ်။

Source kumudra & photo eleven media

 

Bookmark