Mandalay Trend

သာမန်ထက် ပိုထူးခြားတဲ့ ဉာဏစွမ်းရည် ရရှိဖို့ နေ့စဉ်ပြုလုပ်သင့်တဲ့ အချက် (၆)ချက်

Read 346 times

လူတိုင်းက တန်ဖိုးရှိတဲ့ အရာတွေကို လိုချင်ကြမှာ အသေချာပါပဲ။ တန်ဖိုးရှိတဲ့အရာတွေနဲ့ ထိုက်တန်ဖို့ ကိုယ်ကိုယ်တိုင်ကလည်း တန်ဖိုးရှိနေဖို့ လိုအပ်ပါတယ်။ တန်ဖိုးရှိတဲ့သူဖြစ်လာဖို့ကလည်း ပထမဆုံးအနေနဲ့ ဉာဏ်ကောင်းရပါမယ်။

ဉာဏ်မကောင်းဘူး ဉာဏ်ကောင်းတယ်ဆိုပြီး ငယ်ငယ်က Stage School တွေမှာ ကြားနေကြဖြစ်မှာပါ။ အဲ့တာမှားနေတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ လူတိုင်းက ဉာဏ်ကောင်းကြပါတယ်။ ဦးနှောက်ကို အသုံးချပုံချင်းပဲ ကွာသွားတာပါ။

Smart ဖြစ်တယ် မဖြစ်ဘူးဆိုတာကလည်း ဦးနှောက်ကို အပြည့်အဝ အသုံးပြုသူနဲ့ အသုံးမပြုသူတွေကြား ကွားခြားချက်တစ်ခုဖြစ်ပါတယ်။ ဉာဏ်ရည်ကို အပြည့်အသုံးချတဲ့ သူတွေက သူများထက် ဆုံးဖြတ်ချက်ပိုမြန်တယ်၊ ကိစ္စတိုင်းကို အလွယ်တကူ ဖြေရှင်းနိုင်ပြီး လုပ်ငန်းခွင်မှာလည်း သူများထက်အမြဲ ခြေတစ်လှမ်းသာနေမှာပါ။

သင်ရော ကိုယ့်ကိုယ်ကို ဘယ်လိုခံယူထားလဲ? ဉာဏ်ကောင်းတဲ့သူလား? ဉာဏ်မကောင်းတဲ့သူလား? 

ဘယ်လိုပဲ ခံယူထားပါစေ၊ အခုပြောပြပေးမယ့် အချက် (၅)ချက်က လူငယ်တိုင်း နေ့စဉ် ပုံမှန်လေး အချိန်ပေး၊ ပြုလုပ်ရုံနဲ့ ဉာဏ်ရည်တွေ တိုးတက်လာနိုင်ပြီး အတွေးအခေါ်အသစ်တွေ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။

၁။ သူများနဲ့ မတူတဲ့ အလုပ်ကိုလုပ်ဖို့ အမြဲစဉ်စားပါ

Beyond Critical Thinking

မြန်မာလူမျိုးတွေမှာ ရှေ့ကတစ်ယောက် လုပ်သွားရင် နောက်လူကပါ လိုက်လုပ်ရမယ်ဆိုတဲ့ အတွေးအခေါ်တစ်ခု ရှိနေတတ်ပါတယ်။ အဲ့တာကြောင့် သူများလုပ်သွားလည်း ကိုယ့်စိတ်ကူးဉာဏ်နဲ့ တွေးပြီး ဘယ်လိုပိုကောင်းအောင်လုပ်မလဲ? သူ့ထက် ဘယ်လိုထူးခြားအောင် လုပ်ရမလဲဆိုတာကို တွေးသင့်ပါတယ်။

ဒီလိုတွေးတဲ့နေရာမှာလည်း ဦးနှောက်ကို အနည်းဆုံး မိနစ် (၃၀)လောက်ပဲ ခိုင်းသင့်ပါတယ်။ ပြီးရင် ခဏလောက် အနားပေးသင့်ပါတယ်။ ဒါက သင့်ဦးနှောက်ရဲ့ အာရုံကြောတွေကို ပြန်ပြီး လတ်ဆတ်စေပါတယ်။ ဦးနှောက်ကိုလည်း သင့်ရဲ့ သူငယ်ချင်းလို သဘောထားရပါမယ်။ အတွေးအသစ်တွေ ပိုထွက်ဖို့အတွက် သူ့ကိုအမြဲခိုင်းနေလို့ မရပါဘူး။

၂။ သင့်ရဲ့ အချိန်တွေကို သေသေချာချာ စီမံခန့်ခွဲပါ

Time Management - List of Top Tips for Managing Time Effectively

အချိန်ဆိုတာ လူတစ်ယောက်အတွက် တကယ်ကို အရေးကြီးတဲ့ အရာပါ။ သင်ဘာလုပ်နေတယ်ဆိုတာကို သိရဖို့ အချိန်ကို အမြဲတမ်း Trackလုပ်နေသင့်ပါတယ်။ တစ်နေ့တာ အတွက် အရေးကြီးတဲ့ အလုပ်တွေကို အရင် စာရင်းလုပ်ထားပါ။ ပြီးတော့ ဖုန်းကို ကိုယ်နဲ့မခွာဆောင်ထားပါ။ အလုပ်ပိတ်ရက်တွေဆိုရင် သင့်ရဲ့ အထက်လူကြီး၊ Team-mateတွေက ရုတ်တရက်ဆက်သွယ်နိုင်လို့ပါ။

အနားယူချိန်နဲ့ အလုပ်လုပ်ချိန်ကို သေချာသတ်မှတ်ထားပါ။ နောက်ပြီး Onlineပေါ်မှာပဲ အချိန်ကုန်နေတာမျိုးက သင့်အတွက် ရေရှည်မှာ မကောင်းပါဘူး။ သတိထားသင့်ပါတယ်။

၃။ စာအနည်းငယ်ကို နေ့စဉ်ဖတ်ပေးပါ

5 ways reading makes you a better leader

စာဖတ်ခြင်းက သင့်ကို Smartဖြစ်စေတယ်လို့ ထင်ပါသလား? ဟုတ်ပါတယ်။ စာဖတ်ခြင်းက သင့်ကို ဗဟုသုတ အပြင် အသိဉာဏ်တွေကိုလည်း ပေးပါတယ်။ ဒီနေရာမှာတော့ သင်ဖတ်တဲ့ စာအမျိုးအစားပေါ် မူတည်ပါတယ်။ သင်ရွေးချယ်ပြီးဖတ်တဲ့ စာက သင့်ကိုပြန်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ စာဖတ်ခြင်းက သင့်ကို လူမှုရေးနယ်ပယ်တွေ လုပ်ငန်းခွင်တွေမှာ ရင့်ကျက်ပြီး ထိရောက်တဲ့ အတွေးတွေကို ပေးစွမ်းပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို တတ်နိုင်သလောက် ဗဟုသုတရစေမယ့် စာမျိုးကို ရွေးချယ်ဖတ်ရှူသင့်ပါတယ်။

၄။ သင်သိတဲ့ အကြောင်းအရာ (သို့) သင်ဖူးတဲ့ အရာတွေကို Reviewလုပ်ပါ

Marketing Strategies

တစ်ချိန်တုန်းက သင်ဖူးတဲ့ အကြောင်းအရာတစ်ချို့ကို သင်ပြန်ပြီးReview လုပ်ပါ။ သင်မမှတ်မိရင်တော့ လုပ်လို့မရပါဘူး။ ဒါက အဓိကအချက်ပါ။ လူတိုင်းမေ့တတ်ပါတယ်။ မမှတ်မိတာကို ပြန်တွေးပြီး reviewလုပ်တာက သင့်ဦးနှောက်ရဲ့ အတွေးတွေကို ပိုကျယ်ပြန့်စေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို တွန်းအားပေးစေပါတယ်။ 

အာရုံစိုက်ပြီး Reviewလုပ်နေတဲ့အချိန်မှာ သင့်ဦးနှောက်တစ်ခုလုံးက စီးဆင်းလည်ပတ်နေမှာဖြစ်ပါတယ်။ ဒါက သင့်ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းကို တိုးတက်လာစေပါတယ်။

၅။ ဘာသာစကားတစ်ခုကို နေ့စဉ် နည်းနည်းချင်း လေ့လာပါ

How the language we know makes second language learning harder | QLAB

မြန်မာလူမျိုးတွေက ဘာသာစကားအနေနဲ့ အင်္ဂလိပ်စာကို အဓိကသင်ကြားကြပါတယ်။ ဒါကကောင်းတဲ့အချက်ပါ။ သူများထက်ပိုပြီး Smartဖြစ်နေချင်ရင်တော့ ဘာသာစကားတစ်ကို သေသေချာချာ လေ့လာဖို့လိုအပ်ပါတယ်။ တစ်နေ့ကို မိနစ် (၃၀)လောက်ဖြစ်ဖြစ် ဘာသာစကားလေ့လာဖို့ အချိန်ပေးသင့်ပါတယ်။ ဒုတိယဘာသာ စကားကို သင်တတ်မြှောက်ထားတာက လူမှုရေးနယ်ပယ်မှာ ဆက်ဆံရေးတွေ သာမက အလုပ်ခွင်မှာလည်း ပိုမိုအဆင်ပြေ ချောမွေ့စေပါတယ်။

၆။ ကျန်းမာရေးကို ဂရုစိုက်ပါ

Taking care of your health: Robins diabetes educator explains diabetes,  ways to manage condition > Robins Air Force Base > Article Display

ကျန်းမာရေးက အရေးကြီးတဲ့ ကဏ္ဍတစ်ခုက ပါဝင်နေပါတယ်။ နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးဖို့ လိုအပ်ပြီး အာဟာရရှိတဲ့ အစားအစာတွေကို မျှမျှတတ စားသုံးပေးသင့်ပါတယ်။ ဒါမှလည်း အတွေးတွေဖြန့်ကျက်ဖို့ ဦးနှောက်က လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ အိပ်ရေးဝဝ အိပ်ဖို့လည်း အရေးကြီးပါတယ်။

By MY Mandalay Guide

Bookmark