Things to do in Mandalay

Kyauk Taw Gyi Pwel

Read 650 times

ကျောက်တော်ကြီးဘုရားပွဲ

kyauktawgyi in

ကျောက်တော်ကြီးဘုရားပွဲ

 

ကျောက်တော်ကြီးဘုရားပွဲအား သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့မှ လပြည့်ကျော် ၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ယခု နှစ်သည် ၇၄ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခင်နှစ်များနှင့် မတူ ထူးခြားမှုများမှာ ဘုရားမျက်နှာတော်အား ရောင်ခြည်ဖွင့်ခြင်း၊ မှန်ကွက်များပြုပြင်မွမ်းမံခြင်း၊ ယခင်ပွဲတော်ရက်အား ၇၃ နှစ်တိုင်တိုင် ကျောက်တော်ကြီးဘုရား အရှေ့ဘက်တွင် ကျင်းပခဲ့ရာမှ၊ ယခုနှစ်တွင် မန္တလေးတောင်တက်လမ်းနှင့် ၁၂ လမ်းတလျှောက်သို့ နေရာပြောင်းလဲ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။ ကြည့်ချင်ပွဲ အားလည်း ယခင် ၂ ည သာ ဖျော်ဖြေခဲ့သော်လည်း ၊ ယခုနှစ်တွင် ၁၂ ည တိတိ ၊ မန္တလေး ဇာတ် ၆ ဇာတ်မှ တစ်ည နှစ်ရက် ကပြ ဖြေဖျော်သွားမည်။

 

လပြည့်ကျော် ၃ ရက်နေ့ မနက်ပိုင်းတွင် သံဃာ အပါး တစ်ထောင့်ငါးရာကျော်အား ဆွမ်း နှင့် သပိတ်များ ကပ်လှူပူဇော်သွားမည် ဖြစ်ပါသည်။ ပုသိမ်ကြီး ၊ စကျင် ၊ မတ္တရာ ၊ သန့်စင်ကုန်း ၊ ဗိုလ်တပ်ကုန်း ၊ ဇီးတော၊ သမွန်းတောမှ ဘုရားဖူး လာကြသူများသည် ပွဲတော်ရက်အတွင်း ကျောက်တော်ကြီးဘုရားအား လာရောက်ဖူးမြော်ခြင်းမပြုလျှင် စီးပွားရေး နှင့် ကျန်းမာရေး ထိခိုက်လေ့ရှိသည်ဟု ယုာံကည်ကြသည်။ ရှေးမြန်မာ ဘုရင်များမှ ပွဲတော်ရက်အတွင်း လာရောက်ဖူးမြော်ရန် အမိန့် ချမှတ်ထားသည်ဟုလည်း ဆိုရိုးရှိသည်။

 

ဆယ့်နှစ်ပွဲဈေးသည်များအားလည်း တောင်တက်လမ်းတစ်လျှောက်တွေ့နိုင်သည်။ ရိုးရာဝတ်စုံ အရောင်းဆိုင်များနှင့် ပန်းချီပြခန်းများလည်း တောင်ခြေတစ်လျှောက် ဝင်ရောက်ကြည့်ရှူ့နိုင်သည်။

 

Bookmark