ပူတူးလေးတွေဆိုတာ အနာဂတ်ရဲ့ ဖန်တီးရှင်တွေပါ။ အနာဂတ်ကို လှပစေဖို့အတွက်ဆိုရင် အနာဂတ်အတွက် အားထားရတဲ့ ပူတူးလေးတွေဖြစ်ဖို့ ပြုစုပျိုးထောင်ပေးတဲ့နေရာမှာ အင်မတန်အရေးကြီးပါတယ်။ ဒီပွဲမှာဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့ ပူတူးလေးတွေအားလုံးရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ပျော်ရွှင်စရာ အစီအစဉ်များစွာပါဝင်မှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင်ဆိုင်ခန်းပေါင်း (၅၀)ကျော် ပါဝင်ပြသသွားမှာဖြစ်ပြီး ပူတူးလေးတွေအတွက် "အကြီးဆုံးနှင့် အခမ်းနားဆုံး KIDS FAIR" အဖြစ် ကျင်းပပေးသွားမှာဖြစ်ပါတယ်။ ပျော်ရွှင်ရင်ခုန်စရာအစီအစဉ်တစ်ခုကိုလဲ မိတ်ဆက်ပေးချင်ပါသေးတယ်။ ဒါကတော့ Dugro3 presents KIDS WONDERLAND 2019 မှာ ထည့်သွင်းကျင်းပသွားမယ့် ပူတူးလေးတွေအတွက် “အသံတုလုပ် ပြိုင်ပွဲကြီး”ပဲဖြစ်ပါတယ်။
Read More>>>ားဆေးသားထိန်းသိမ်းခြင်းနဲ့ ဆောင်ရန်၊ ရှောင်ရန် များအကြောင်း အသိပညာပေးဆွေးနွေးပွဲ
ဒီပြိုင်ပွဲလေးမှာ စင်မြင့်ထက်တွင် ချစ်စရာတိရစ္ဆာန်လေးတွေရဲ့အသံအတိုင်း တုပယှဉ်ပြိုင်ရင်း ဆုလက်ဆောင်တွေ ဆွတ်ခူးနိုင်မယ့် အခွင့်အရေးပဲရရှိမှာ ဖြစ်ပါတယ်။ ပူတူးလေးတွေကိုယ်တိုင် မဲနှိုက်ရွေးချယ်ရင်း ကျရာတိရစ္ဆာန်လေးတစ်ကောင်ရဲ့ အသံအတိုင်း အသံထွက်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကိုယ်ကျရာ တိရစ္ဆာန်လေးရဲ့ အသံနဲ့အတူဆုံးထွက်နိုင်တဲ့ ပူတူးလေးတွေကတော့ အနိုင်ရရှိမှာဖြစ်ပြီး ဆုလက်ဆောင်တွေ အများကြီးဆွတ်ခူးနိုင်မှာပါနော်။ ဒါကြောင့် ပြိုင်ပွဲဝင်ချင်တဲ့သားသားမီးမီးလေးတွေကတော့
ပထမဆုံး PuTuu Page နဲ့ PuTuu Events Page တွေကို Like & Follow ပြုလုပ်ပေးထားရပါမယ်။
ဒုတိယအချက်အနေနဲ့ ကလေးအမည်၊ မိဘအမည်၊ အသက်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကို ပြည့်စုံစွာရေးသားပြီး PuTuu Events Page ရဲ့ Message Box ကို ပေးပို့ကာ စာရင်းသွင်းပေးရပါမယ်။ ပေးပို့တဲ့အခါမှာလည်း ** ပြိုင်ပွဲခေါင်းစဉ် - အသံတုလုပ်ပြိုင်ပွဲ** လို့ပါ တစ်ပါတည်း ရေးသားပေးရပါမယ်။
ပြိုင်ပွဲဝင်ကလေးငယ်များအနေနဲ့ (၅.၁၂.၂၀၁၉)ရက်နေ့ အထိ နောက်ဆုံးထားကာ စာရင်းပေးသွင်းရမှာဖြစ်ပြီး ဒီဇင်ဘာ (၇၊ ၈) ရက်တွေမှာ Kids Wonderland ရဲ့ စင်မြင့်ထက်မှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြရမှာပါ။
စည်းကမ်းချက်များနှင့် မကိုက်ညီသောသူများကို ထည့်သွင်းစဉ်းစားပေးမှာ မဟုတ်ပါဘူး။
အသေးစိတ်ကို ဖော်ပြပါလင့်ခ်မှာ https://bit.ly/37AY2OA ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
My Mandalay