About Mandalay

မြန်မာနိုင်ငံရဲ့ ရက်ကန်းမြို့အဖြစ် သတ်မှတ်ခံထားရတဲ့ အမရပူရကို သွားလည်မယ်ဆိုရင်

Read 535 times

အမရပူရမှာရှိတဲ့ အိမ်တော်တော်များများဟာ ကိုယ်ပိုင်ယက်ကန်းတွေရှိကြပါတယ်။ ဒါကြောင့် အမရပူရဟာ မြန်မာပြည်တွင် ရက်ကန်းမြို့အဖြစ် တင်စားလောက်တဲ့ မြို့လည်းဖြစ်ပေသည်။ တစ်မြို့လုံးနီ ပါး ရက်ကန်းအတတ်ကို တတ်ကြပြီး ဆောင်းဒါး ရက်ကန်းကျောင်းလည်း ဖွင့်လှစ်ထားပါတယ်။ ပိုးထည်လုပ်ငန်းနဲ့ ချည်ထည်လုပ်ငန်းများကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြပါတယ်။ တောင်သမန်အင်း၊ တက်သေးအင်းလုပ်ငန်းများဖြင့်လည်း စီးပွားရှာလေ့ရှိကြပါတယ်။ ဆေးရွက်ကြီးနဲ့ ဆေးပေါင်းတဲ့လုပ်ငန်းလည်း လုပ်ကိုင်ကြပါတယ်။

အမရပူရမြို့ က လွန်းရာကျော် ပိုးကြီးချိတ်တွေဟာ ကမ္ဘာသိ မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲနေပွဲထိုင်ဝတ်စုံတွေ ဖြစ်ပါတယ်။ ပိုးကြီးချိတ် အထည်များမှာ အဆင်နဲ့ အရည်အေသွးအပေါ်မူတည်ပြီး စျေးနှုန်းကျပ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ရှိပါတယ်။ ရန်ကုန်စျေးကွက်တွင် ရောင်းချေနေတဲ့ ပိုးထည်နှင့် ပိုးချိတ်ထည်များကို မန္တလေး၊ အမရပူရ၊ မုံရွာနှင့် ဒေသများမှ တိုက်ရိုက်မှာယူ ရောင်းချနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အမရပူရရဲ့ ယေန့ဝင်ငွေပဓာနဇာစ်မြစ်မှာ ယက်ကန်းလုပ်ငန်းပဲ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေကလည်း မြန်မာ့ရိုးရာ ချည်ထည်များကို ဝယ်ယူအားပေးလေ့ ရှိကြပါတယ်။ ဒါကြောင့် အမရပူရဟာ နိုင်ငံခြားခရီး သွားလုပ်ငန်းများက စြံပေနရာတစ်ခုအဖြစ် သတ်မှတ်ပြီး နိုငင်ံခြားသားများ၊ ကမ္ဘာလှည့်ခရီးသွားများ လိုက်လံပို့ဆောင် ပေးတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အမရပူရမှာ ထင်ရှားတဲ့နေရာတစ်ခုကတော့ သာသနာ့ပျိုးခင်း ပရိယတ္တိစာ သင်တိုက်ကြီးဖြစ်တဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက်ဖြစ်ပါတယ်။ ကျောင်းတိုက်ရဲ့ဖွဲ့စည်းပုံစနစ်ကျမှု၊ စည်းကမ်းလိုက်နာမှုနဲ့ ကျောင်းတိုက်ကို စတင် တည်ထောင်ခဲ့တဲ့ ဆရာတော် အရှဇင်နကာဘိဝံသရဲ့ ဂုဏ်သတင်းတို့ကြောင့် နေ့စဉ်နိုငင်ံခြားသားဦးရေပျှမ်းမျှ ၅ဝကျော် လာရောက်လေ့့လာလေ့ရှိပါတယ်။ ဒါ့အပြင် တောသင်မန်အင်းက ဦးပိန်တံတားဟလည်း နိုငင်ံခြားခရီး သွားတွေအကြား ထင်ရှားတဲ့နေရာထဲက တစ်ခုအပါဝင်ပဲ ဖြစ်ပါတယ်။ အမရပူရမြို့ဟောင်းနှင့် ရတနာပုံ တက္ကသိုလ်ကို ဆက်သွယ်တည်ဆောက်ထားတဲ့ ဦးပိန်တံတားဟာ မြန်မာနှင့်ကမ္ဘာကျော်ရှုခင်းကောင်းတစ်ခု ဖြစ်ပြီး အပန်းေြဖေလ့လာဖို့အကောင်းဆုံးနေရာအဖြစ် ကျော်ကြားပါတယ်။

ဦးပိန်တံတားဟာ ၁.၂ ကီလိုမိတာရှည်ပြီး ကမ္တာအရှည်ဆုံး ကျွန်းသစ်တံတား ဖြစ်ပါတယ်။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက် အမရပူရမြို့ဝန် ဘိုဆင်ပ်ရဲ့ မြို့စာရေး ဦးပိန်တည်ဆောက်ခဲ့တာကြောင့် ဦးပိန်တံတားဟု အမည်တွင်ခဲ့တာဖြစ်ပါတယ်။ တံတားဆောက်လုပ်တဲ့နှစ်ကို အင်းက အော်အာ ဆောက်လုပ်ခါ (၁၂၁၁)၊ ပြီးစီးတဲ့နှစ်ကို အင်းကေအာ်ညီး ဆောက်လုပ်ပြီး (၁၂၁၃)ဆိုပြီးတော့လည်း မှတ်သားထားကြပါတယ်။ တံတားပြီးစီးစက တိုင်ပေါင်း ၉၈၄-တိုင်၊ အခန်းပေါင်း ၄၈၂-ခန်းရှိခဲ့ပါတယ်။ တံတား အရှည်မှာ (၃၉၇၆)ပေ ရှည်ကြောင်းကို သမိုင်းတွင်ရေးသားဖော်ပြ ထားခဲ့ကြပါသည်။

ဒါကြောင့် မြန်မာပြည်သူပြည်သားများသာမက၊ နိုင်ငံခြားကမ္ဘာလှည့်ခရီးသည်များပါ နေ့စဉ်လာရောက် ကြည့်ရှုြ့ပီး စည်ကားလှသော အမရပူရခေါ်တောင်မြို့ရဲ့ အကျော်ကြားဆုံးကုန်ထွက်ဖြစ်တဲ့ ပွဲတက်ပွဲဝင် ချစ််စဖွယ် ပွဲသုံးချိပ်ထမီနဲ့ လေ့လာစရာများ၊ အပန်းဖြေစရာနေရာများ အကြာင်းကို ဖော်ပြပေးလိုက်ရပါတယ်။

Source; Amayapuya History
My Mandalay

Bookmark