Things to do in Mandalay

တောင်တက်ခြင်းမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

Read 834 times

သူငယ်ချင်းတွေနဲ့ တောင်တွေတက်၊ view လှတဲ့နေရာရောက်ရင် အမောပြေ ဓါတ်ပုံလှလှလေးတွေရိုက်နဲ့ ပျော်စရာကောင်းပါတယ်။ ဒီလိုခြေလျင်တောင်တက်ခြင်းကြောင့်ရတဲ့ အဓိက အကျိုးကျေးဇူးလေးတွေကိုလည်း ပြောပြပေးချင်ပါတယ်။

ခြေလျင်တောင်တက်ခြင်းဟာ စိတ်ချမ်းသာမှု ရရှိရုံသာမက စိတ်ကျရောဂါကိုပါ ကောင်းမွန်စေပါတယ်။ ဒါ့အပြင် လမ်းတွေလျှောက်ရင်း သဘာဝတောတောင်ရေမြေတွေကို ထိတွေ့ခြင်းကလည်း စိတ်ညစ်ညူးတာတွေ အလိုလို ပျောက်ပြီး အနည်းနဲ့ အများ relax ဖြစ်စေပါတယ်။

Read More>>> မန္တလေးတိုင်းမှာရှိတဲ့ ခရိုင်(၇)ခု နဲ့ မြို့နယ် (၂၈) ခု အပြင် မန္တလေး၏ သမိုင်းအကျဉ်း

ဒီလိုတောင်တက်ခြင်းကနေ သူငယ်ချင်း အသစ်တွေ ရစေပါတယ်။ မစွံတောင်တက်ဆိုတဲ့ စကားပုံအတိုင်း သွားရင်းလာရင်း လမ်းမှာတွေ့တဲ့ တခြားနယ်ကလူတွေ၊ ဒေသခံတွေနဲ့ မိတ်ဖွဲ့စကားပြောရင်းကလည်း သူငယ်ချင်း တိုးပွားစေပါတယ်။ ဒါ့အပြင် ကိုယ်မသိတဲ့လူတွေနဲ့ တစ်ခရီးထဲ အတူတူသွားခြင်းကလည်း မိတ်ဆွေသူငယ်ချင်းကောင်းတွေ ရရှိနိုင်ပါတယ်။

တီထွင် ဖန်တီးနိုင်စွမ်းတွေလည်း ပိုကောင်းလာပါတယ်။ တောတောင်သဘာဝတွေကြား အချိန်ပေး အနားယူခြင်းဖြင့် အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေပြီး ပြဿနာ ဖြေရှင်းနိုင်စွမ်းကလည်း အရင်ထက် ၅၀ ရာခိုင်နှုန်း ပိုကောင်း လာပါတယ်။

Read More>>> မန္တလေးမြို့ရဲ့ ထင်ရှားတဲ့နေရာ ( ၁၀ ) ခုက ဘယ်လို ဖြစ်တည်လာသလဲ

တောင်တက်ခြင်းကနေ အကြောအဆစ်တွေသန်မာလာမယ်၊ ကိုယ်ရည်လည်း စစ်လာပါတယ်။ ပုံမှန်လမ်းလျှောက်ပေးရင်တောင် ခန္ဓာကိုယ်အတွက် ကိုယ်အလေးချိန် အနည်းနဲ့အများ ထိန်းပေးတာဖြစ်ပြီး တောင်တွေတက်၊ ချောက်ကမ်းတွေဖြတ်နဲ့ လူ့ကိုယ်ခန္ဓာက exercise လုပ်ပြီးသားဖြစ်တဲ့အပြင် ခြေထောက်တွေ၊ လက်တွေရဲ့ ကြွက်သားတွေကလည်း လှုပ်ရှားနိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းတွေ ပိုကောင်းလာပါတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်မှုလဲ ရှိလာပါတယ်။

သွေးပေါင်ချိန်နဲ့ သွေးအတွင်းက အဆီဓာတ်တွေကိုလည်း ထိန်းပေးပါတယ်။ ပုံမှန် ခြေလျင်တောင်တက်ခြင်းဖြင့် သွေးအတွင်းမှာရှိတဲ့ အဆီဓါတ်တွေနဲ့ သွေးပေါင်ချိန်ကို လျှော့ပေးတဲ့အတွက် သွေးတိုးကြောင့်ဖြစ်တတ်တဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းရောဂါတို့ကိုလည်း လျှော့ကျစေပါတယ်။

Read More>>> မန္တလေးသို့ အလည်အပတ်သွားမယ်ဆိုရင် လက်လွှတ်မခံသင့်တဲ့ ထင်ရှားတဲ့နေရာ ( ၁၀ ) ခု

အပြင်လောက သဘာဝနဲ့လည်း ပိုပြီး နီးစပ်စေပါတယ်။ gym တွေထဲမှာ ပြေးတာ ၊ ဝိတ်မတာလိုမျိုးမဟုတ်ဘဲ သဘာဝတောတောင်တွေကြား၊ လူအရောက်အပေါက်နဲပြီး လူရှင်းတဲ့နေရာတွေဖြစ်လို့ ပိုပြီး relax ဖြစ်တယ်လို့ ခံစားရစေပါတယ်။

 

Nilar Myot Win

Bookmark