ကိုဗစ်ဖြစ်ပွားခဲ့သောကြောင့် ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ ပြန်ဖွင့်ရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည်ဟု သိရှိရသည်။ ကျောင်းများ ပြန်ဖွင့်ရာတွင် ပြည်သူတွေကိုပြန်လည် ကြေညာသွားမှာဖြစ်ပြီး ရက်အသေးစိတ်ကို တော့မသိရှိရသေးပါဘူး။
ပြန်ဖွင့်ရာမှာလည်း ကိုဗစ်ကာကွယ်ရေးလမ်းညွှန်ချက်(၈၀)နှင့် ကိုက်ညီသော (A) အဆင့်ရ ကျောင်းများကိုသာ ပြန်လည်ဖွင့်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ အစိုးရကျောင်း၊ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ စုစုပေါင်း (၅၀,၀၀၀) ကျော်ထိ ရှိပြီး ထိုအထဲကမှ (A) အဆင့်ရ အထက်တန်းကျောင်း (၆၀၀၀)ကျော်ကို (2020) ခုနှစ် ဇူလိုင်လ(၂၁)ရက်ကနေ သြဂုတ်လ(၂၈)ရက်အထိ ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့ပါတယ်။
ထို့နောက်မှာတော့ ပြည်တွင်းကူးစက်မှုများကြောင့် ရပ်နားခဲ့ရပါတယ်။ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း (၁၂၈,၇၇၂) ဦးရှိပြီး သေဆုံးသူ (၂,၇၉၉)အထိရှိလာပြီ ဖြစ်ပါတယ်။