လူတိုင်းအတွက် အလှအပရေးရာနဲ့ ကောက်ကြောင်းတွေ၊ Muscle တွေ၊ အဖုအထစ်တွေက အရေးပါသလို ကျန်းမာရေးလိုက်စားဖို့ကလည်း အဓိကကျပါတယ်။ ကျန်းမာရေးလိုက်စားတဲ့ သူတွေကလည်း အပြင်မှာ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်တဲ့အခါ Gym ရုံသွားလေ့ရှိပါတယ်။
တချို့ကျတော့လည်း ခန္ဓာကိုယ် အနေအထားလှပဖို့အတွက် Gym ဆော့ရင်း အပန်းဖြေလေ့ရှိပါတယ်။ ကျွန်တော်တို့ အများစုဟာ Gym သွားဆော့တဲ့အခါ လက်ဗလာနဲ့သွားလေ့ရှိကြပါတယ်။ ဒါဟာ မှားယွင်းနေတဲ့ အယူအဆတစ်ခုပါ။
တချို့ကိစ္စတွေက ကြိုတင်ပြင်ဆင်မှုတွေရှိရပါတယ်။ ဒါမှလည်း Workout လုပ်တဲ့အခါ ကိုယ့်ရဲ့ ချွေးနဲ့ အနံ့အသက်တွေကို ကာကွယ်နိုင်ပြီး သူတစ်ပါး စိတ်အနှောက်အယှက်ဖြစ်ခြင်းမှလည်း ကင်းဝေစေမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် Gym သွားဆော့တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
1.Sneakers
Gym ဆော့တဲ့အခါ Sneakers က အရေးပါတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ Sports Type Sneaker ပဲ အဆင်ပြေမှာ ဖြစ်ပြီး ဆော့ရတာ ပေါ့ပါးသွက်လပ်စေဖို့က အရေးကြီးပါတယ်။
2.Headphones
Gym ဆော့ခြင်း အနုပညာမှာ နားကြပ်က တကယ့်ကို အသက်ပါပဲ။ လေ့ကျင့်ခန်းလုပ်ရင်း ဖြစ်ဖြစ် တစ်ခုခုလုပ်ရင်း သီချင်းနားထောင်နေရတာက ဘာနဲ့မှမလဲနိုင်တဲ့ အရသာတစ်ခုဖြစ်ပါတယ်။ နောက်ပြီး အပန်းဖြေနည်း တစ်မျိုးလည်း ဖြစ်ပါတယ်။
3.Reusable Water Bottle
ခန္ဓာကိုယ်က အင်အားတွေကို အသုံးချပြီးရင် ရေဓာတ်ပြန်ဖြည့်ပေးဖို့ကလည်း လိုအပ်တဲ့ လည်ပတ်မှုတစ်ခုဖြစ်ပါတယ်။ ရိုးရိုးရေသောက်ခြင်းထက် ဓာတ်ဆားရေဖြစ်ဖြစ် ရေဓာတ်အားဖြည့်ရည်သောက်သုံးပေးတာက ကျန်းမာရေးအတွက် ပိုသင့်တော်သလို ခန္ဓာကိုယ်အတွက် ထိရောက်တဲ့ Energy ပြန်လည်ဖြည့်တင်းပေးခြင်းဖြစ်ပါတယ်။
4.Gym Clothes
Gym Clothes ဆိုတာက ပုံမှန်ဝတ်နေကြ အဝတ်အစားတွေထက် Gym ဆော့ရာမှာ ပိုပြီးအဆင်ပြေချောမွေ့စေပါတယ်။
5.Dry Shampoo
Gym ဆော့ပြီး ချွေးထွက်များတဲ့အခါ ခေါင်းချွေးတွေကြောင့် အနံ့အသက်မကောင်းဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဦးခေါင်းသန့်ရှင်းရေးအတွက် သင်ကြိုက်နှစ်သက်တဲ့ Dry Shampoo တစ်ဘူးကို ယူဆောင်လာသင့်ပါတယ်။
6.Shower Essentials
Gym ဆော့ပြီးတဲ့ အခါ သန့်ရှင်းရေးလုပ်ဖို့အတွက် ရေမိုးချိုးတဲ့အခါ ချွေးကြောင့်ဖြစ်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် ရေချိုးခန်းသုံးပစ္စည်းအချို့ကလည်း မဖြစ်မနေကို လိုအပ်ပါတယ်။
7.Cleansing Wipes
Gym ဆော့ပြီးနောက် ဆေးကြောသန့်စင်ခြင်းက မဖြစ်မနေကို ပြုလုပ်ပေးသင့်ပါတယ်။ မိန်းကလေးတွေဆို ပိုလိုအပ်တဲ့အတွက် Gym သွားဆော့တဲ့အခါ အိတ်ထဲမှာ မဖြစ်မနေကို ဆောင်သွားသင့်ပါတယ်။
8.Deodorant
ကိုယ့်ရဲ့ ချွေးနံ့က တစ်ပါးသူကို အနှောက်အယှက်ဖြစ်စေတာက သိပ်ကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ တစ်ကိုယ်ရေးသန့်ရှင်းရေးအတွက် အမွှေးနံ့သာ အချို့ကို သုံးစွဲဖို့ မဖြစ်မနေကို လိုအပ်ပါတယ်။
9.Compact Microfiber Towel
Gym ဆိုတာက လူအများအပြားဆော့တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် Gym မှာထားတဲ့ ပစ္စည်းတွေကို ယူသုံးတာက သင့်အတွက် အရမ်းမကောင်းတဲ့ အချက်တစ်ချက်ပါ။ ဒါ့ကြောင့် Gym ဆော့ပြီးတဲ့အခါမှာ လန်းဆန်းပေါ့ပါးသွားဖို့အတွက် အိမ်ကယူလာတဲ့ Towel ကို အသုံးပြုသင့်ပါတယ်။ ချွေးထွက်တာကို သုတ်ဖို့အတွက် ဖြစ်ပါတယ်။
10.Snack
Gym ဆော့ပြီးရင် သင်ရဲ့ ခန္ဓာကိုယ်ကို ပြန်ပြီးအားဖြည့်ကုသဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးခြင်းဖြစ်ပါတယ်။ သင်ရဲ့ သွေးတွင်းသကြားဓာတ်ကိုထိန်းသိမ်းရန်နဲ့ ကုသမှုမြန်ဆန်စေရန် ပရိုတိန်းဘား၊ walnuts သို့မဟုတ် သင် အကြိုက်ဆုံးသစ်သီးတွေကို တစ်ခါတည်း ယူဆောင်လာဖို့ လိုအပ်ပါတယ်။