မိခင်၊ မွေးကင်းစနှင့် ကလေးငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပေါ် အလေးအနက်ထားကာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည်ကိုလည်း မြင်တွေ့ရပြီး အရည်အသွေးပြည့်၀ခြင်းဖြင့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်ကို ထပ်ဆောင်း ရန်ပုံငွေအဖြစ် အိုင်ဒီအေချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ နှင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအစီအစဉ်မှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါစီမံချက်သည် ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး မြို့နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများအပါအ၀င် တစ်နိုင်ငံလုံးရှိ ပဏာမ ကျန်းမာရေးဌာန စုစုပေါင်း ၁၂၀၀၀ ကျော်အား ပံ့ပိုးနိုင်ခဲ့ကြောင်း၊ ရှေ့တန်းကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတိုးချဲ့နိုင်ရန် လစဉ်အသုံးစရိတ်များကိုလည်း ပေးအပ်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပဏာမ ကျန်းမာရေးဌာနများ၏ ကျန်းမာရေး၀န်ထမ်းများ၏ စွမ်းရည်အားမြှင့်တင်ပေးခြင်းဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၏ အရည်အသွေးကို အားကောင်းစေရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပေါ် ကြီးကြပ် ကွပ်ကဲမှုကို အချိန်မှန်နှင့် စနစ်ကျစွာ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းများ၊ ဘဏ္ဍာရေးအချက်အလက်စနစ် ခေတ်မီတိုးတက်ရေး ဆောင်ရွက်မှုများဖြင့် ဘဏ္ဍာငွေအသုံးပြုမှုဆိုင်ရာ ထိရောက်မှုနှင့် လိုအပ်ချက်အလိုက် တုံ့ပြန် ဆောင်ရွက်နိုင်မှု တိုးတက်လာစေရန်အတွက်လည်းကောင်း ရည်ရွယ် ဆောင်ရွက်လျက် ရှိသည်။
ထပ်ဆောင်းရန်ပုံငွေအဖြစ် လူမှုစီးပွားရေး အညွှန်းကိန်းများအရ လိုအပ်ချက်အများဆုံး ဖြစ်သည့် သတ်မှတ်မြို့နယ်များတွင် ပဏာမကျန်းမာရေးစောင့်ရှာက်မှုများအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများအတွက် အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။
သို့မှသာ မြန်မာနိုင်ငံတွင် နေထိုင်သည့် မည်သူမဆို ပါ၀င်အကျိုးခံစား နိုင်မည့် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အပြည့်အ၀ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကျန်းမာရေးစနစ်ကို အားကောင်းစေမည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်နိုင်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထောက်ပံ့မှုတွင် ကပ်ရောဂါဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန် ဆောင်ရွက်မှုများလည်း ပါ၀င်မည် ဖြစ်ကြောင်း သိရသည်။
MOI
==============================
ကျန်းမာရေးကဏ္ဍအတွက် ထပ်ဆောင်းရန်ပုံငွေ ကန်ဒေါ်လာ သန်း (၁၁၀) ပေးမည်
ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မြှင့်တင်ရေး စီမံကိန်းအတွက် ကမ္ဘ့ာဘဏ်က ထပ်ဆောင်းရန်ပုံငွေအဖြစ် အသုံးပြုရန် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၁၁၀ ကို ဒါရိုက်တာအဖွဲ့မှ အတည်ပြုပေးခဲ့ကြောင်း သိရှိရသည်။
MOI