23 February, 2021
(၂၁) ရာစုခေတ်မှာ လူတိုင်း အလုပ်များကြပါတယ်။ ထမင်းစားချိန်လေးပဲ အားလို့ ဆိုပြီး အားတဲ့ အချိန်လေးမှာ ပြေးလုပ်တဲ့ အရာတစ်ခုက အသက်အန္တရာယ်ကို ထိခိုက်စေတာမျိုး မဖြစ်ဖို့ လိုအပ်ပါတယ်။
တချို့အရာတွေက ပြုလုပ်နေစဉ်မှာ မသိသာပေမယ့် တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ကို ထိခိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ထမင်းစားပြီးပြီးချင်း မပြုလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ရေချိုးခြင်း
ရေချိုးတဲ့ အချိန်မှာ ခန္ဓာကိုယ်က အပူချိန်တွေ ပြောင်းလဲလေ့ ရှိပါတယ်။ အပူချိန်ပြောင်းလဲမှုတွေ ဖြစ်နေတဲ့အတွက် ခန္ဓာကိုယ်ဟာ အရေပြားကို သာမန်အချိန်ထက် အနည်းငယ်ပိုများတဲ့ သွေးပို့လွှတ်မှုကို ပြုလုပ်ရပါတယ်။
အဲဒါဟာ အစာချေစနစ်ကို အနှောင့်အယှက်ပေးပြီး ဇီဝဗေဒစနစ်ကို နှောင့်နှေးစေပါတယ်။ ဒါကြောင့် အနည်းဆုံး အစားစားချိန်နဲ့ မိနစ် ၃၀ ခြားပြီးမှ ရေချိုးသင့်ပါတယ်။
Nutrients in food can change how GENES 'behave' meaning you are what you eat | Daily Mail Online
(၂) အိပ်ခြင်း
ရှေးရိုးစွဲအယူအဆတွေအရ ထမင်းစားပြီးပြီးချင်း အိပ်တယ်ဆိုရင် ဝိတ်ကျအလွန်အကျွံတက်တယ်လို့ ယူဆပါတယ်။ ဒါတင်မကသေးပါဘူး။ အစား စားပြီးပြီးချင်း အိပ်တယ်ဆိုရင် နှလုံးခုန်မှု နှေးကွေးခြင်း၊ လေအောင့်ခြင်း နဲ့ အက်ဆစ်ဓာတ်မြင့်တက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် ထမင်းစားပြီးပြီးချင်း အိပ်ခြင်းဟာ ပုံမှန်အိပ်ချိန်ကို ထိခိုက်စေပြီး ဦးနှောက်အာရုံကြောကိုလည်း ထိခိုက်နိုင်ပါသေးတယ်။
Why should you never fall asleep right after dinner - lifealth
(၃) လေ့ကျင့်ခန်းလုပ်ခြင်း
အစား စားတာများလို့ ချက်ချင်းကြီး လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာမျိုးတွေ မလုပ်ပါနဲ့လို့ အကြံပေးချင်ပါတယ်။ ဒီလို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းဟာ အော့အန်ခြင်းစတဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပြီး အခန့်မသင့်ရင် သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။
အစားစားတာ များသွားရင် ပုံမှန်လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းလောက်ကိုသာ ပြုလုပ်ပြီး ဗိုက်ချောင်အောင် လုပ်သင့်ပါတယ်။ အကောင်းဆုံးကတော့ ဗိုက်ကို ပြည့်အင့်နေအောင် မစားဖို့ပါပဲ။
Sport
လူတစ်ယောက်ရဲ့ ကိုယ်တွင်း ကလီစာတွေက စက်ပစ္စည်းတွေနဲ့ တူပါတယ်။ စက်ပစ္စည်းတောင် အသုံးပြုပါများလာရင် ချို့ယွင်းနိုင်တာကြောင့် ခန္ဓာကိုယ်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။