လူတစ်ယောက်ရဲ့ အဆင့်အတန်းကို အဝတ်အစားနဲ့ တိုင်းတာလို့မရပေမယ့် နေရာဒေသလိုက်ပြီး အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။ အဝတ်အစားရွေးချယ်တဲ့ နေရာမှာလည်း ကိုယ်နဲ့ လိုက်ဖက်မှုရှိ/မရှိကိုလည်း သိထားဖို့လိုပါသေးတယ်။
ကြိုက်နှစ်သက်တဲ့ အဝတ်အစား တစ်ထည်ထဲကိုပဲ အမြဲဝတ်နေလို့မရသလို ဝတ်ချင်သလိုဝတ်ပြီး သွားလာနေထိုင်ဖို့ဆိုတာကလည်း တော်ရုံ Skillနဲ့ မရပါဘူး။ အခုလို ၂၁ရာစုမှာ ပိုအရေးကြီးလာတာက ဖက်ရှင်ဖြစ်ပါတယ်။
ဖက်ရှင်ဆိုတာက နောက်ပိုင်း လူ့ပတ်ဝန်းကျင်နေထိုင်မှု အဖွဲ့အစည်းမှာ ကဏ္ဍတစ်ခုအနေနဲ့ မရှိမဖြစ်လိုအပ်လာပါတယ်။ အဲ့တာကြောင့် ဖက်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိထားသင့်ပါတယ်။
အဝတ်အစား တစ်ထည်ကို ပုံစံတစ်မျိုးပဲ တွဲဖက်ဝတ်နေရင် သူများတွေ အမြင်မှာရိုးနေတတ်ပါတယ်။ ဒါကြောင့် အပြောင်းအလဲလေးတွေ ဖြစ်စေဖို့အတွက် ဒီဇိုင်းအချို့ကို ဖော်ပြပေးချင်ပါတယ်။ ပိုက်ဆံလည်း အကုန်အကျသက်သာစေမယ့် အပြင် ဒီဇိုင်းကြီးကလည်း ဂေါ်ထွက်နေမှာ အသေချာပါပဲ။
ဒါ့ကြောင့် အိမ်မှာရှိတဲ့ အဝတ်အစားတွေနဲ့ ဒီဇိုင်းအလန်းတွေကို ဝတ်ကြည့်လိုက်တော့နော်။
By MY Mandalay Guide
Photo Credit