Mandalay Trend

မန္တလေးတိုင်းဒေသကြီး အခု (၂၀) တွင် ယနေ့ယာယီဓာတ်အားပြတ်တောက်မည်

Read 783 times

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရေးနှင့် အများပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးရေးတို့အတွက် ခရိုင်များ၊ မြို့နယ်များ၊ ရပ်ကွက်များ၊ ကျေးရွာများတွင် Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ၊ ရေရှည်ဓာတ်အားတည်ငြိမ် ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား ကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် 

မန္တလေးခရိုင် အောင်မြေသာစံ

မန္တလေးခရိုင်  ချမ်းအေးသာစံ

မန္တလေးခရိုင်  မဟာအောင်မြေ

မန္တလေးခရိုင် ချမ်းမြသာစည်

မန္တလေးခရိုင် ပြည်ကြီးတံခွန်

မန္တလေးခရိုင် အမရပူရ

မန္တလေးခရိုင် ပုသိမ်ကြီး

ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်

ပြင်ဦးလွင်ခရိုင် မတ္တရာ

ပြင်ဦးလွင်ခရိုင် စဥ့်ကူး

ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း

ကျောက်ဆည်ခရိုင် ကျောက်ဆည်

ကျောက်ဆည်ခရိုင် တံတားဦး

မိတ္ထီလာခရိုင် သာစည်

မိတ္ထီလာခရိုင် ပင်းတလဲ

မြင်းခြံခရိုင် မြင်းခြံ

ညောင်ဦးခရိုင် ညောင်ဉီး

ညောင်ဦးခရိုင် ငါ့သရောက် 

ညောင်ဦးခရိုင် ကျောက်ပန်တောင်း

ရမည်းသင်းခရိုင် ပျော်ဘွယ်

တို့ရှိ ရပ်ကွက်အချို့တွင် (၂၆.၁.၂၀၂၁) ရက်၊ အင်္ဂါ​​​နေ့ နှင့် (၂၈.၁.၂၀၂၁) ရက်၊ ကြာသပတေးနေ့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် နားလည်ခွင့်လွတ်ပေးပါရန် မန္တလေးလျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ သတင်းထုတ်ပြန်ထားသည်။ ရပ်ကွက်အတိအကျကို အောက်တွင် ဖော်ပြထားပါသည်။

 

Bookmark