Live-Style

Dehydrated Skin မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

Read 331 times

Dehydrated skin က ယာယီဖြစ်တတ်တဲ့ skin condition တစ်ခုဖြစ်ပြီး ဘယ်အချိန်မဆို ဘယ် skin type မျိုးမှာမဆိုဖြစ်နိုင်ပါတယ်။ဆောင်းတွင်းရောက်ရင် ပိုဖြစ်တတ်တယ် ရေဓာတ်ဆုံးရှုံးမှုကြောင့် moisture barrier ပျက်စီးပြီး Dehydration ဖြစ်လာရပါတယ်။skin မှာ ရေဓာတ်မလုံလောက်တော့ တာဝန်အရ အဆီတွေကို အစားထိုးပြီး ပိုထုတ်ပေးလာပါတယ်။ 

over ဖြစ်လာတဲ့ အဆီတွေက ချွေးပေါက်ထဲပိတ်ပြီး အဆီဖုနဲ့ ဝက်ခြံလို skin ပြသနာတွေကိုဖြစ်စေပါတယ်။မျက်နှာက အဆီပြန်နေတဲ့ တစ်ချိန်ထဲမှာပဲ ခြောက်ပြီးတင်းနေတတ်တယ် အရေးအကြောင်းတွေလဲပိုထင်းလာစေတယ်။ချောမွေ့မှုမရှိပဲ ခပ်ကြမ်းကြမ်းဖြစ်နေတတ်ပါတယ်။

Dehydration ဖြစ်ရတဲ့ အကြောင်းအရင်း?

(1) မျက်နှာအလွန်အကျွံသစ်ခြင်း 

Harsh ဖြစ်တဲ့ cleanserတွေ အသုံးပြုခြင်း

(2)Exfoliating အလွန်အကျွံလုပ်မိခြင်း 

(3) Alcohol, Frangrance, Lemon, Toothpaste လိုမျိုး Sensitizing ဖြစ်စေတာတွေကို အသုံးပြုမိခြင်း 

(4) နေရောင်ခြည်ဒဏ်ခံရလွန်းခြင်း 

(5)ရာသီဥတုအေးခြင်း ပူခြင်း 

စတာတွေအပြင် တခြားအကြောင်းအရင်းတွေလဲ ရှိပါသေးတယ်။

 

Dehydration ဖြစ်လာတဲ့အခါ 

Damaged ဖြစ်သွားတဲ့ moisture barrier ကို ပြန်လည်ပြုပြင်ပေးမှသာ အဆင်ပြေမှာပါ။ဒီနေရာမှာ အဆီတွေတအားထွက်လို့ oil control product တွေထပ်သုံးမိတာက ပိုဆိုးစေမှာကိုသတိပြုပေးပါ။

ဘယ်လိုကာကွယ်ပြုပြင်ရမလဲ?

(1) cleanser နဲ့ တစ်နေ့ကိုတစ်ကြိမ်ပဲ မျက်နှာသစ်ပါ

Gentle ဖြစ်တဲ့ cleanser လေးတွေသုံးပေးပါ။အဲ့တာတွေနဲ့လဲ တစ်နေ့ကိုနှစ်ကြိမ်ထက်ပိုမသစ်ပါနဲ့ 

(2) မျက်နှာသစ်ပြီးတဲ့အခါ အစိုဓာတ်ထပ်ထိန်းထားနိုင်ဖို့ 

Thermal water facial mist တွေ ဖြန်းပေးလို့ရပါတယ်။

(3) Humectant Ingredients ပါသော 

skincare တွေကို ရွေးသုံးပေးပါ။Humectant ဆိုတာက ပတ်ဝန်းကျင်မှာရှိတဲ့ အစိုဓာတ်ကို skin ထဲထိ စွဲယူပေးနိုင်တဲ့ ingredientတွေ ဖြစ်ပါတယ်။Humectant ingredients တစ်ချို့ကတော့ 

Hyaluronic Acid 

AHA တွေဖြစ်တဲ့ Glycolic, Lactic acid

Glycerin

Sorbitol

Amino acid 

PCA, ...

(4) Occlusive type Moisture ဒါမှမဟုတ် Sleeping mask သုံးပေးပါ 

အစိုဓာတ်တွေ evaporation မဖြစ်အောင် seal လုပ်ပေးထားနိုင်တဲ့ moisture အမျိုးအစားပါ။

Dimethicone

Sheabutter

Mineral Oil

Petrolatum 

Lanolin ,

ရှောင်သင့်တဲ့အချက်တွေအနေနဲ့ကတော့ ရေနွေးနဲ့ရေချိုးတာရှောင်ပေးပါ 

Evaporation ဖြစ်စေတဲ့ Alcohol ပါသော product တွေအသုံးပြုခြင်းကို ရပ်ပေးပါ။

ကြမ်းတမ်းတဲ့ physical exfoliater တွေအသုံးပြုခြင်းကိုရှောင်ပါ 

Benzoyl Peroxide နဲ့ Retinoid လို ingredient တွေကလဲ deydration ဖြစ်တာကိုပိုဆိုးစေလို့ ရှောင်ပေးသင့်ပါတယ် ။

 

Bookmark